သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ် ပစ်ချခံရမှုအတွက် လူ ၃ ဦးကို မျက်ကွယ်မှာ ထောင်တသက်ချ 


UKRAINE-CRISIS/MH17
UKRAINE-CRISIS/MH17

၂၀၁၄ ခုနှစ်က မလေးရှား လေကြောင်းလိုင်းက MH17 လေယာဉ်ကို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရပြီး၊ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ယောက်စလုံး သေဆုံးခဲ့မှုအတွက် လူ ၃ ဦးကို နယ်သာလန်နိုင်ငံ တရားရုံးကနေ ကြာသပတေးနေ့က ထောင်ဒဏ် တသက်  မျက်ကွယ်မှာ စီရင်ချက်ချလိုက်ပါတယ်။

မလေးရှားလေယာဉ် ပစ်ချခံရမှုအတွက် လူ ၃ ဦးကို မျက်ကွယ်မှာ ထောင်တသက်ချ

{{Zawgyi/Unicode}}
၂၀၁၄ ခုနှစ်က မလေးရှား လေကြောင်းလိုင်းက MH17 လေယာဉ်ကို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရပြီး၊ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ယောက်စလုံး သေဆုံးခဲ့မှုအတွက် လူ ၃ ဦးကို နယ်သာလန်နိုင်ငံ တရားရုံးကနေ ကြာသပတေးနေ့က ထောင်ဒဏ် တသက် မျက်ကွယ်မှာ စီရင်ချက်ချလိုက်ပါတယ်။ နောက်ထပ် ရုရှား တယောက်ကိုတော့ သက်သေ မခိုင်လုံတဲ့အတွက် တရားသေ လွှတ်ပေးလိုက်ပါတယ်။

အဲဒီ လေယာဉ်ကို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခဲ့တာဟာ ရုရှားလုပ် BUK မစ်ဇိုင်းဒုံးကျည်ဖြစ်ကြောင်းလည်း နယ်သာလန်နိုင်ငံ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

နယ်သာလန်နိုင်ငံ Amsterdam မြို့တော် ကနေ ပျံသန်းလားတဲ့ မလေးရှား ခရီးသည်တင် MH17 လေယာဉ် အဲဒီလို ပစ်ချခံခဲ့ရပြီးနောက် ၈ နှစ်ကျော် အကြာမှ တရားရုံး ဆုံးဖြတ်ချက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Pervomaisk မြို့အနီး စိုက်ပျိုးခင်းတွေအနား ကနေ BUK အမျိုးအစား မစ်ဇိုင်းဒုံးကျည် နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် MH17 ခရီးသည် လေယာဉ် ပျက်ကျပြီး ခရီးသည် ၂၈၃ ဦး နဲ့ အမှုထမ်း ၁၅ ဦးစလုံး သေဆုံးခဲ့ကြောင်း တရားသူကြီး Hendrik Steenhuis က ပြောပါတယ်။ နယ်သာလန်နိုင်ငံသား Dutch အများစု အပါအဝင် သေဆုံးခဲ့တဲ့ ခရီးသည်တွေဟာ နိုင်ငံပေါင်း ၁၇ နိုင်ငံက ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေးတွေ ၈ဝ လောက်လည်း ပါဝင်ကြပါတယ်။

ရုရှားအစိုးရကတော့ လေယာဉ်ပစ်ချခံရမှုနဲ့ ပတ်သက်မှုမရှိကြောင်း အစဉ်တစိုက် ငြင်းဆန်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က လေထဲမှာ အဲဒီလေယာဉ်ပစ်ချခံခဲ့ရတဲ့အချိန်မှာ ယူကရိန်းအစိုးရ တပ်ဖွဲ့တွေနဲ့ နိုင်ငံအရှေ့ပိုင်း က ရုရှား နဲ့ ပူးပေါင်းလိုတဲ့ ခွဲထွက်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေကြတဲ့အချိန်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

..............................................


{{Zawgyi/Unicode}}





XS
SM
MD
LG