သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ ႏ်ဴကလီးယား ေဆြးေႏြးပြဲ ေစ့စပ္ေရးမႉးတခ်ိဳ႕ အေကာင္းျမင္


 အီရန္ႏ်ဴကလီးယားအေရး ၾသစႀတီးယားႏုိင္ငံ၊ ဗီယင္နာၿမိဳ႕မွာ အီရန္-အေမရိကန္တို႔တဆင့္ခံေဆြးေႏြးပြဲ။ (ၾသဂုတ္ ၆၊ ၂၀၂၂)  

[[Zawgyi/Unicode]]

၂၀၁၅ အီရန္န်ဴကလီးယားအေရး သေဘာတူညီခ်က္ေတြ ျပန္ရဖို႔ ေဆြးေႏြးေနတဲ့ ထိပ္တန္း ညိႏႈိင္းေရးမႉးေတြက အီရန္ရဲ႕ ယူေရနီယံသန႔္စင္မႈကို ကန႔္သတ္တဲ့ သေဘာတူညီခ်က္ရဖို႔ ျဖစ္ႏိုင္ေျခ အေကာင္းျမင္ေမွ်ာ္လင့္တဲ့အေၾကာင္း တနဂၤေႏြေန႔က ေျပာပါတယ္။

အၿပီးသတ္မယ့္စည္းနဲ႔ ငါးမိနစ္ ငါးစကၠန႔္ အကြာအေဝးမွာ ရပ္ေနတယ္လို႔ သိပ္ကိုနီးကပ္ေနၿပီျဖစ္တဲ့အေၾကာင္း ႐ုရွား သံအမတ္ႀကီး Mikhail Ulyanov က ေဆြးေႏြးပြဲက်င္းပေနတဲ့ ၾသစႀတီးယားႏိုင္ငံ ဗီယာနာ ၿမိဳ႕ Palais Coburg ေဟာ္တယ္အျပင္ဘက္ကမွာ သတင္းေထာက္ေတြကို ေျပာဆိုသြားတာပါ။ ေျဖရွင္းဖို႔ အေၾကာင္းအရာ သုံးေလးခုေတာ့ က်န္ေသးတယ္လို႔ သူက ေျပာပါတယ္။

“ဒီအေၾကာင္းအရာေတြက အထိခိုက္မခံတဲ့ အေၾကာင္းအရာေတြျဖစ္တယ္၊ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုနဲ႔ အီရန္အတြက္” လို႔ သံအမတ္ႀကီး Ulyanov က ေျပာပါတယ္။ “အာမခံခ်က္ေတာ့ မေပးႏိုင္ဘူး။ ဒါေပမယ့္ ျမင္ရသေလာက္ေတာ့ က်ေနာ္တို႔ လမ္းေၾကာင္းမွန္ေပၚကို ဦးတည္သြားေနၿပီ။”လို႔ သူက ေျပာဆိုသြားတာပါ။

ဥေရာပသမဂၢ ထိပ္တန္း ေစ့စပ္ညႇိႏိႈင္းေရးမႉး Enrique Mora ကလည္း ေဆြးေႏြးပြဲဟာ အခုအထိေတာ့ ေရွ႕ကို တိုးတက္ေနတယ္လို႔ သူ႔အေနနဲ႔ အေကာင္းျမင္တဲ့အေၾကာင္း ေျပာဆိုသြားပါတယ္။

န်ဴကလီးယားအေရး ေစ့စပ္ညႇိႏႈိင္းမႈေတြ တလၾကာ ရပ္တန႔္ေနခဲ့ၿပီးတဲ့ေနာက္ အီရန္၊ အေမရိကန္နဲ႔ ဥေရာပသမဂၢက ေစ့စပ္ညႇိႏိႈင္းသူေတြ ၿပီးခဲ့တဲ့ သီတင္းပတ္ ၾကာသပေတးေန႔ကတည္းက တဆင့္ခံ ေဆြးေႏြးပြဲေတြ ျပန္စခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲ ရပ္တန႔္ခဲ့တကည္းက အီရန္ဘက္က အဆင့္ျမင့္ ဗဟိုလ္ခြာအားစက္ေတြသုံးၿပီး ယူေရနီယံသန႔္စင္ဖို႔ သိုေလွာင္တာေတြ တိုးလုပ္ေနခဲ့ပါတယ္။၂၀၁၅ ခုႏွစ္က အေမရိကန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ၿဗိတိန္၊ ႐ုရွား၊ တ႐ုတ္ ႏိုင္ငံေတြနဲ႔ အီရန္အၾကား သေဘာတူညီခ်က္အရ အီရန္ဘက္က ကုလသမဂၢ စစ္ေဆးသူေတြရဲ႕ ေစာင့္ၾကည့္မႈေအာက္မွာ ယူေရနီယံသန႔္စင္မႈေတြ ကန႔္သတ္ဖို႔ သေဘာတူထားၿပီး အျပန္ အလွန္အားျဖင့္ အေနာက္ႏိုင္ငံေတြဘက္က စီးပြားေရး ပိတ္ဆို႔မႈေတြကို ႐ုပ္သိမ္းဖို႔ သေဘာတူခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

အီရန် နျူကလီးယား ဆွေးနွေးပွဲ စေ့စပ်ရေးမှူးတချို့ အကောင်းမြင်

၂၀၁၅ အီရန်နျူကလီးယားအရေး သဘောတူညီချက်ေတြ ပြန်ရဖို့ ဆွေးနွေးနေတဲ့ ထိပ်တန်း ညိနှိုင်းရေးမှူးတွေက အီရန်ရဲ့ ယူရေနီယံသန့်စင်မှုကို ကန့်သတ်တဲ့ သဘောတူညီချက်ရဖို့ ဖြစ်နိုင်ခြေ အကောင်းမြင်မျှော်လင့်တဲ့အကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။

အပြီးသတ်မယ့်စည်းနဲ့ ငါးမိနစ် ငါးစက္ကန့် အကွာအဝေးမှာ ရပ်နေတယ်လို့ သိပ်ကိုနီးကပ်နေပြီဖြစ်တဲ့အကြောင်း ရုရှား သံအမတ်ကြီး Mikhail Ulyanov က ဆွေးနွေးပွဲကျင်းပနေတဲ့ သြစတြီးယားနိုင်ငံ ဗီယာနာ မြို့ Palais Coburg ဟော်တယ်အပြင်ဘက်ကမှာ သတင်းထောက်တွေကို ပြောဆိုသွားတာပါ။ ဖြေရှင်းဖို့ အကြောင်းအရာ သုံးလေးခုတော့ ကျန်သေးတယ်လို့ သူက ပြောပါတယ်။

“ဒီအကြောင်းအရာတွေက အထိခိုက်မခံတဲ့ အကြောင်းအရာတွေဖြစ်တယ်၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အတွက်” လို့ သံအမတ်ကြီး Ulyanov က ပြောပါတယ်။ “အာမခံချက်တော့ မပေးနိုင်ဘူး။ ဒါပေမယ့် မြင်ရသလောက်တော့ ကျနော်တို့ လမ်းကြောင်းမှန်ပေါ်ကို ဦးတည်သွားနေပြီ။”လို့ သူက ပြောဆိုသွားတာပါ။

ဥရောပသမဂ္ဂ ထိပ်တန်း စေ့စပ်ညှိနှိုင်းရေးမှူး Enrique Mora ကလည်း ဆွေးနွေးပွဲဟာ အခုအထိတော့ ရှေ့ကို တိုးတက်နေတယ်လို့ သူ့အနေနဲ့ အကောင်းမြင်တဲ့အကြောင်း ပြောဆိုသွားပါတယ်။

နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းမှုတွေ တလကြာ ရပ်တန့်နေခဲ့ပြီးတဲ့နောက် အီရန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက စေ့စပ်ညှိနှိုင်းသူတွေ ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ကတည်းက တဆင့်ခံ ဆွေးနွေးပွဲတွေ ပြန်စခဲ့ကြပါတယ်။

ဆွေးနွေးပွဲ ရပ်တန့်ခဲ့တကည်းက အီရန်ဘက်က အဆင့်မြင့် ဗဟိုလ်ခွာအားစက်တွေသုံးပြီး ယူရေနီယံသန့်စင်ဖို့ သိုလှောင်တာတွေ တိုးလုပ်နေခဲ့ပါတယ်။၂၀၁၅ ခုနှစ်က အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ တရုတ် နိုင်ငံတွေနဲ့ အီရန်အကြား သဘောတူညီချက်အရ အီရန်ဘက်က ကုလသမဂ္ဂ စစ်ဆေးသူတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ယူရေနီယံသန့်စင်မှုတွေ ကန့်သတ်ဖို့ သဘောတူထားပြီး အပြန် အလှန်အားဖြင့် အနောက်နိုင်ငံတွေဘက်က စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ သဘောတူခဲ့ကြပါတယ်။

XS
SM
MD
LG