သုံးရလွယ်ကူစေသည့် Link များ

NLD နာယကနဲ့ စစ်ကောင်စီဥက္ကဋ္ဌ တွေ့ဆုံမှု နိုင်ငံရေးမဆွေးနွေး


NLD နာယက သူရဦးတင်ဦးကို သွားရောက်တွေ့ဆုံတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဒီဇင်ဘာ ၅၊ ၂၀၂၁။ ဓာတ်ပုံ - တပ်မတော်သတင်းပြန်ကြားရေး)
NLD နာယက သူရဦးတင်ဦးကို သွားရောက်တွေ့ဆုံတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဒီဇင်ဘာ ၅၊ ၂၀၂၁။ ဓာတ်ပုံ - တပ်မတော်သတင်းပြန်ကြားရေး)

(Zawgyi / Unicode)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ သူ့နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ ကျန်းမာရေးကိစ္စကိုပဲ အလေးပေးပြောဆိုပြီး နိုင်ငံရေးကိစ္စတွေ မပါဝင်ဘူးလို့ သိရပါတယ်။ သူရဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိ ဦးမြင့်ဦးကို ကိုရန်နိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးမြင့်ဦး - “ကျန်းမာရေး မကောင်းလို့ သူကြားလို့ လာပါတယ်တဲ့၊ အဲဒီလိုပြောပါတယ်။”

ကိုရန်နိုင် - တွေ့တဲ့အခါမှာရော ဘာတွေပြောသွားပါလဲ သူ့ဘက်ကနေပြီးတော့။

ဦးမြင့်ဦး - “တွေ့တဲ့အခါ သူပြောတာတော့ အဘ ဟိုတလောက ဆေးရုံတက်တုန်းက သူ မလာဖြစ်တာပေါ့နော်၊ သူ အလုပ်လေး နည်းနည်းများလို့ မလာဖြစ်တာပါတဲ့၊ ကြားမှာလည်း တော်လှန်ရေးနေ့ မတိုင်ခင် သူလာဖို့ရှိတယ်။ အဲဒါ ဖိတ်စာနဲ့ ပို့ခိုင်းလိုက်တာပေါ့။ နောက်ပိုင်း အဘမလာနိုင်တော့ သူ လက်ဆောင်ပစ္စည်း ပို့တာကိုလည်း ပြောတယ်။ အဲဒါ ကျနော်တို့ရတယ်၊ ဝမ်းသာတယ်၊ အဘလည်း ပြောတယ် ရပါတယ်တဲ့။ အဘကတော့ ဟုတ်ကဲ့ ဟုတ်ကဲ့လို့ ပြောတယ်၊ သိပ်စကားမပီတော့။ သူကလည်း ဒီဘက်ကို ရောက်နေတယ်၊ အိမ်မသိလို့ပေါ့။ အဲဒါနဲ့ ဒီရန်ကုန်ကို အခုရောက်တော့ ဂါရဝပြုမယ့်သူတွေရှိတော့ အဘကိုပါ သူ ဂါရဝလာပြုရင်းနဲ့ ရောက်လာတယ်ပေါ့။ သတင်းလည်း မေးရင်းနဲ့လို့ ပြောတယ်။ ဒီရောက်တော့ ကျန်းကျန်းမာမာတွေ့ရတာ ဝမ်းသာတယ်တဲ့။ တကယ်လို့ ဆေးဝါးနဲ့ ပတ်သက်လာရင် လိုအပ်တာတွေ ဆေးကုသဖို့ လိုအပ်လာရင် တိုင်းမှူးတို့ ကျန်းမာရေးမှူးတို့ အခုလာတဲ့ စကစဝန်ကြီးတွေ အကုန်ပါတယ်လေ၊ အကုန်လုံးကို လိုအပ်တာ သူ ညွှန်ကြားထားတယ်ပေါ့။”

ကိုရန်နိုင် - လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ရော ပြောသွားတာ တစုံတရာ ရှိပါသလား။

ဦးမြင့်ဦး - “မရှိဘူးခင်ဗျ၊ အဲဒါတော့ မရှိဘူး။ လက်ရှိဟာတော့ ဘာမှမပြောသွားဘူး၊ ကျန်းမာရေး အခြေအနေပဲ ပြောတယ်။ အဘကတော့ ပြန်ခါနီး သူနှုတ်ဆက်တော့ အဘက ပြောတယ်၊ ကျန်းမာပါစေ၊ ချမ်းသာပါစေတဲ့၊ အားလုံးလည်း ကောင်းကောင်းမွန်မွန်နဲ့ ပြေပြေလည်လည်လေး ဖြစ်ချင်တယ်ဆိုတာ အဘက ဒါလေးတော့ အသံလုံးလုံးနဲ့တော့ ပြောသွားတာပဲ။”

ကိုရန်နိုင် - သူ့ရဲ့တုံ့ပြန်မှုကရော ဘယ်လိုရှိပါသလဲ။

ဦးမြင့်ဦး - “သူ့ရဲ့ တုံ့ပြန်မှုကတော့ ကောင်းပါတယ်၊ ပြုံးပြုံး ပြုံးပြုံး ပါပဲ။”

ကိုရန်နိုင် - ဘဘရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိပါသလဲ၊ ဓာတ်ပုံထဲမှာတော့ တော်တော် လန်းလန်းဆန်းဆန်းပါပဲ။

ဦးမြင့်ဦး - “အခုက တော်တော်ကောင်းတယ်၊ ကောင်းကောင်းမွန်မွန်စားတယ်၊ ကောင်းကောင်းမွန်မွန်အိပ်တယ်။ သတင်းစာလည်း ကောင်းကောင်းဖတ်တယ်။ တခြားစာစောင်တွေလည်း ဖတ်တာပေါ့။ သတင်းတွေ ဘာတွေတော့ သူနားထောင်ပါတယ်။ ဗွီအိုအေတို့၊ ဘီဘီစီတို့၊ မဇ္ဈိမတို့ နားထောင်ပါတယ်။”

ကိုရန်နိုင် - လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကိုရော ဘဘ ဘယ်လောက်ထိ သိတယ်လို့ ပြောလို့ရမလဲ။

ဦးမြင့်ဦး - “သူကတော့ သိတယ်ဗျ၊ သူက အားမရဘူးလေ၊ သူကိုယ်တိုင် လှုပ်လှုပ်ရှားရှား မရှိတော့ သိပ်အားမရဘူး။ မပြောတာ ပြောတာ တခုပဲရှိတယ်။ ဒီမှာဆိုလည်း သူ ပြောပြောပြီး ဒေါသထွက်တာပေါ့။”

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)

NLD နာယကနဲ့ စဈကောငျစီဥက်ကဋ်ဌ တှေ့ဆုံမှု နိုငျငံရေးမဆှေးနှေး













XS
SM
MD
LG