သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကာကွယ်ရေးဦးစီးချုပ် EU အစည်းဝေးမှာ မိန့်ခွန်းပြောမည်


မြန်မာကာကွယ်ရေးဦးစီးချုပ် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos နှင့်တွေ့ဆုံ (Senior General Min Aung Hlaing Facebook)
မြန်မာကာကွယ်ရေးဦးစီးချုပ် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos နှင့်တွေ့ဆုံ (Senior General Min Aung Hlaing Facebook)

EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရဲ့ စစ်ဘက်ဆိုင်ရာ ကော်မတီ (EUMC) အစည်းအဝေးမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီကနေ့ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များရဲ့ ၁ နှစ် ၂ ကြိမ် ကျင်းပတဲ့ အစည်းအဝေးအတွင်း လက်ရှိမြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ အခင်းအကျင်း၊ ဒီမိုကရေစီ် အပြောင်းအလဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ စစ်တပ်ရဲ့ပြောင်းလဲတိုးတက်မှု အခြေအနေတွေကို ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာ ၈ ရက်၊ အင်္ဂါနေ့မှာ မိန့်ခွန်းပြောကြားမှာဖြစ်တယ်လို့ EU နိုင်ငံခြားဆက်ဆံရေးနဲ့ လုံခြံုံရေးမူဝါဒရေးရာရုံး ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် တနင်္လာနေ့ကတော့ Belgium နိုင်ငံ Brussels မြို့တော်မှာ ရောက်နေတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ ကော်မတီရဲ့ အမြဲတမ်းဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mikhail Kostarakos နဲ့တေ့ွဆုံခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ ဥရောပသမဂ္ဂအဖဲ့ွဝင်နိုင်ငံတွေရဲ့ စစ်တပ်တွေကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ လေ့ကျင့်သင်တန်းများစေလွှတ်ရေးနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဌာန့က သတင်းထုတ်ပြန်ပါတယ်။ ၂ ရက်ကြာ ကျင်းပနေတဲ့ ဥရောပသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံး စစ်ဘက်ဆိုင်ရာကော်မတီ စည်းဝေးပွဲမှာ မိန့်ခွန်းပြောဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗိုလ်ချုပ်ကြီး Kostarakos ကဖိတ်ကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG