သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ကလေးငယ် တသောင်းကျော် ဥရောပမှာ ပျောက်ဆုံး


ဥရောပတိုက်ထဲ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည်များ။
ဥရောပတိုက်ထဲ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည်များ။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ရွှေ့ပြောင်း ဒုက္ခသည် တွေထဲက အဖော်မပါတဲ့ ကလေးငယ် ၁ သောင်းကျော် ပျောက်ဆုံးခဲ့ကြောင်း ဥရောပ ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒီပျောက်ဆုံးမှုတွေဟာ ရာဇဝတ်ဂိုဏ်းတွေ၊ လိင်ကုန်ကူးသူတွေရဲ့ ပတ်သက်မှုရှိနိုင်တယ်လို့ အီးယူရဲတပ်ဖွဲ့အကြီးအကဲ Brian Donald က - ဗြိတိန်နိုင်ငံထုတ် Observer သတင်းစာကို ပြောခဲ့တာပါ။

"သူတို့ ဘယ်ရောက်နေတယ်၊ ဘာတွေ လုပ်နေတယ်။ ဘယ်သူနဲ့ နေနေတယ်ဆိုတာ ကျနော်တို့ မသိပါဘူး" လို့လည်း သူက စနေနေ့တုန်းက ပြောကြားခဲ့တာပါ။

ဥရောပကို မနှစ်က ရွှေ့ပြောင်းဒုက္ခသည်တွေ အလုံးအရင်းနဲ့ဝင်တာမျိုးတွေ ဖြစ်မလာခင် ကတည်းကပဲ အဖော်မပါဘဲ ရောက်လာကြတဲ့ ခိုလှုံခွင့်တောင်းခံသူ ကလေးဦးရေ ထက်ဝက်လောက်ဟာ စာရင်းပေးသွင်းထားပြီးမှ ပျောက်ဆုံးသွားကြတယ်လို့ ဥရောပအဖွဲ့အစည်း အများအပြားက မှတ်တမ်းတင်ခဲ့ကြပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဆိုင်ရာ အဖွဲ့ IOM နဲ့ UNICEF တို့ရဲ့ ၂၀၁၄ ခုနှစ် မှတ်တမ်းတွေအရ ဥရောပမှာ ခိုလှုံခွင့်လျှောက်ထားသူ ၂ သောင်း၊ ၃ ထောင် ကျော်ဟာ အဖေါ်မပါတဲ့ အရွယ်မရောက်သေးသူတွေနဲ့ မိသားစုနဲ့ ကွဲကွာနေကြတဲ့ ကလေးတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG