သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယက သူရဦးတင်ဦးကို စစ်ကောင်စီ အကြီးအကဲ သွားရောက်တွေ့ဆုံ


NLD နာယက သူရဦးတင်ဦးကို သွားရောက်တွေ့ဆုံတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဒီဇင်ဘာ ၅၊ ၂၀၂၁။ ဓာတ်ပုံ - တပ်မတော်သတင်းပြန်ကြားရေး)
NLD နာယက သူရဦးတင်ဦးကို သွားရောက်တွေ့ဆုံတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဒီဇင်ဘာ ၅၊ ၂၀၂၁။ ဓာတ်ပုံ - တပ်မတော်သတင်းပြန်ကြားရေး)

(Zawgyi / Unicode)

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက သွားရောက်တွေ့ဆုံပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ သူရဦးတင်ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံ ရင်ထိုးတံဆိပ်နဲ့ ပင်နီတိုက်ပုံကို ဝတ်ဆင်ထားပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အရပ်ဝတ်အရပ်စားနဲ့ ဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ အနေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး နေအိမ်ကို သွားရောက်တွေ့ဆုံ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကျန်းမာရေး အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူရဦးတင်ဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဆိုပြီး စစ်ကောင်စီ ကြေညာချက်ထဲ ရည်ညွှန်းဖော်ပြပါတယ်။ NLD နာယက သူရဦးတင်ဦးဘက်က ဘာတွေဆွေးနွေး ပြောဆိုခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင်အနေနဲ့ NLD ထိပ်တန်းခေါင်းဆောင်တဦးကို လူသိရှင်ကြားတွေ့ဆုံတာ ဒါ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တာ ဖြစ်သလို တချိန်တည်းမှာ NLD ပါတီကို မဲမသမာမှု စွဲချက်တွေနဲ့ ဖျက်သိမ်းမလားဆိုပြီး လေ့လာသူတွေ စောင့်ကြည့်နေကြရတဲ့ အခြေအနေပါ။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင် အများအပြားကိုလည်း ဖမ်းဆီးထားပြီး အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင်ထားပါတယ်။ ကျန်တဲ့ NLD ခေါင်းဆောင် အများအပြားဟာလည်း တိမ်းရှောင်နေကြရတာပါ။

အသက် ၉၀ ကျော်ပြီဖြစ်တဲ့ NLD နာယက သူရဦးတင်ဦးဟာ လေဖြတ်ပြီး ကျန်းမာရေး အားနည်းနေတာမို့ ဒီမတိုင်ခင် အခြေအနေတွေကတည်းက ပါတီလုပ်ငန်းတွေကို မယူနိုင်တော့ပါဘူး။

လက်ရှိမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံး အပါအဝင် ရုံးခွဲအများအပြား ပိတ်ထားရပြီး ရုံးတွေ ဖျက်ဆီးခံရမှုတွေလည်း ရှိနေပါတယ်။ NLD ရုံးတွေကို ဘယ်သူဖျက်ဆီးသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသလို စစ်ကောင်စီဘက်ကလည်း ဒါကို တရားဝင် အရေးယူ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)











XS
SM
MD
LG