သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ၂ ႏွစ္ျပည့္ အာရွႏိုင္ငံေတြမွာ ျမန္မာ့အေရးလႈပ္ရွားသူေတြ ဆႏၵျပ 


စစ္အာဏာသိမ္းမႈ ၂ ႏွစ္ျပည့္ ထိုင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕က ျမန္မာသံ႐ံုးေရွကမွာ ဆန္႔က်င္ကန္႔ကြက္ေနၾကတဲ့ ထိုင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားမ်ား။ (ေဖေဖၚဝါရီ ၁၊ ၂၀၂၃)

[[Zawgyi/Unicode]]

စစ္အာဏာသိမ္းမႈ ႏွစ္ႏွစ္ျပည့္ေန႔မွာ စစ္ေကာင္စီကိုဆန႔္က်င္ေၾကာင္းြ ျပည္တြင္းမွာ အသံတိတ္သပိတ္ဆင္ႏြဲၾကသလို အာရွႏိုင္ငံေတြျဖစ္တဲ့ မေလးရွား၊ ဖိလစ္ပိုင္၊ ဂ်ပန္၊ ထိုင္း စတဲ့ႏိုင္ငံေတြမွာလည္း စစ္ေကာင္စီကိုဆန႔္က်င္တဲ့လႈပ္ရွားမူေတြ၊ ဆႏၵျပတာေတြလုပ္ခဲ့ၾကပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပု႔ိထားပါတယ္။

စစ္အာဏာသိမ္းမႈ ႏွစ္ႏွစ္ျပည့္တဲ့ေန႔မွာ စစ္ေကာင္စီကိုဆန႔္က်င္ေၾကာင္း အသံတိတ္သပိတ္ဆင္ႏြဲၾကသလို အာရွႏိုင္ငံေတြျဖစ္တဲ့ မေလးရွား၊ ဖိလစ္ပိုင္၊ ဂ်ပန္၊ ထိုင္း စတဲ့ႏိုင္ငံေတြမွာလည္း စစ္ေကာင္စီကိုဆန႔္က်င္တဲ့လႈပ္ရွားမူေတြ ဆႏၵျပတာေတြလုပ္ခဲ့ၾကပါတယ္။ မေလးရွားႏိုင္ငံမွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ မေလးရွားဌာနခြဲကဦးစီးၿပီး ဓါတ္ပုံကမ္ပိန္းလုပ္ခဲ့ၿပီး အသံတိတ္ဆႏၵျပခဲ့တယ္လို႔ မေလးရွားဌာနခြဲဥကၠ႒ ေစာမူးမူးကအခုလိုေျပာပါတယ္။

“ဒီေန႔ ဓါတ္ပုံကမ္ပိန္းကေတာ့ “ဖက္ဆစ္နိဂုံး၂၀၂၃” ဆိုတာေတြ၊ “အာဏာရွင္တို႔ရဲ႕ အတုအေယာင္ေ႐ြးေကာက္ပြဲ အလိုမရွိ” အဲဒီလို ကမ္ပိန္းေတြ၊ “စစ္ေခြးနိဂုံး ၂၀၂၃”၊ “ဖက္ဆစ္စစ္တပ္ အျမန္က်ဆုံးေရး တို႔အေရး”၊ “အသံတိတ္ေပမဲ့ အလံမလဲဘူးေဟ့” ဆိုတဲ့ကမ္ပိန္းေတြလုပ္ခဲ့ပါတယ္။”

ျပည္တြင္းကျပည္သူေတြနဲ႔အတူ ျပည္ပေရာက္ေနသူေတြဟာ တသားတည္းရွိတယ္ဆိုတယ္ဆိုတာကိုျပသတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

“ ျပည္တြင္းမွာရွိတဲ့ ညီအကိုေမာင္ႏွမမ်ား၊ ျပည္ပမွာရွိတဲ့ညီအကိုေမာင္ႏွမမ်ား၊ တိုင္းရင္းသားညီအကိုေမာင္ႏွမမ်ား၊ ျပည္တြင္းမွာရွိတဲ့သူေတြေကာ၊ ျပည္ပမွာရွိတဲ့သူေတြေကာ ညီညီၫြတ္ၫြတ္နဲ႔အားလုံး စစ္အာဏာရွင္ကို ဝိုင္းၿပီးတိုက္ခိုက္ၾကမယ္။ ျပည္ပမွာရွိတဲ့သူေတြအားလုံးက ျပည္တြင္းမွာရွိတဲ့သူေတြနဲ႔ တသားတည္းရွိၾကတယ္။ စိတ္ဓါတ္မက်ပါနဲ႔။ အားလုံးညီၫြတ္မယ္ဆိုရင္ စစ္အာဏာရွင္အျမစ္ျပဳတ္တိုက္ႏိုင္လိမ့္မယ္။ အေရးေတာ္ပုံေအာင္ရမယ္။”

အာဆီယံအဖြဲ႔ဝင္ ႏိုင္ငံတခုျဖစ္တဲ့ဖိလစ္ပိုင္ႏိုင္ငံမွာလည္း ျမန္မာသံ႐ုံးေရွ႕မွာ ဖိလစ္ပိုင္တက္ႂကြလႈပ္ရွားသူေတြ၊ အလုပ္သမားသမဂၢေတြ၊ ဖိလစ္ပိုင္ေရာက္ တက္ႂကြလႈပ္ရွားသူေတြက အာဏာသိမ္းမႈကို လက္မခံေၾကာင္း ဒီမိုကေရစီေ႐ြးေကာက္ခံအစိုးရကို အာဏာျပန္ေပးဖို႔ စစ္ေကာင္စီကို ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။ ထိုင္းႏိုင္ငံမွာလည္း တက္ႂကြလႈပ္ရွားသူေတြ ေထာင္နဲ႔ခ်ီၿပီးကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။

ဂ်ပန္ႏိုင္ငံ၊ တိုက်ဳိၿမိဳ႕မွာေတာ့ ျမန္မာသံ႐ုံးေရွ႕မွာ ျမန္မာႏိုင္ငံသား ၇၀၀ နီးပါးေလာက္က အာဏာသိမ္းမႈကိုလက္မခံႏိုင္ေၾကာင္း ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။ ျပည္တြင္းမွာလည္း တႏိုင္ငံလုံးအနံွ႔ အသံတိတ္သပိတ္ေတြလုပ္ၾကသလို ျပည္ပမွာလည္း ကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္ရွင္။

============

[[Unicode]]

စစ်အာဏာသိမ်း ၂ နှစ်ပြည့် အာရှနိုင်ငံတွေမှာ မြန်မာ့အရေးလှုပ်ရှားသူတွေ ဆန္ဒပြ

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်နေ့မှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်းွ ပြည်တွင်းမှာ အသံတိတ်သပိတ်ဆင်နွဲကြသလို အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေမှာလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့လှုပ်ရှားမူတွေ၊ ဆန္ဒပြတာတွေလုပ်ခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပု့ိထားပါတယ်။

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်တဲ့နေ့မှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်း အသံတိတ်သပိတ်ဆင်နွဲကြသလို အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေမှာလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့လှုပ်ရှားမူတွေ ဆန္ဒပြတာတွေလုပ်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မလေးရှားဌာနခွဲကဦးစီးပြီး ဓါတ်ပုံကမ်ပိန်းလုပ်ခဲ့ပြီး အသံတိတ်ဆန္ဒပြခဲ့တယ်လို့ မလေးရှားဌာနခွဲဥက္ကဋ္ဌ စောမူးမူးကအခုလိုပြောပါတယ်။

“ဒီနေ့ ဓါတ်ပုံကမ်ပိန်းကတော့ “ဖက်ဆစ်နိဂုံး၂၀၂၃” ဆိုတာတွေ၊ “အာဏာရှင်တို့ရဲ့ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ” အဲဒီလို ကမ်ပိန်းတွေ၊ “စစ်ခွေးနိဂုံး ၂၀၂၃”၊ “ဖက်ဆစ်စစ်တပ် အမြန်ကျဆုံးရေး တို့အရေး”၊ “အသံတိတ်ပေမဲ့ အလံမလဲဘူးဟေ့” ဆိုတဲ့ကမ်ပိန်းတွေလုပ်ခဲ့ပါတယ်။”

ပြည်တွင်းကပြည်သူတွေနဲ့အတူ ပြည်ပရောက်နေသူတွေဟာ တသားတည်းရှိတယ်ဆိုတယ်ဆိုတာကိုပြသတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ပြည်တွင်းမှာရှိတဲ့ ညီအကိုမောင်နှမများ၊ ပြည်ပမှာရှိတဲ့ညီအကိုမောင်နှမများ၊ တိုင်းရင်းသားညီအကိုမောင်နှမများ၊ ပြည်တွင်းမှာရှိတဲ့သူတွေကော၊ ပြည်ပမှာရှိတဲ့သူတွေကော ညီညီညွတ်ညွတ်နဲ့အားလုံး စစ်အာဏာရှင်ကို ဝိုင်းပြီးတိုက်ခိုက်ကြမယ်။ ပြည်ပမှာရှိတဲ့သူတွေအားလုံးက ပြည်တွင်းမှာရှိတဲ့သူတွေနဲ့ တသားတည်းရှိကြတယ်။ စိတ်ဓါတ်မကျပါနဲ့။ အားလုံးညီညွတ်မယ်ဆိုရင် စစ်အာဏာရှင်အမြစ်ပြုတ်တိုက်နိုင်လိမ့်မယ်။ အရေးတော်ပုံအောင်ရမယ်။”

အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံမှာလည်း မြန်မာသံရုံးရှေ့မှာ ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ ဖိလစ်ပိုင်ရောက် တက်ကြွလှုပ်ရှားသူတွေက အာဏာသိမ်းမှုကို လက်မခံကြောင်း ဒီမိုကရေစီရွေးကောက်ခံအစိုးရကို အာဏာပြန်ပေးဖို့ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာလည်း တက်ကြွလှုပ်ရှားသူတွေ ထောင်နဲ့ချီပြီးကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာတော့ မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသား ၇၀၀ နီးပါးလောက်က အာဏာသိမ်းမှုကိုလက်မခံနိုင်ကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ပြည်တွင်းမှာလည်း တနိုင်ငံလုံးအနံှ့ အသံတိတ်သပိတ်တွေလုပ်ကြသလို ပြည်ပမှာလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG