သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မက္ကဆီကို သမ္မတရွေးကောက်ပွဲ ကျင်းပ


ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေကိုတွေ့ရစဉ်

မက္ကဆီကိုသမ္မတ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ တနင်္ဂနွေနေ့က မဲပေးကြပြီး “အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို သူ့နေရာသူသိအောင် လုပ်မယ်” လို့ အခိုင်အမာပြောထားဖူးတဲ့ လက်ဝဲယိမ်းသမ္မတလောင်း အနိုင်ရမယ်လို့ ကျယ်ကျယ်ပြန့််ပြန့် ခန့်မှန်းထားပါတယ်။

လက်ရှိသမ္မတ Enrique Pena Nieto ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် သူ့နေရာကိုဆက်ခံမယ့်သမ္မတကို မဲပေး ရွေးချယ်ကြတာပါ။

တနင်္ဂနွေနေ့ မဲပေးပွဲမတိုင်ခင် ကောက်ယူထားတဲ့ လူထုသဘောထားစစ်တမ်းတွေအရ AMLO လို့သိကြတဲ့ လက်ဝဲဝါဒီ ဝါရင့် နိုင်ငံရေးသမား Andres Manuel Lopez Obrador က ၁၀% ကျော်အသာနဲ့ ဦးဆောင်နေပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုကြားမှာ အထူးသဖြင့်တော့ တရားမဝင် ရွှေ့ပြောင်းဝင်လာသူတွေအပေါ် “လုံးဝသည်းမခံဘူး” ဆိုတဲ့ ထရမ့်ပ်အစိုးရရဲ့ မူဝါဒကြောင့် ဆက်ဆံရေးတင်းမာနေတာပါ။ အဲဒီမူဝါဒကြောင့် မက္ကဆီကိုနိုင်ငံသားအများစုဖြစ်တဲ့ တရားမဝင် ဝင်လာသူ မိဘတွေနဲ့ သူတို့ရဲ့ကလေးငယ်တွေကို အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ သီးခြားစီခွဲထားတဲ့ အခြေအနေထိ ရောက်သွားပါတယ်။

အသက် ၆၄ နှစ်အရွယ် Lopez Obrador ဟာ ဒေသခံမူရင်းတိုင်းရင်သားတွေရဲ့ အခွင့်အရေးအတွက် ရပ်တည် လုပ်ဆောင်ပေး သူတဦးအဖြစ် လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်း များစွာကတည်းက နိုင်ငံရေးလောကထဲ ရောက်လာတာပါ။ အခုရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးတွေအတွင်း တိုင်းပြည်မှာ ကြီးမားတဲ့အပြောင်းအလဲတွေ လုပ်မယ်လို့ ပြောဆို မဲဆွယ်လာသူဖြစ်ပြီး အမျိုးသားရေးဝါဒီ တဦးအဖြစ် သတ်မှတ်ဖော်ပြကြပါတယ်။

အခုရွေးကောက်ပွဲမှာ သမ္မတသစ်ကိုသာမက လွှတ်တော်နှစ်ရပ်လုံးအတွက် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုးဦး ကိုပါ ရွေးချယ်ကြရမှာပါ။ မက္ကဆီကိုသမိုင်းမှာ အကြီးမားဆုံး ရွေးကောက်ပွဲဖြစ်သလို တနင်္ဂနွေနေ့ မဲပေးပွဲတွေမတိုင်ခင် နိုင်ငံရေး သမား ၁၀၀ ကျော် လုပ်ကြံ သတ်ဖြတ်ခံထားရတာကြောင့် အကြမ်းဖက်မှုအများဆုံး ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

မက္ကဆီကို သမ္မတရွေးကောက်ပွဲ ကျင်းပ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG