သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းလွတ် ရုရှား ရေနံသူဌေး နိုင်/ကျဉ်း လွတ်မြောက်ရေး ဆောင်ရွက်မည်


ဆယ်နှစ်ထောင်ဒဏ်ကနေ သမ္မတအမိန့်နဲ့ ပြန်လွတ်လာတဲ့ ရုရှားရေနံသူဌေးဟောင်း Mikhail Khodorkovsky (ဒီဇင်ဘ ၂၂၊ ၂၀၁၃)
ဆယ်နှစ်ထောင်ဒဏ်ကနေ သမ္မတအမိန့်နဲ့ ပြန်လွတ်လာတဲ့ ရုရှားရေနံသူဌေးဟောင်း Mikhail Khodorkovsky (ဒီဇင်ဘ ၂၂၊ ၂၀၁၃)
ရုရှားနိုင်ငံမှာ ထောင်ဒဏ်ဆယ်နှစ်ကျခံခဲ့ရပြီးတဲ့နောက် သမ္မတ ဗလာတီမီယာ ပူတင်ရဲ့အမိန့်နဲ့ပြန်လွတ်လာတဲ့ ရုရှားရေနံသူဌေးဟောင်း မီခေးလ် ခေါ့ဒိုဂေါ့စကီး (Mikhil Khodorkovsky) ဟာ တခြားနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့လည်း သူ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

ရုရှားမှာ နိုင်ငံရေးအကျဉ်းသားမရှိတော့ဘူးဆိုပြီးတော့ သူလွတ်မြောက်လာတာကို နမူနာအဖြစ်နဲ့မမြင်ကြဖို့ ဘာလင်မြို့တော်မှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း သူပြောသွားခဲ့တာပါ။

ရုရှားနိုင်ငံမှာ တချိန်က အချမ်းသာဆုံးဖြစ်ခဲ့တဲ့ မစ္စတာခေါ့ဒိုကော့စ်ကီးက သူနိုင်ငံရေးလုပ်မှာ မဟုတ်ပါဘူး၊ သူရဲ့ အရင်က ရေနံကုမ္ပဏီဖြစ်တဲ့ ယူကို့စ် (Yukos) ကိုလည်း ပြန်ပြီးပိုင်ဆိုင်ဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

စနေနေ့က သူ့ကို ထောင်ဒဏ်က လွှတ်ပေးလိုက်တာမှာ ဘာကန့်သတ်ချက်မှ မပါပါဘူးလို့လည်း ရုရှားက တနင်္ဂနွေနေ့ထုတ် New Times မဂ္ဂဇင်းနဲ့ မေးမြန်းခန်းမှာ မစ္စတာ ခေါ့ဒိုကော့စ်ကီးက ပြောထားပါတယ်။ အာဏာရဖို့ ကြိုးစားတာကို သူ စိတ်မဝင်စားဘူးလို့လည်း ပြောသွားခဲ့ပါတယ်။ သူဘာပြစ်မှုမှ ကျူးလွန်ပါတယ်လို့လည်း ဝန်မခံခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားမှာ တချိန်က အချမ်းသာဆုံးဖြစ်ခဲ့တဲ့ မစ္စတာ ခေါ့ဒိုကော့စကီးဟာ မမှန်မကန် လုပ်ဆောင်မှု၊ အခွန်ရှောင်မှုတွေနဲ့ ၂၀၀၃ ခုနှစ်မှာ အဖမ်းခံခဲ့ရပေမဲ့
သူဟာ အတိုက်အခံပါတီတွေကို ငွေကြေးထောက်ပံ့လို့ နိုင်ငံရေး လက်စားချေပြီးတော့ ဖမ်းဆီးတာဖြစ်တယ်လို့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။
XS
SM
MD
LG