သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်ရွာ ရုပ်အလောင်းများကိစ္စ မြန်မာစစ်တပ် စုံစမ်းစစ်ဆေးနေ


မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်၌ အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တူးဖော်နေစဉ်- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းဓာတ်ပုံ။
မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်၌ အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တူးဖော်နေစဉ်- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းဓာတ်ပုံ။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာ တွေ့တဲ့ ရုပ်အလောင်းတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြောင့် သေဆုံးခဲ့ခြင်းရှိမရှိ ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ နဲ့ စတင် စစ်ဆေးမှု လုပ်နေတယ်လို့တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်ကြားရေး တာဝန်ခံက ပြောဆိုလိုက်ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအပေါ် နိုင်ငံတကာဘက်ကတော့ ယုံကြည်နိုင်မှုရှိနိုင်ပါ့မလားဆိုတဲ့မေးခွန်းတွေနဲ့ပတ်သတ်လို့ တပ်မတော်ဘက်ကဘာ မှတ်ချက်မှ မပေးလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းဌာနကမေခပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ရက်နေ့က မောင်တောမြို့နယ် အင်းဒင် ကျေးရွာ သုဿန်မှာ ရုပ်အလောင်းတွေတွေ့ရှိထားခဲ့ပါတယ်။ ဦးခေါင်းခွဲ ၁၀လုံးနဲ့ အရိုး အပိုင်းအစတွေတွေ့ရှိခဲ့တာပါ။ ဒီလို တွေ့တဲ့ ရုပ်အလောင်းတွေနဲ့ပတ်သတ်လို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကြောင့် သေဆုံးခဲ့ခြင်း ရှိမရှိ ကို အဖွဲ့ဝင်ငါးဦးပါဝင်တဲ့ စုံ စမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ကာစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ကိုင်နေပြီ ဖြစ်တယ်လို့ တပ်မတော် သတင်းအမှန် ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ် ထွန်းထွန်းညီက ဗွီအိုအေကိုပြောပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ ပြောဆိုလာတာကတော့-

"လောလောဆယ် မသိရသေးပါဘူးခင်ဗျ အခုက စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။ စုံစမ်းစစ်ဆေးဖို့ရက်ကတော့ သူတို့ အသေးစိတ်တော့ လုပ်နေကြပါတယ်။ ကျနော်တို့တော့ စုံစမ်းစစ်ဆေးတဲ့အခြေအနေ အသေးစိတ် မသိရသေးပါဘူး။

စုံစမ်းစစ်ဆေးမှု လုပ်တယ်ဆိုတာကတော့ ကျနော်တို့က ဒီစုံစမ်းစစ်ဆေးမှုရဲ့ဖြစ်စဉ် မှာ အသေးစိတ် ဒေတာတွေ ထွက်အောင် လုပ်မှာပဲလေ။ ထွက်အောင် လုပ်ပြီးတော့မှ ဒီထွက်လာတဲ့အပေါ် မူတည်ပြီးတော့ စစ်ဆေးဆောင်ရွက်တဲ့ ရလဒ်အပေါ် မူတည်ပြီးတော့ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာပေါ့"

ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဦးစီးတဲ့ ဒီအဖွဲ့ဟာ အင်းဒင်ကျေးရွာ မှာ ဒီကနေ့ကနေစတင်ပြီး စစ်ဆေးမှု တွေလုပ်နေတာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဦးစီးတဲ့ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ပေးအပ်ထားတဲ့ တာဝန်ဝတ္တ ရားများအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိဆိုတာကို စုံစမ်း စစ်ဆေးမှုတွေ အဲဒီဒေသမှာ ၂၆ရက်ကြာစုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်နေ့က ဒီစုံစမ်းမှုရဲ့ ရလဒ် အနေနဲ့ ထုတ်ပြန် ခဲ့တာက တပ်မ တော်က နယ်မြေတည်ငြိမ်အေး ချမ်းမှုနဲ့ ထိန်းသိမ်းရေးလုပ်ငန်း များဆောင်ရွက်ရာ၌ ဥပဒေမဲ့ ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ စစ် ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီအပေါ် အနောက်နိုင်ငံအချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စစ်ဆေးမှုမမှန်ကန်ဘူးလို့ ဝေဖန် မှုတွေရှိခဲ့ပါတယ်။

ဒီတခေါက်ကတော့ ဒီအဖွဲ့ရဲ့ ဒုတိယမြောက် စုံစမ်းစစ်ဆေးမှုဖြစ်ပါတယ်။ ဒီလို ဝေဖန်မှုတွေ ရှိခဲ့တာမို့ ဒီတခေါက်စစ်ဆေးမှုနဲ့ပတ်သတ်ပြီး ဒီစစ်ဆေးမှုက တိကျမှု ဘက်လိုက်မှု ရှိမရှိ မေးခွန်းထုတ်နေကြတဲ့ အပေါ် ဗိုလ်ချုပ် ထွန်းထွန်းညီက ခုလို တုံပြန်လိုက်ပါတယ်။

" သီးခြားပြောစရာမရှိပါဘူးနော်။"

ဦးခေါင်းခွံနဲ့ အရိုးစုများ ဖော်ထုတ်ရရှိမှုနဲ့ပတ်သက်လို့ အင်းဒင်နယ်မြေရဲစခန်းမှာ လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ တပ်မတော်ဘက်ကပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ရုပ်အလောင်း များမတွေ့ခင်မှာ အင်းဒင်ကျေးရွာက မောင်တောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးမြင့်စိုး၊ ကျောင်းဆရာသုံးဦးနဲ့ ရွာသား တစ်ဦးတို့ကို ဖမ်းဆီးထားပြီး ဦးမြင့်စိုးနဲ့ ကျောင်းဆရာတစ်ဦးကို ဒီဇင်ဘာ ၁၇ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်လို့ အစိုးရဘက်က ပြောဆိုထားပါတယ်။။ ဒါပေမယ့် ဒီပြန်လွှတ်လိုက်တဲ့လူတွေကို ဗွီအိုအေက ဆက်သွယ်တာမှာတော့ ဆက်သွယ်လို့မရသေး ပါဘူး။

ဒီပြင် မကြာသေးခင်က ရိုက်တာသတင်းထောက် ၂ဦးဖမ်းဆီးခံရပြီးနောက် အင်းဒင်ကျေးရွာက ပညာရေးမှုး ၄ဦးနဲ့ အရပ်သားတဦး အဖမ်းခံရတာ၊ အင်းဒင်ကျေးရွာမှာ အလောင်းတွေတွေ့တာနဲ့ တပ်မတော်ဘက်က ဒါကို လုံခြုံရေး အဖွဲ့တွေနဲ့ပတ်သတ်မှု ရှိမရှိစုံစမ်းတာ တွေက ဆက်တိုက်ဆိုသလိုဖြစ်လာတာမို့ ဒါတွေဟာ ဆက်စပ်မှု ရှိနေတယ်လို့ သုံး သပ်မှုတွေရှိနေပြီး ဒီအပေါ် ဗိုလ်ချုပ်ထွန်းထွန်းညီ ကို VOA က မေးမြန်းတာ မှာတော့ ဘာမှတ်ချက်မှမပေးခဲ့ပါဘူး။

ဒီအတွက် ဒါတွေဟာ ဆက်စပ်မှု ရှိမရှိဆိုတာကိုတော့ ဗွီအိုအေဘက်ကလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။ အလောင်းတွေဖော်ထုတ်တာမှာ လိုက်ပါခဲ့တဲ့ မြို့နယ် ကျန်းမာရေးမှူးနဲ့ အထွေထွေ အုပ်ချုပ်ရေးဌာနဘက်ကို ဗွီအိုအေဘက်က ဆက် သွယ်မေးမြန်းမှုတွေလုပ်ပေမယ့် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG