သုံးရလွယ်ကူစေသည့် Link များ

ရွှေ့ပြောင်းလုပ်သားအရေး အစိုးရရဲ့ တာဝန်ခံမှု တာဝန်ယူမှု


ထိုင်းငါးဖမ်းလုပ်ငန်းခွင်က မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့

ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာ သန်းနဲ့ချီ ရှိနေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားတွေရဲ့အခွင့်အရေးတွေ အကာအကွယ် ပေးနိုင်ဖို့ အတွက် မြန်မာ အစိုးရသစ်က ခိုင်မာတဲ့ မူဝါဒ ချမှတ်လုပ်ဆောင်ဖို့၊ သက်ဆိုင်ရာ မြန်မာ သံရုံးတွေ အနေနဲ့လည်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေး ထဲထဲဝင်ဝင် ဆောင်ရွက်ဖို့ လိုအပ်ချက်တွေကို ဆွေးနွေးထားတဲ့ အင်္ဂါနေ့ ညချမ်းတိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားဆင်နိုင်ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ဦးကျော်သောင်း၊ မလေးရှားနိုင်ငံက သီတဂူ အထောက်အကူပြု အဖွဲ့က ဦးသီဟမောင်မောင်တို့ ဦးဆောင်ပြီး ဗွီအိုအေ သောတရှင်တွေ ပါဝင် ဆွေးနွေးထားပါတယ်။ မသိင်္ဂီထိုက် စီစဉ်ပြီး ထုတ်လုပ်သူကတော့ မဆုမွန် ဖြစ်ပါတယ်။

XS
SM
MD
LG