သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားေလယာဥ္ကို ပစ္ခ်တဲ့မစ္ဇိုင္းစနစ္ ႐ုရွားသမၼတခြင့္ျပဳေပးခဲ့ေၾကာင္း စုံစမ္းေတြ႕ရွိ 


Russia MH17

[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းေဝဟင္မွာ မေလးရွားခရီးသည္တင္ MH 17 ကို ၂ဝ၁၄ ခုႏွစ္ကပစ္ခ်ခဲ့တဲ့႐ုရွားမစ္ဇိုင္းဒုံးစနစ္ကို အသုံးျပဳဖို႔အတြက္ ႐ုရွားသမၼတ Vladimir Putin က ခြင့္ျပဳခဲ့ေၾကာင္း ခိုင္မာတဲ့အေထာက္အထားေတြ ေတြ႕ရွိထားေၾကာင္း ႏိုင္ငံတကာေရွ႕ေနေတြက ေျပာလိုက္ပါတယ္။ ဒါေပမဲ့လည္း ႐ုရွားသမၼတနဲ႔ အစိုးရတာဝန္ရွိသူေတြအေပၚ ရာဇဝတ္ေၾကာင္းအရ အေရးယူရေလာက္ေအာင္ ခိုင္လုံတဲ့အေထာက္အထားမရွိေၾကာင္းနဲ႔ ေနာက္ထပ္ အေရးယူတာေတြဆက္မလုပ္ေတာ့ဘဲ စုံစမ္းစစ္ေဆးမႈေတြ အဆုံးသတ္ေတာ့မယ့္အေၾကာင္း တရားလိုေရွ႕ေနေတြက ေျပာပါတယ္။

ခရီးသည္ ၂၉၈ ဦး ေသဆုံးခဲ့ရတဲ့ မေလးရွားေလယာဥ္ကို ပစ္ခ်တဲ့အထဲမွာ ပါဝင္ပတ္သက္ျခင္းမရွိဘူးလို႔ ႐ုရွားအစိုးရကေတာ့ ျငင္းပယ္ခဲ့ပါတယ္။ မႏွစ္ ၂ဝ၂၂ ႏိုဝင္ဘာလက နယ္သာလန္ႏိုင္ငံ၊ The Hague ၿမိဳ႕ ႏိုင္ငံတကာတရား႐ုံးကေန အဲဒီ မေလးရွားအရပ္ဘက္ခရီးသည္တင္ေလယာဥ္ဟာ ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းက ျဖတ္ေက်ာ္ပ်ံသန္းခဲ့စဥ္ ပစ္ခ်ခဲ့တဲ့အမႈနဲ႔ပတ္သက္ၿပီး ႐ုရွားေထာက္လွမ္းေရးေဟာင္း ၂ ေယာက္နဲ႔ သူတို႔ကို BUK မစ္ဇိုင္းဒုံးစနစ္ေတြ အသုံးျပဳႏိုင္ေအာင္ အကူအညီေပးတဲ့ ႐ုရွားလိုလားသူ ယူကရိန္းခြဲထြက္ေရးေခါင္းေဆာင္တဦးတို႔ကို မ်က္ကြယ္မွာ ျပစ္ဒဏ္စီရင္ခ်က္ ခ်မွတ္ထားပါတယ္။

ယူကရိန္းပိုင္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ႐ုရွားက ၂ဝ၁၄ ခုႏွစ္မွာ သိမ္းယူခဲ့ၿပီးေနာက္ ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းမွာလည္း ႐ုရွားလိုလားတဲ့ခြဲထြက္ေရးသမားေတြဟာ ယူကရိန္းအစိုးရကို လက္နက္ကိုင္တိုက္ခိုက္ေနၾကပါတယ္။ ဒါေပမယ့္လည္း အဲဒီလို ခြဲထြက္ေရးသမားေတြကို သူတို႔အေနနဲ႔ ကူညီခဲ့ျခင္းမရွိဘူးလို႔ ႐ုရွားအစိုးရက ျငင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[Unicode]]

မလေးရှားလေယာဉ်ကို ပစ်ချတဲ့မစ်ဇိုင်းစနစ် ရုရှားသမ္မတခွင့်ပြုပေးခဲ့ကြောင်း စုံစမ်းတွေ့ရှိ

ယူကရိန်းနိုင်ငံအရှေ့ပိုင်းဝေဟင်မှာ မလေးရှားခရီးသည်တင် MH 17 ကို ၂ဝ၁၄ ခုနှစ်ကပစ်ချခဲ့တဲ့ရုရှားမစ်ဇိုင်းဒုံးစနစ်ကို အသုံးပြုဖို့အတွက် ရုရှားသမ္မတ Vladimir Putin က ခွင့်ပြုခဲ့ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ တွေ့ရှိထားကြောင်း နိုင်ငံတကာရှေ့နေတွေက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ရုရှားသမ္မတနဲ့ အစိုးရတာဝန်ရှိသူတွေအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူရလောက်အောင် ခိုင်လုံတဲ့အထောက်အထားမရှိကြောင်းနဲ့ နောက်ထပ် အရေးယူတာတွေဆက်မလုပ်တော့ဘဲ စုံစမ်းစစ်ဆေးမှုတွေ အဆုံးသတ်တော့မယ့်အကြောင်း တရားလိုရှေ့နေတွေက ပြောပါတယ်။

ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့ရတဲ့ မလေးရှားလေယာဉ်ကို ပစ်ချတဲ့အထဲမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ရုရှားအစိုးရကတော့ ငြင်းပယ်ခဲ့ပါတယ်။ မနှစ် ၂ဝ၂၂ နိုဝင်ဘာလက နယ်သာလန်နိုင်ငံ၊ The Hague မြို့ နိုင်ငံတကာတရားရုံးကနေ အဲဒီ မလေးရှားအရပ်ဘက်ခရီးသည်တင်လေယာဉ်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဖြတ်ကျော်ပျံသန်းခဲ့စဉ် ပစ်ချခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး ရုရှားထောက်လှမ်းရေးဟောင်း ၂ ယောက်နဲ့ သူတို့ကို BUK မစ်ဇိုင်းဒုံးစနစ်တွေ အသုံးပြုနိုင်အောင် အကူအညီပေးတဲ့ ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေးခေါင်းဆောင်တဦးတို့ကို မျက်ကွယ်မှာ ပြစ်ဒဏ်စီရင်ချက် ချမှတ်ထားပါတယ်။

ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ၂ဝ၁၄ ခုနှစ်မှာ သိမ်းယူခဲ့ပြီးနောက် ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာလည်း ရုရှားလိုလားတဲ့ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ခွဲထွက်ရေးသမားတွေကို သူတို့အနေနဲ့ ကူညီခဲ့ခြင်းမရှိဘူးလို့ ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။

XS
SM
MD
LG