သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔အခြင့္ေရး မဟာမင္းႀကီး Michelle Bachelet ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေရာက္


ကုလလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet (ဗဟို) ဘဂၤလားေဒ့ရွ္ႏုိင္ငံ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းတခုကို သြားေရာက္စဥ္။ (ၾသဂုတ္ ၁၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဘဂၤလားေဒ့ရွ္ ႏိုင္ငံကို ၄ ရက္ၾကာခရီးစဥ္အျဖစ္ တနဂၤေႏြေန႔ကေရာက္လာတဲ့ ကုလသမဂၢ လူ႔အခြင့္ေရးဆိုင္ရာမဟာမင္းႀကီး Michelle Bachelet ဟာ အဂၤါေန႔က Cox's Bazar ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြကို သြားေရာက္ခဲ့ပါတယ္။

ဒုကၡသည္ေတြနဲ႔ေတြ႕ဆုံခဲ့တဲ့ မဟာမင္းႀကီးကို ႐ိုဟင္ဂ်ာေတြ ႀကဳံေနရတဲ့ အခက္အခဲေတြကိုတင္ျပခဲ့ၿပီး ႐ိုဟင္ဂ်ာျပန္လည္လက္ခံေရး အစီအစဥ္အတြက္ ကုလသမဂၢနဲ႔အတူ အေမရိကန္၊ အီးယူအပါအဝင္ အားလုံးပါဝင္တဲ့ အစီစဥ္ျဖစ္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေျပာပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္စခန္းကို လာေရာက္တဲ့ မဟာမင္းႀကီးဟာ ႐ိုဟင္ဂ်ာလူငယ္ေတြ၊ ႐ိုဟင္ဂ်ာအမ်ိဳးသမီးေခါင္းေဆာင္ေတြအပါအဝင္ တာဝန္ရွိသူေတြကို ေတြ႕ဆုံေတြ႕ဆုံခဲ့တာျဖစ္ၿပီး ႐ိုဟင္ဂ်ာေတြကမဟာမင္းႀကီးကိုအိတ္ဖြင့္ေပးစာ ေပးခဲ့တယ္လို႔ ဘာလူးခါလီ ဒုကၡသည္စခန္းက ဦးေက်ာ္ျမင့္က VOA ကိုေျပာပါတယ္။

မၾကာေသးခင္က ႐ိုဟင္ဂ်ာေခါင္းေဆာင္ ၂ ဦး အသတ္ျဖတ္ခံခဲ့ရတဲ့ေနာက္ ႐ိုဟင္ ဂ်ာဒုကၡသည္စခန္းေတြမွာ လုံၿခဳံေရးေတြ တင္းၾကပ္ထားၿပီး ဒီသတ္ျဖတ္မႈေတြနဲ႔ ပတ္သက္လို႔ မဟာမင္းႀကီးက ေမးျမန္းခဲ့သလို ဒုကၡသည္စခန္းေတြ လုံၿခဳံေရးအတြက္လည္း ဒုကၡသည္ေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

Bachelet ရဲ႕ အခုခရီးစဥ္ဟာ ကုလသမဂၢရဲ႕ လူ႔အခြင့္ေရးဆိုင္ရာမဟာမင္းႀကီးတဦးအေနနဲ႔ ပထမဆုံးဘဂၤလားေဒ့ရွ္ကို သြားေရာက္တာလည္း ျဖစ္ပါတယ္။ ျမန္မာစစ္တပ္ရဲ႕ထိုးစစ္ေတြအတြင္း ၂၀၁၇ ခုႏွစ္မွာ မြတ္ဆလင္အမ်ားစု ႐ိုဟင္ဂ်ာေတြ အိမ္နီးခ်င္းဘဂၤလားေဒရွ႕္ဘက္ကို ထြက္ေျပးခဲ့ရၿပီး ဒီအေရးေၾကာင့္လည္း ျမန္မာႏိုင္ငံဟာ ICJ တရား႐ုံးမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ စြပ္စြဲခ်က္ အမႈနဲ႔လည္း ဆက္လက္ ရင္ဆိုင္ေနရတာပါ။

အခု ၅ ႏွစ္ ၾကာလာခ်ိန္ထိ ဒုကၡသည္ေတြကေတာ့ သူတို႔ ေဘးကင္းလုံၿခဳံမႈနဲ႔ အခြင့္အေရး အာမခံခ်က္မရဘဲ ေနရပ္ရင္းကို ျပန္ဖို႔ ျငင္းဆိုေနဆဲ ျဖစ္တာေၾကာင့္ လက္ခံထားရတဲ့ ဘဂၤလားေဒရွ္႕ဘက္က စိတ္ရွည္သည္းခံမႈ ေလ်ာ့လာေနခ်ိန္မွာ မဟာမင္းႀကီးလာေရာက္တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

လူ့အခွင့်ရေး မဟာမင်းကြီး Michelle Bachelet ရိုဟင်ဂျာဒုက္ခသည်စခန်းရောက်

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၄ ရက်ကြာခရီးစဉ်အဖြစ် တနင်္ဂနွေနေ့ကရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet ဟာ အင်္ဂါနေ့က Cox's Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့တဲ့ မဟာမင်းကြီးကို ရိုဟင်ဂျာတွေ ကြုံနေရတဲ့ အခက်အခဲတွေကိုတင်ပြခဲ့ပြီး ရိုဟင်ဂျာပြန်လည်လက်ခံရေး အစီအစဉ်အတွက် ကုလသမဂ္ဂနဲ့အတူ အမေရိကန်၊ အီးယူအပါအဝင် အားလုံးပါဝင်တဲ့ အစီစဉ်ဖြစ်ဖို့ တောင်းဆိုခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းကို လာရောက်တဲ့ မဟာမင်းကြီးဟာ ရိုဟင်ဂျာလူငယ်တွေ၊ ရိုဟင်ဂျာအမျိုးသမီးခေါင်းဆောင်တွေအပါအဝင် တာဝန်ရှိသူတွေကို တွေ့ဆုံတွေ့ဆုံခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေကမဟာမင်းကြီးကိုအိတ်ဖွင့်ပေးစာ ပေးခဲ့တယ်လို့ ဘာလူးခါလီ ဒုက္ခသည်စခန်းက ဦးကျော်မြင့်က VOA ကိုပြောပါတယ်။

မကြာသေးခင်က ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး အသတ်ဖြတ်ခံခဲ့ရတဲ့နောက် ရိုဟင် ဂျာဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးတွေ တင်းကြပ်ထားပြီး ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ မဟာမင်းကြီးက မေးမြန်းခဲ့သလို ဒုက္ခသည်စခန်းတွေ လုံခြုံရေးအတွက်လည်း ဒုက္ခသည်တွေက တောင်းဆိုခဲ့ကြပါတယ်။

Bachelet ရဲ့ အခုခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီးတဦးအနေနဲ့ ပထမဆုံးဘင်္ဂလားဒေ့ရှ်ကို သွားရောက်တာလည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ထိုးစစ်တွေအတွင်း ၂၀၁၇ ခုနှစ်မှာ မွတ်ဆလင်အများစု ရိုဟင်ဂျာတွေ အိမ်နီးချင်းဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ရပြီး ဒီအရေးကြောင့်လည်း မြန်မာနိုင်ငံဟာ ICJ တရားရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက် အမှုနဲ့လည်း ဆက်လက် ရင်ဆိုင်နေရတာပါ။

အခု ၅ နှစ် ကြာလာချိန်ထိ ဒုက္ခသည်တွေကတော့ သူတို့ ဘေးကင်းလုံခြုံမှုနဲ့ အခွင့်အရေး အာမခံချက်မရဘဲ နေရပ်ရင်းကို ပြန်ဖို့ ငြင်းဆိုနေဆဲ ဖြစ်တာကြောင့် လက်ခံထားရတဲ့ ဘင်္ဂလားဒေရှ့်ဘက်က စိတ်ရှည်သည်းခံမှု လျော့လာနေချိန်မှာ မဟာမင်းကြီးလာရောက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG