သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ ေ႐ြးေကာက္ပြဲ အေရးပါတဲ့ ျပည္နယ္ေတြမွာ သမၼတဘိုင္ဒန္ မဲဆြယ္စည္း႐ုံး


နယူးေယာက္ျပည္နယ္က Sarah Lawrence College သက္တမ္းဝတ္စည္း႐ုံးေရးပြဲမွာ ေတြ႕ရတဲ့ သမၼတ Joe Biden (November 6, 2022) Photo-AFP

မနက္ျဖန္က်င္းပမယ့္ အေမရိကန္သက္တမ္းဝက္ေ႐ြးေကာက္ပြဲအတြက္ သမၼတ Joe Biden ဟာ ျပည္နယ္ငါးခုမွာ ေလးရက္ၾကာစည္း႐ုံးေရးလုပ္ၿပီးတဲ့ေနာက္ တနဂၤေႏြေန႔ကေတာ့ သမၼတအိမ္ျဖဴေတာ္ရွိရာ ဝါရွင္တန္ဒီစီကို ျပန္ေရာက္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ နယူးေယာက္ျပည္နယ္က Sarah Lawrence College စည္း႐ုံးေရးပြဲကို တတ္ေရာက္ခဲ့ၿပီး၊ အဲဒီမွာေတာ့ ဒီမိုကရက္တစ္အုပ္ခ်ဳပ္ေရးမႈး Kathy Hochul (ကယ္သီဟိုကဲလ္) ဟာ ရီပတ္ပလင္ကန္ ကိုယ္စားလွယ္ေလာင္း Lee Zeldin နဲ႔ အက်ိတ္အနယ္ယွဥ္ၿပိဳင္ရဖို႔ရွိပါတယ္။ ျပည္နယ္ေရာ ဖယ္ဒရယ္ ေ႐ြးေကာက္ပြဲေတြအတြက္ပါ ရာဂဏန္းရွိတဲ့ ရီပတ္ဗလစ္ကန္ကိုယ္စားလွယ္ေတြဟာ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲရႈံးနိမ့္မႈကို ျငင္းဆန္လက္မခံတဲ့သူေတြျဖစ္ၿပီး၊ အဲဒီ ေ႐ြးေကာက္ပြဲအျငင္းပြားမႈေတြကို သူတို႔ရဲ႕ ရီပတ္ဗလစ္ကန္တရား႐ုံးမွာတင္ ရႈံးနိမ့္ၾကရသူေတြျဖစ္တယ္လို႔ သမၼတ Biden က ေျပာခဲ့ပါတယ္။ သမၼတေဟာင္း Donald Trump ကေတာ့ လာမယ့္ ေ႐ြးေကာက္ပြဲ ရီပတ္ဗလစ္ကန္ေတြ အားေကာင္းမယ္ ေမွ်ာ္လင့္ထားတဲ့ မိုင္ယာမီက တနဂၤေႏြေန႔ ရီပတ္ဗလစ္ကန္စည္း႐ုံးေရးပြဲကို တတ္ေရာက္ၿပီး၊ အဂၤါေန႔ က်င္းပမယ့္ သက္တမ္းဝက္ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္သူ ဖေလာ္ရီဒါျပည္နယ္ ရီပတ္ပလင္ကန္အထက္လႊတ္ေတာ္အမတ္ Marco Rubio အတြက္ ေထာက္ခံ စည္း႐ုံးစကားေျပာပါတယ္။ အခု တနလၤာေန႔မွာေတာ့ Ohio ျပည္နယ္သြားေရာက္ၿပီး ရီပတ္ဗလစ္ကန္အထက္လႊတ္ေတာ္အမတ္အတြက္လည္း ေထာက္ခံစည္း႐ုံးစကားေျပာဖို႔ရွိပါတယ္။ သမၼတေဟာင္း Donald Trump ဟာ လာမယ့္ သမၼတေ႐ြးေကာက္ပြဲမွာ ထပ္မံ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ဖြယ္ရွိတဲ့ အရိပ္အေယာင္ စကားေျပာဆိုၿပီး ၊ သက္တမ္းဝက္ေ႐ြးေကာက္ပြဲၿပီးတဲ့ေနာက္ မၾကာခင္ သူ႔ သေဘာထားကို တရားဝင္ေၾကညာမယ္လို႔ေတာ့ ေျပာထားပါတယ္။ အခု လာမယ့္ သက္တမ္းဝက္ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္မွာ ဘယ္ပါတီလႊမ္းမိုးထိန္းခ်ဳပ္ႏိုင္မလဲဆိုတာ အဆုံးအျဖတ္ေပးဖို႔ရွိၿပီး၊ အခုအခ်ိန္အထိဆိုရင္ မဲဆႏၵရွင္ ၄၁ သန္းေက်ာ္ ႀကိဳတင္မဲ ေပးထားၿပီးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

အမေရိကန် ရွေးကောက်ပွဲ အရေးပါတဲ့ ပြည်နယ်တွေမှာ သမ္မတဘိုင်ဒန် မဲဆွယ်စည်းရုံး

မနက်ဖြန်ကျင်းပမယ့် အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲအတွက် သမ္မတ Joe Biden ဟာ ပြည်နယ်ငါးခုမှာ လေးရက်ကြာစည်းရုံးရေးလုပ်ပြီးတဲ့နောက် တနင်္ဂနွေနေ့ကတော့ သမ္မတအိမ်ဖြူတော်ရှိရာ ဝါရှင်တန်ဒီစီကို ပြန်ရောက်ပါတယ်။ နောက်ဆုံးအနေနဲ့ နယူးယောက်ပြည်နယ်က Sarah Lawrence College စည်းရုံးရေးပွဲကို တတ်ရောက်ခဲ့ပြီး၊ အဲဒီမှာတော့ ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှုး Kathy Hochul (ကယ်သီဟိုကဲလ်) ဟာ ရီပတ်ပလင်ကန် ကိုယ်စားလှယ်လောင်း Lee Zeldin နဲ့ အကျိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိပါတယ်။ ပြည်နယ်ရော ဖယ်ဒရယ် ရွေးကောက်ပွဲတွေအတွက်ပါ ရာဂဏန်းရှိတဲ့ ရီပတ်ဗလစ်ကန်ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲရှုံးနိမ့်မှုကို ငြင်းဆန်လက်မခံတဲ့သူတွေဖြစ်ပြီး၊ အဲဒီ ရွေးကောက်ပွဲအငြင်းပွားမှုတွေကို သူတို့ရဲ့ ရီပတ်ဗလစ်ကန်တရားရုံးမှာတင် ရှုံးနိမ့်ကြရသူတွေဖြစ်တယ်လို့ သမ္မတ Biden က ပြောခဲ့ပါတယ်။ သမ္မတဟောင်း Donald Trump ကတော့ လာမယ့် ရွေးကောက်ပွဲ ရီပတ်ဗလစ်ကန်တွေ အားကောင်းမယ် မျှော်လင့်ထားတဲ့ မိုင်ယာမီက တနင်္ဂနွေနေ့ ရီပတ်ဗလစ်ကန်စည်းရုံးရေးပွဲကို တတ်ရောက်ပြီး၊ အင်္ဂါနေ့ ကျင်းပမယ့် သက်တမ်းဝက်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူ ဖလော်ရီဒါပြည်နယ် ရီပတ်ပလင်ကန်အထက်လွှတ်တော်အမတ် Marco Rubio အတွက် ထောက်ခံ စည်းရုံးစကားပြောပါတယ်။ အခု တနင်္လာနေ့မှာတော့ Ohio ပြည်နယ်သွားရောက်ပြီး ရီပတ်ဗလစ်ကန်အထက်လွှတ်တော်အမတ်အတွက်လည်း ထောက်ခံစည်းရုံးစကားပြောဖို့ရှိပါတယ်။ သမ္မတဟောင်း Donald Trump ဟာ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ်ရှိတဲ့ အရိပ်အယောင် စကားပြောဆိုပြီး ၊ သက်တမ်းဝက်ရွေးကောက်ပွဲပြီးတဲ့နောက် မကြာခင် သူ့ သဘောထားကို တရားဝင်ကြေညာမယ်လို့တော့ ပြောထားပါတယ်။ အခု လာမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ လွှတ်တော်မှာ ဘယ်ပါတီလွှမ်းမိုးထိန်းချုပ်နိုင်မလဲဆိုတာ အဆုံးအဖြတ်ပေးဖို့ရှိပြီး၊ အခုအချိန်အထိဆိုရင် မဲဆန္ဒရှင် ၄၁ သန်းကျော် ကြိုတင်မဲ ပေးထားပြီးဖြစ်ပါတယ်။

XS
SM
MD
LG