သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္ၿဖိဳခြင္းမႈၾကား ရန္ကုန္ဆႏၵျပမႈေတြဆက္ျဖစ္ေနဆဲ


အမ်ဳိးသမီးလံုျခည္ေတြနဲ႔စည္းတားထားတဲ့ ရန္ကုန္ဆႏၵျပပြဲမ်ားျမင္ကြင္း။ (မတ္လ ၆၊၂၀၂၁)

Zawgyi/Unicode

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပသူေတြကို လံုၿခံဳေရးတပ္ဖြဲ႕ေတြက အင္အားသံုး ၿဖိဳခြင္းမႈေတြ႐ွိတဲ့ၾကားကပဲ ဆႏၵျပပြဲေတြ ဒီေန႔လည္း ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားလုပ္ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕ထဲက သာေကတ၊ စမ္းေခ်ာင္း၊ ၾကည့္ျမင္တုိင္၊ တာေမြ၊ သကၤန္းကၽြန္း စတဲ့ၿမိဳ႕နယ္ေတြမွာ လံုၿခံဳေရးေတြက မ်က္ရည္ယိုဗံုး၊ အသံဗံုးေတြအျပင္ ပစ္ခတ္လူစုခဲြေပမဲ့ ဆႏၵျပသူေတြကလည္း အေျခအေနေပးသလို ျပန္လည္ စုစည္း ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပလမ္းေတြေပၚမွာ လက္နက္ကိုင္လံုၿခံဳေရးေတြ လြယ္လြယ္ဝင္မလာႏိုင္ေအာင္ တားဆီးထားတဲ့ အတား အဆီးေတြကိုလည္း လံုၿခံဳေရးေတြက ဘူဒုိဇာေျမတူးစက္ေတြနဲ႔ ဖယ္႐ွား႐ွင္းလင္းခဲ့ပါတယ္။ ဒီေန႔ ရန္ကုန္ၿမိဳ႕ ဆႏၵျပပြဲေတြအေပၚ ၿဖိဳခြင္းမႈေတြအတြင္း ထိခိုက္ဒဏ္ရာရတဲ့သတင္းေတြ မၾကားရေသးေပမဲ့ ဖမ္းဆီးခံရသူေတြ ေတာ့ ႐ွိပါတယ္။

မေန႔ညတုန္းကလည္း လက္နက္ကိုင္ လံုၿခံဳေရးေတြက ေနရာတခ်ဳိ႕ကို ဝင္ေရာက္စီးနင္း ရွာေဖြဖမ္းဆီးမႈေတြ လုပ္ခဲ့ပါတယ္။ ပန္းပဲတန္းၿမိဳ႕နယ္မွာ မေန႔ညက ဖမ္းဆီးခံခဲ့ရတဲ့ NLD ပါတီရဲ႕ ၇ ရပ္ကြက္ဥကၠ႒ ဦးခင္ေမာင္လတ္ကေတာ့ ညတြင္းခ်င္းဆုံးပါးသြားခဲ့ပါတယ္။ အသက္ ၅၈ ႏွစ္အ႐ြယ္ ဦးခင္ေမာင္လတ္ရဲ႕ ႐ုပ္အေလာင္းကို ဒီေန႔ တနဂၤေႏြေန႔မနက္ မဂၤလာဒံုစစ္ေဆး႐ံုမွာ လာယူဖို႔ အေၾကာင္းၾကားခဲ့တဲ့အတြက္ သြားယူတဲ့အခါ ဦးေခါင္းပိုင္းအပါအဝင္ ေသြးေတြေပက်န္ေနတဲ့ ႐ုပ္အေလာင္းကို ျပန္ရခဲ့ပါတယ္။

ဦးခင္ေမာင္လတ္ဟာ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစည္သူေမာင္ရဲ႕ ၂၀၂၀ ေ႐ြးေကာက္ပဲြ ေအာင္ႏုိင္ေရး မန္ေနဂ်ာအျဖစ္ တာဝန္ယူခဲ့သူလည္းျဖစ္ပါတယ္။ သူ႔ကို ေရေဝးသုႆာန္မွာ အစၥလာမ္ဘာသာဝင္ေတြရဲ႕ ဓေလ့အတုိင္း ဒီေန႔မွာပဲ အသုဘအခမ္းအနားလုပ္ခဲ့တာမွာ ေတာ္ေတာ္မ်ားမ်ား လိုက္ပါပို႔ေဆာင္ ႏႈတ္ဆက္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ပစ်ခတ်ဖြိုခွင်းမှုကြား ရန်ကုန်ဆန္ဒပြမှုတွေဆက်ဖြစ်နေဆဲ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းမှုတွေရှိတဲ့ကြားကပဲ ဆန္ဒပြပွဲတွေ ဒီနေ့လည်း မြို့တော်တော်များများလုပ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ထဲက သာကေတ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ သင်္ကန်းကျွန်း စတဲ့မြို့နယ်တွေမှာ လုံခြုံရေးတွေက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေအပြင် ပစ်ခတ်လူစုခွဲပေမဲ့ ဆန္ဒပြသူတွေကလည်း အခြေအနေပေးသလို ပြန်လည် စုစည်း ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြလမ်းတွေပေါ်မှာ လက်နက်ကိုင်လုံခြုံရေးတွေ လွယ်လွယ်ဝင်မလာနိုင်အောင် တားဆီးထားတဲ့ အတား အဆီးတွေကိုလည်း လုံခြုံရေးတွေက ဘူဒိုဇာမြေတူးစက်တွေနဲ့ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ ဆန္ဒပြပွဲတွေအပေါ် ဖြိုခွင်းမှုတွေအတွင်း ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေ မကြားရသေးပေမဲ့ ဖမ်းဆီးခံရသူတွေ တော့ ရှိပါတယ်။

မနေ့ညတုန်းကလည်း လက်နက်ကိုင် လုံခြုံရေးတွေက နေရာတချို့ကို ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ပန်းပဲတန်းမြို့နယ်မှာ မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့ NLD ပါတီရဲ့ ၇ ရပ်ကွက်ဥက္ကဋ္ဌ ဦးခင်မောင်လတ်ကတော့ ညတွင်းချင်းဆုံးပါးသွားခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်လတ်ရဲ့ ရုပ်အလောင်းကို ဒီနေ့ တနင်္ဂနွေနေ့မနက် မင်္ဂလာဒုံစစ်ဆေးရုံမှာ လာယူဖို့ အကြောင်းကြားခဲ့တဲ့အတွက် သွားယူတဲ့အခါ ဦးခေါင်းပိုင်းအပါအဝင် သွေးတွေပေကျန်နေတဲ့ ရုပ်အလောင်းကို ပြန်ရခဲ့ပါတယ်။

ဦးခင်မောင်လတ်ဟာ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကို ရေဝေးသုဿာန်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓလေ့အတိုင်း ဒီနေ့မှာပဲ အသုဘအခမ်းအနားလုပ်ခဲ့တာမှာ တော်တော်များများ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

#MyanmarMilitaryCoup #MyanamrProtest #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG