သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုက ထူးခြားတဲ့ငလျင်


တနင်္ဂနွေနေ့က ဂျာမနီနဲ့ပွဲမှာ မက္ကဆီကိုအသင်း အနိုင်ရလိုက်ပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကို စီးတီးမြို့တော်မှာ ဘောလုံးပွဲကြည့်နေတဲ့ ပရိသတ်တွေ ထခုန်တာကြောင့် ငလျင်ငယ်တခု လှုပ်သွားသလိုမျိုးထိ ငလျင်တိုင်းစက်တွေမှာ သွားပေါ်ပါ တယ်။

ဒီပွဲဟာ အခုချိန်ထိ ကန်ပြီးသမျှ ကမ္ဘာ့ဖလားဘောလုံးပွဲတွေထဲမှာ ခန့်မှန်းချက်တွေ အလွဲချော်ဆုံးပွဲလို ဖြစ်သွားပါတယ်။ အခု တကြိမ် ဂျာမနီကို မက္ကဆီကိုအသင်း အနိုင်ရတာဟာ နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ဒုတိယအကြိမ် အနိုင်ရတာဖြစ်ပြီး ၁၉၈၅ ခုနှစ်က နောက်ဆုံး အနိုင်ရထားဖူးတာပါ။

Hirving Lozano သွင်းယူတဲ့ တလုံးတည်းသောဂိုးနဲ့ မက္ကဆီကိုအသင်း အနိုင်ရလိုက်တာကြောင့်လည်း မက္ကဆီကိုနိုင်ငံသား တွေအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် ပြန်ရှိလာပါတယ်။ မက္ကဆီကိုအသင်းဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲ အကြိမ်တိုင်းမှာ ခြေစစ်ပွဲအောင်ပြီး ဝင်ပြိုင်ခွင့်ရဖူးပေမဲ့ သူတို့ အမြင့်ဆုံးရောက်ဖူးတာ ကွာတားဖိုင်နယ်အဆင့်ထိပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကပြိုင်ပွဲမှာ ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ထွက်သွားရတာပါ။

ဂျာမနီအသင်း ဒီပွဲမှာ ရှုံးတာကြောင့် လက်ရှိ ချန်ပီယံ အသင်းတသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပထမဆုံးပွဲစဉ်မှာ သုံးကြိမ် ဆက်တိုက် အနိုင်မရတဲ့မှတ်တမ်း ဝင်သွားပါတယ်။ ၂၀၁၀ ပြည့်ပွဲတုန်းက အဲဒီအချိန် ချန်ပီယံ အီတလီအသင်းဟာ ပါရာဂွေး အသင်းနဲ့ ၁ ဂိုး စီ သရေကျပါတယ်။ ၂၀၁၄ မှာတော့ ချန်ပီယံ စပိန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ နယ်သာလန်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။

မက္ကဆီကိုက ထူးခြားတဲ့ငလျင်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG