သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းမိ မူးယစ္မ်ားကိစၥ တပ္မေတာ္ရွင္းလင္းပြဲအျပန္ တပ္မေတာ္ရဟတ္ယာဥ္ ပ်က္က်


တပ္မေတာ္ရဟတ္ယာဥ္ ပ်က္က်ၿပီးေနာက္ ေတြ႔ရသည့္ ျမင္ကြင္းတခု။ (မတ္ ၆၊ ၂၀၂၀)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕ဘက္မွာ တပ္မေတာ္က ဖမ္းဆီးရမိထားတဲ့ မူးယစ္ေဆးဝါးေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံျခားစစ္သံမွဴးေတြနဲ႔ သတင္းေထာက္ေတြကို အဲ့ဒီ့ေဒသမွာ တပ္မေတာ္က ေခၚယူရွင္းလင္းျပသခဲ့ပါတယ္။ ခရီးစဥ္အျပန္မွာေတာ့ စစ္သံမွဴးေတြ လိုက္ပါတဲ့ တပ္မေတာ္ရဟတ္ယာဥ္တစင္း စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ပ်က္က်ခဲ့ပါတယ္။ အဲ့ဒီ့ခရီးစဥ္မွာ ဗီြအိုေအဝိုင္းေတာ္သား ကိုမိုးေဇာ္လည္း လုိက္ပါသြားတာေၾကာင့္ ခရီးစဥ္ကေန ရန္ကုန္ကိုျပန္ေရာက္ေရာက္ခ်င္းမွာပဲ မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။ ခရီးစဥ္အေၾကာင္း ကိုမိုးေဇာ္က အခုလို စရွင္းျပပါတယ္။

ကိုမိုးေဇာ္။ ။ က်ေနာ္တို႔ ရန္ကုန္ကေနၿပီးေတာ့ လား႐ိႈး၊ လားရိႈးကေနၿပီးေတာ့ ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးၿမိဳ႕အနီးမွာ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးေတြကို တပ္မေတာ္က လိုက္လံျပသရွင္းလင္းတာပါ ခင္ဗ်။ က်ေနာ္တို႔ ပထမဆံုး လားရိႈးၿမိဳ႕ကို ေရာက္တဲ့အခ်ိန္မွာေတာ့ အေရွာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္မွာ သတင္းစာရွင္းလင္းပဲြ လုပ္ပါတယ္။ သတင္းစာရွင္းလင္းပဲြကို ဒုစစ္တပ္ေရးရာ လံုၿခံဳေရးအရာရွိခ်ဳပ္ ဗိုလ္ခ်ဳပ္တိုးရီနဲ႔ က်ေနာ္တို႔ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္က ဗိုလ္ခ်ဳပ္ေအာင္ေက်ာ္ေအး ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ဒီမူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရးဌာနမွဴးျဖစ္တဲ့ ရဲမွဴးၾကီးေဇာ္လင္းကေန ရွင္းလင္းပါတယ္ ခင္ဗ်။ အဲ့ဒီ ရွင္းလင္းတဲ့အခါမွာ ဒီအခုေပါ့ ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးဘက္မွာ ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔ကေန ဒီလ ၅ ရက္ေန႔အတြင္း ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးပမာဏဟာဆိုလို႔ရွိရင္ ဒီအစိုးရလက္ထက္မွာ အမ်ားဆံုး ဖမ္းဆီးရမိတာ ျဖစ္တယ္လို႔ ေျပာပါတယ္ခင္ဗ်။ ဖမ္းဆီးရမိတဲ့ စိတ္ၾကြေဆးျပားကေတာ့ ဒီ ၅ ရက္အတြင္း ဖမ္းဆီးရမိတာေတာ့ ၄၃၈ သိန္းေက်ာ္ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိတယ္။ ဘိန္းျဖဴကေတာ့ ၁.၂ သန္း ဂရမ္ ဖမ္းဆီးရမိတယ္လို႔ ေျပာပါတယ္။ ကာလတန္ဖိုးနဲ႔ဆိုရင္ေတာ့ က်ပ္ေငြ ၉၃ ဘီလီယံေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆး၀ါးေတြ ဖမ္းဆီးရမိတယ္လို႔ေျပာပါတယ္ ခင္ဗ်။

မဆုမြန္။ ။ ဒီလိုမ်ိဳး ဘီလီယံနဲ႔ခ်ီၿပီး တန္ဖိုးရွိတဲ့ မူးယစ္ေဆး၀ါးေတြ ဖမ္းဆီးမိတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တပ္မေတာ္ဘက္က သူတို႔ ေရွ႕ဆက္ ေဆာင္ရြက္သြားမယ့္ အေျခအေန အေနအထားေတြေပါ့ေနာ္.... အဲ့ဒါေတြ ဘာေတြမ်ား ရွင္းျပပါသလဲရွင့္။

ကိုမိုးေဇာ္။ ။ ဒီဖမ္းဆီးရမိမႈကေတာ့ DEA နဲ႔ ၾသစေၾတးလ်က AFP (Australian Federal Police) ဒီႏိုင္ငံတကာ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးအဖဲြ႔ေတြနဲ႔ ပူးေပါင္းၿပီးေတာ့မွ ေဆာင္ရြက္တယ္လို႔ ေျပာပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့။ အခု ဒီ ကိုမိုးေဇာ္တို႔ သြားတဲ့ ဒီခရီးစဥ္မွာေပါ့ေနာ္... သတင္းမီဒီယာသမားေတြအျပင္ ႏိုင္ငံတကာက စစ္သံမွဴးေတြလည္း ပါတယ္လို႔သိရပါတယ္။ ဆိုေတာ့ အျပန္ခရီးမွာလည္း တပ္မေတာ္ရဟတ္ယာဥ္ တစင္း မေတာ္တဆျဖစ္တယ္ဆိုၿပီးေတာ့ သိရပါတယ္။ အဲ့ဒီေတာ့ အဲ့အေျခအေနေလး နည္းနည္းေျပာျပေပးပါရွင့္။

တပ္မေတာ္ရဟတ္ယာဥ္ ပ်က္က်ၿပီးေနာက္ ေတြ႔ရသည့္ ျမင္ကြင္းတခု။ (မတ္ ၆၊ ၂၀၂၀)
တပ္မေတာ္ရဟတ္ယာဥ္ ပ်က္က်ၿပီးေနာက္ ေတြ႔ရသည့္ ျမင္ကြင္းတခု။ (မတ္ ၆၊ ၂၀၂၀)

ကိုမိုးေဇာ္။ ။ ဟုတ္ကဲ့ ခင္ဗ်။ က်ေနာ္တို႔ ဒီ သတင္းစာရွင္းလင္းပဲြ ၿပီးတဲ့ေနာက္မွာေတာ့ က်ေနာ္တို႔ ေကာင္းခါးကို တပ္မေတာ္ ရဟတ္ယာဥ္ ေလးစင္းနဲ႔ ပို႔ေဆာင္ေပးပါတယ္။ ေကာင္းခါးကေနၿပီးေတာ့ က်ေနာ္တို႔ လြယ္ခမ္းလို႔ ေျပာတဲ့ မူးယစ္ေဆး၀ါးေတြ ဖမ္းဆီးထားတဲ့ ေနရာကို လိုက္လံျပသပါတယ္ ခင္ဗ်။ လိုက္လံျပသေတာ့မွ အဲ့မွာ သူတို႔ ရွင္းလင္းေျပာျပတာေတြ လုပ္ပါတယ္။ လုပ္ၿပီးေတာ့ က်ေနာ္တို႔ ေကာင္းခါးကေနၿပီးေတာ့ လားရိႈးကို ျပန္ဖို႔အတြက္ ဒီရဟတ္ယာဥ္ေတြ ပ်ံတဲ့အခ်ိန္မွာ က်ေနာ္တို႔ ရဟတ္ယာဥ္ ေလးစင္းသြားတဲ့အထဲက ဒီစစ္သံမွဴးေတြ လိုက္ပါတဲ့ ရဟတ္ယာဥ္ အမွတ္ ၂ ကေတာ့ ရဟတ္ယာဥ္ စတင္ ပ်ံတက္ၿပီးေတာ့ မၾကာခင္မွာပဲ ဒီစက္ခ်ိဳ႕ယြင္းၿပီးေတာ့မွ ဒီပန္ကာ တခုက အလုပ္ေကာင္းေကာင္း မလုပ္တဲ့အတြက္ေၾကာင့္မို႔လို႔ ျပန္လည္ ဆင္းသက္ဖို႔ ႀကိဳးစားရင္းနဲ႔ မေတာ္တဆ ျဖစ္မႈျဖစ္ပါတယ္ ဗ်။ ဒီမေတာ္တဆမွာေတာ့ ယာဥ္မွဴး ႏွစ္ေယာက္က အနည္းငယ္ထိခိုက္ဒဏ္ရာ ရတာရွိတယ္။ စစ္သံမွဴးတေယာက္လည္း လက္မွာ ထိခိုက္ဒဏ္ရာရတယ္လို႔ ေျပာပါတယ္ ခင္ဗ်။

မဆုမြန္။ ။ အဲ့ဒီ မေတာ္တဆျဖစ္တဲ့ ရဟတ္ယာဥ္ေပၚမွာေပါ့ေနာ္... ဘယ္ႏိုင္ငံေတြက စစ္သံမွဴးေတြ ပါတယ္လို႔ေရာ အၾကမ္းဖ်င္း သိပါသလဲရွင့္။

ကိုမိုးေဇာ္။ ။ က်ေနာ္တို႔ ဒီေတြ႔ရွိရတဲ့ လိုက္ပါလာတဲ့ စစ္သံမွဴးေတြကေတာ့ အေမရိကန္ႏိုင္ငံက ပါပါတယ္။ ၾသစေၾတးလ်က ပါပါတယ္။ တရုတ္ ပါတယ္။ မေလးရွား ပါတယ္။ ေနာက္ ဗီယက္နမ္ကလည္း ပါပါတယ္ ခင္ဗ်။ ဒီေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီမဲေခါင္ေပါ့ေလ ေျခာက္ ႏိုင္ငံက စစ္သံမွဴးေတြ ပါ၀င္တယ္လို႔ သိရပါတယ္ ဗ်။

ရွင္းလင္းပြဲတက္ေရာက္သည့္ စစ္သံမွဴးမ်ား၊ သတင္းေထာက္မ်ားႏွင့္ တာဝန္ရွိသူမ်ား။ (မတ္ ၆၊ ၂၀၂၀) (ဓာတ္ပံု - ဗီြအိုေအ)
ရွင္းလင္းပြဲတက္ေရာက္သည့္ စစ္သံမွဴးမ်ား၊ သတင္းေထာက္မ်ားႏွင့္ တာဝန္ရွိသူမ်ား။ (မတ္ ၆၊ ၂၀၂၀) (ဓာတ္ပံု - ဗီြအိုေအ)

မဆုမြန္။ ။ ဟုတ္ကဲ့ရွင့္။ ကိုမိုးေဇာ္ ေနာက္ဆံုးအေနနဲ႔ပါ။ အခု ဒီ ျပန္လာၾကတဲ့အခါက်ေတာ့ ဒီမေတာ္တဆ ျဖစ္မႈေတြေရာ၊ ဒီ သတင္းစာရွင္းလင္းပဲြေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ဒီတပ္မေတာ္ဘက္က တစံုတရာ သတင္းသမားေတြနဲ႔ ေျပာဆိုေဆြးေႏြးတာေရာ ရွိပါသလားရွင့္။

ကိုမိုးေဇာ္။ ။ ဒီမေတာ္တဆျဖစ္တဲ့ကိစၥကိုလည္း လားရိႈးေလဆိပ္မွာ ေရာက္တဲ့အခ်ိန္မွာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဥကၠ႒ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးကလည္း ျဖစ္တဲ့အေျခအေနေတြကို ရွင္းလင္းပါတယ္ဗ်။ ထိခိုက္ဒဏ္ရာရတဲ့ဟာကလည္း ၾကီးၾကီးက်ယ္က်ယ္ေပါ့ေလ ထိခိုက္ဒဏ္ရာရတာ မဟုတ္ဘူး။ ဒီေလယာဥ္ မေတာ္တဆ ထိခိုက္မႈျဖစ္တဲ့ဟာကလည္း လူေၾကာင့္ မဟုတ္ပါဘူးေပါ့၊ ဒီ ရဟတ္ယာဥ္ပိုင္းက စက္ပိုင္းဆိုင္ရာအရ ျဖစ္တာပါလို႔ေျပာပါတယ္။ ဒီအေသးစိတ္ကေတာ့ စက္က ဘယ္လိုခ်ိဳ႕ယြင္းတယ္ဆိုတာကိုေတာ့ သူတို႔ဆက္လက္စံုစမ္းစစ္ေဆးေနတယ္လို႔ ေျပာပါတယ္ ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖမ်းမိ မူးယစ်များကိစ္စ တပ်မတော်ရှင်းလင်းပွဲအပြန် တပ်မတော်ရဟတ်ယာဉ်ပျက်ကျ

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ဘက်မှာ တပ်မတော်က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားစစ်သံမှူးတွေနဲ့ သတင်းထောက်တွေကို အဲ့ဒီ့ဒေသမှာ တပ်မတော်က ခေါ်ယူရှင်းလင်းပြသခဲ့ပါတယ်။ ခရီးစဉ်အပြန်မှာတော့ စစ်သံမှူးတွေ လိုက်ပါတဲ့ တပ်မတော်ရဟတ်ယာဉ်တစင်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ပါတယ်။ အဲ့ဒီ့ခရီးစဉ်မှာ ဗွီအိုအေဝိုင်းတော်သားကိုမိုးဇော်လည်း လိုက်ပါသွားတာကြောင့် ခရီးစဉ်ကနေ ရန်ကုန်ကိုပြန်ရောက်ရောက်ချင်းမှာပဲ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။ ခရီးစဉ်အကြောင်း ကိုမိုးဇော်က အခုလို စရှင်းပြပါတယ်။

ကိုမိုးဇော်။ ။ ကျနော်တို့ ရန်ကုန်ကနေပြီးတော့ လားရှိုး၊ လားရှိုးကနေပြီးတော့ ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့အနီးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို တပ်မတော်က လိုက်လံပြသရှင်းလင်းတာပါ ခင်ဗျ။ ကျနော်တို့ ပထမဆုံး လားရှိုးမြို့ကို ရောက်တဲ့အချိန်မှာတော့ အရှောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲကို ဒုစစ်တပ်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်တိုးရီနဲ့ ကျနော်တို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဗိုလ်ချုပ်အောင်ကျော်အေး နောက်ပြီးတော့ ကျနော်တို့ ဒီမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနမှူးဖြစ်တဲ့ ရဲမှူးကြီးဇော်လင်းကနေ ရှင်းလင်းပါတယ် ခင်ဗျ။ အဲ့ဒီ ရှင်းလင်းတဲ့အခါမှာ ဒီအခုပေါ့ ကွတ်ခိုင်မြို့နယ် ကောင်းခါးဘက်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ ဒီလ ၅ ရက်နေ့အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပမာဏဟာဆိုလို့ရှိရင် ဒီအစိုးရလက်ထက်မှာ အများဆုံး ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ပြောပါတယ်ခင်ဗျ။ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားကတော့ ဒီ ၅ ရက်အတွင်း ဖမ်းဆီးရမိတာတော့ ၄၃၈ သိန်းကျော် စိတ်ကြွဆေးပြား ဖမ်းဆီးရမိတယ်။ ဘိန်းဖြူကတော့ ၁.၂ သန်း ဂရမ် ဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။ ကာလတန်ဖိုးနဲ့ဆိုရင်တော့ ကျပ်ငွေ ၉၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ပြောပါတယ် ခင်ဗျ။

မဆုမွန်။ ။ ဒီလိုမျိုး ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်က သူတို့ ရှေ့ဆက် ဆောင်ရွက်သွားမယ့်အခြေအနေ အနေအထားတွေပေါ့နော်.... အဲ့ဒါတွေ ဘာတွေများ ရှင်းပြပါသလဲရှင့်။

ကိုမိုးဇော်။ ။ ဒီဖမ်းဆီးရမိမှုကတော့ DEA နဲ့ သြစတြေးလျက AFP (Australian Federal Police) ဒီနိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်တယ်လို့ ပြောပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့။ အခု ဒီ ကိုမိုးဇော်တို့ သွားတဲ့ ဒီခရီးစဉ်မှာပေါ့နော်... သတင်းမီဒီယာသမားတွေအပြင် နိုင်ငံတကာက စစ်သံမှူးတွေလည်း ပါတယ်လို့သိရပါတယ်။ ဆိုတော့ အပြန်ခရီးမှာလည်း တပ်မတော်ရဟတ်ယာဉ် တစင်း မတော်တဆဖြစ်တယ်ဆိုပြီးတော့ သိရပါတယ်။ အဲ့ဒီတော့ အဲ့အခြေအနေလေး နည်းနည်းပြောပြပေးပါရှင့်။

ကိုမိုးဇော်။ ။ ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ ဒီ သတင်းစာရှင်းလင်းပွဲ ပြီးတဲ့နောက်မှာတော့ ကျနော်တို့ ကောင်းခါးကို တပ်မတော် ရဟတ်ယာဉ် လေးစင်းနဲ့ ပို့ဆောင်ပေးပါတယ်။ ကောင်းခါးကနေပြီးတော့ ကျနော်တို့ လွယ်ခမ်းလို့ ပြောတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးထားတဲ့ နေရာကို လိုက်လံပြသပါတယ် ခင်ဗျ။ လိုက်လံပြသတော့မှ အဲ့မှာ သူတို့ ရှင်းလင်းပြောပြတာတွေ လုပ်ပါတယ်။ လုပ်ပြီးတော့ ကျနော်တို့ ကောင်းခါးကနေပြီးတော့ လားရှိုးကို ပြန်ဖို့အတွက် ဒီရဟတ်ယာဉ်တွေ ပျံတဲ့အချိန်မှာ ကျနော်တို့ ရဟတ်ယာဉ် လေးစင်းသွားတဲ့အထဲက ဒီစစ်သံမှူးတွေ လိုက်ပါတဲ့ ရဟတ်ယာဉ် အမှတ် ၂ ကတော့ ရဟတ်ယာဉ် စတင် ပျံတက်ပြီးတော့ မကြာခင်မှာပဲ ဒီစက်ချို့ယွင်းပြီးတော့မှ ဒီပန်ကာ တခုက အလုပ်ကောင်းကောင်း မလုပ်တဲ့အတွက်ကြောင့်မို့လို့ ပြန်လည် ဆင်းသက်ဖို့ ကြိုးစားရင်းနဲ့ မတော်တဆ ဖြစ်မှုဖြစ်ပါတယ် ဗျ။ ဒီမတော်တဆမှာတော့ ယာဉ်မှူး နှစ်ယောက်က အနည်းငယ်ထိခိုက်ဒဏ်ရာ ရတာရှိတယ်။ စစ်သံမှူးတယောက်လည်း လက်မှာ ထိခိုက်ဒဏ်ရာရတယ်လို့ ပြောပါတယ် ခင်ဗျ။

မဆုမွန်။ ။ အဲ့ဒီ မတော်တဆဖြစ်တဲ့ ရဟတ်ယာဉ်ပေါ်မှာပေါ့နော်... ဘယ်နိုင်ငံတွေက စစ်သံမှူးတွေ ပါတယ်လို့ရော အကြမ်းဖျင်း သိပါသလဲရှင့်။

ကိုမိုးဇော်။ ။ ကျနော်တို့ ဒီတွေ့ရှိရတဲ့ လိုက်ပါလာတဲ့ စစ်သံမှူးတွေကတော့ အမေရိကန်နိုင်ငံက ပါပါတယ်။ သြစတြေးလျက ပါပါတယ်။ တရုတ် ပါတယ်။ မလေးရှား ပါတယ်။ နောက် ဗီယက်နမ်ကလည်း ပါပါတယ် ခင်ဗျ။ ဒီတော်တော်များများကတော့ ဒီမဲခေါင်ပေါ့လေ ခြောက် နိုင်ငံက စစ်သံမှူးတွေ ပါဝင်တယ်လို့ သိရပါတယ် ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ ကိုမိုးဇော် နောက်ဆုံးအနေနဲ့ပါ။ အခု ဒီ ပြန်လာကြတဲ့အခါကျတော့ ဒီမတော်တဆ ဖြစ်မှုတွေရော၊ ဒီ သတင်းစာရှင်းလင်းပွဲတွေနဲ့ ပတ်သက်ပြီးတော့ရော ဒီတပ်မတော်ဘက်က တစုံတရာ သတင်းသမားတွေနဲ့ ပြောဆိုဆွေးနွေးတာရော ရှိပါသလားရှင့်။

ကိုမိုးဇော်။ ။ ဒီမတော်တဆဖြစ်တဲ့ကိစ္စကိုလည်း လားရှိုးလေဆိပ်မှာ ရောက်တဲ့အချိန်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးကလည်း ဖြစ်တဲ့အခြေအနေတွေကို ရှင်းလင်းပါတယ်ဗျ။ ထိခိုက်ဒဏ်ရာရတဲ့ဟာကလည်း ကြီးကြီးကျယ်ကျယ်ပေါ့လေ ထိခိုက်ဒဏ်ရာရတာ မဟုတ်ဘူး။ ဒီလေယာဉ် မတော်တဆ ထိခိုက်မှုဖြစ်တဲ့ဟာကလည်း လူကြောင့် မဟုတ်ပါဘူးပေါ့၊ ဒီ ရဟတ်ယာဉ်ပိုင်းက စက်ပိုင်းဆိုင်ရာအရ ဖြစ်တာပါလို့ပြောပါတယ်။ ဒီအသေးစိတ်ကတော့ စက်က ဘယ်လိုချို့ယွင်းတယ်ဆိုတာကိုတော့ သူတို့ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ် ခင်ဗျ။

XS
SM
MD
LG