သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မတူပီၿမိဳ႕နယ္ ေက်း႐ြာေတြထဲ နယ္ေျမရွင္းလင္းစစ္ဆင္ေရးျပဳလုပ္


မင္းတပ္၊ မတူပီ၊ ပခုကၠဴ ကားလမ္း (Wikipedia)

{{Zawgyi/Unicode}}

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္ထဲက ႐ြာေတြကို စစ္ေကာင္စီတပ္ေတြ လြန္ခဲ့တဲ့၂ ပတ္ ေလာက္ထဲက နယ္ေျမရွင္းလင္းေနၿပီး အခုထိလည္း အဲဒီေဒသတဝိုက္ စခန္းခ် လႈပ္ရွားေနတဲ့အတြက္ ေဒသခံေတြ ေနရပ္ မျပန္ရဲၾကဘူး ျဖစ္ေနပါတယ္။ နယ္ေျမရွင္းလင္းမႈအတြင္း လက္နက္ႀကီး လက္နက္ငယ္နဲ႔ ပစ္ခတ္တာေၾကာင့္ ေက်း႐ြာ ၄ ႐ြာ ထက္မနည္း ႐ြာလုံးကြၽတ္ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔ ကိုယ္တိုင္ထြက္ေျပးေနၾကတဲ့ ေဒသခံေတြက VOA ကို ေျပာပါတယ္။ ဒီအေျခအေနေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကိုနန္းေလာဝ္က တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ မတူပီၿမိဳ႕မွာ အေျခစိုက္ထားတဲ့စစ္ေကာင္စီတပ္ရင္းတခုက စစ္သား အေယာက္ ၇၀ ေက်ာ္ေလာက္ ေအာက္တိုဘာ ၁၂ ေန႔ကစၿပီး မတူပီ-မင္းတပ္ လမ္းမႀကီးတေလွ်ာက္ ေက်းရြာေနအိမ္ေတြ႐ွိရာဘက္ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ၿပီး နယ္ေျမ႐ွင္းလင္းေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒါေၾကာင့္ ႐ြာလံုးကၽြတ္ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ ကိုယ္တိုင္ ထြက္ေျပးေနၾကတဲ့ ေဒသခံေတြက VOA ကို ေျပာပါတယ္။ အဲဒီေဒသေတြဘက္မွာ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြနဲ႔ ဇူလိုင္လကုန္ပိုင္းက စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပြဲေတြျဖစ္ခဲ့ေပမဲ့ လက္႐ွိ တိုက္ပြဲေတြ မ႐ွိခ်ိန္ ခလရ ၃၀၄ တပ္ကေန ႐ြာေတြဘက္ ပစ္ခတ္ေနတာေၾကာင့္ မေနရဲဘဲ အကုန္လံုးေျပးထြက္ေနရတာလို႔ လံုၿခံဳေရးအရ နာမည္မေဖာ္လိုတဲ့ မတူပီၿမိဳ႕နယ္ ျခန္ျပန္းကေက်းရြာခံ တဦးက ေျပာပါတယ္။

“အဲ့ဒါလမ္းရွင္းဖို႔ထြက္လာတယ္ေနာ္၊ အဲ့ဒီထြက္လာၿပီးတဲ့ေနာက္ပိုင္းမွာ ေက်းရြာေတြမွာ မေရာက္ခင္မွာ ဘယ္လိုလုပ္သလဲဆုိရင္ သူတို႔က အဲ့ဒီေက်းရြာမေရာက္ခင္ ၂ မိုင္ ၃ မိုင္ ေလာက္ အလိုမွာဆိုရင္ေတာ့ ေသနတ္ေတြနဲ႔အကုန္ေျခာက္ ေသနတ္ေတြ ပစ္ေဖာက္ၿပီးမွ အဲ့ဒီအေပၚ မတူပီ အေျခစိုက္ ခလရ ၃၀၄ ကေန လက္နက္ႀကီးေတြနဲ႔ သူတို႔က ေက်းရြာထဲကို လွမ္း လွမ္းထုတယ္၊ အဲ့ဒါအခါက်ေတာ့ ေက်းရြာကလူေတြ ေက်းရြာထဲမွာ မေနခ်င္ေတာ့ဘူး။ မေနရဲေတာ့ဘူး။ သူတို႔က ေၾကာက္ၿပီးမွ အဲ့လိုေတာထဲမွာ လတ္တေလာနဲ႔ ပုန္းေရွာင္ေနၾကတယ္၊ တကယ္တန္းဆို သူတို႔က အဲ့လိုမ်ဳိး မေျခာက္ဘူးဆိုရင္ ဘယ္သူမွ ေျပးမွာမဟုတ္ဘူး။”

ဒီအေျခအေနေတြေၾကာင့္ မတူပီၿမိဳ႕နယ္ မတူပီ-မင္းတပ္လမ္းမႀကီး တေလွ်ာက္မွာရွိတဲ့ ျခန္ျပန္းကေက်းရြာ၊ ျခန္ျပန္းခေက်းရြာ၊ ရမ္တိန္ေက်းရြာ၊ မႊန္တုန္းေက်းရြာန႔ဲ မင္းတပ္ၿမိဳ႕နယ္က မိုင္တိုင္ အမွတ္ ၇၀ က ေလရွီေက်းရြာတို႔က ႐ြာသူ ႐ြာသားေတြ ရြာလံုးကြ်တ္ ေတာေတာင္ဘက္မွာ ထြက္ေျပး ပုန္းခိုေနၾကရပါတယ္။ တခ်ဳိ႕႐ြာေတြမွာဆိုရင္ စစ္သားေတြက တပ္စြဲၿပီး ေနအိမ္ေတြကို ႐ွာေဖြတာ၊ ပစၥည္းေတြ ဖ်က္စီး ခိုးယူတာသာမကၾကက္၊ ဝက္ တိရိစၦာန္ေတြလည္း သတ္စားၾကတယ္လို႔ ျခန္ျပန္း႐ြာသားက ေျပာျပပါတယ္။

“ေတာက္ေလွ်ာက္အဲ့ဒီမိုင္ ၇၀ ထိေပါ့။ အဲ့လို အေပၚကေန လွမ္းလွမ္းထုတယ္၊ သူတို႔က ေတာက္ေလွ်ာက္ အဲ့လိုလုပ္သြားတယ္၊ ရြာတိုင္း ရြာတိုင္းမွာ သူတို႔က ဝင္နားတယ္ အိပ္တယ္၊ ဝင္အိပ္တဲ့အခ်ိန္မွာ သူတို႔က ပစၥည္းေတြလည္း ခိုးတယ္၊ ၿပီးေတာ့ အိမ္တံခါးေတြကို အကုန္လံုး႐ုိက္ခ်ဳိးတယ္၊ ၿပီးေတာ့ အဲ့ဒီမွာ ရွိတဲ့ ဆိုင္ကယ္ေတြ၊ မီးစက္ေတြ၊ ဆိုလာျပားေတြ၊ ဘတ္ထရီအိုးေတြ အဲ့ဒါမ်ဳိးေတြရင္ သူတို႔က မ-လို႔ ရတဲ့ အရာေတြအကုန္လံုး မ သြားတယ္၊ မ လို႔ မရတဲ့ ဘီဒိုေတြ ထိုင္ခံု၊ စားပြဲခံုေတြ အဲ့ဒါမ်ဳိးဆိုရင္ေတာ့ ပရိေဘာေတြေပ့ါေနာ္၊ အဲ့ဒါမ်ဳိးဆိုရင္ အကုန္လံုး ႐ုိက္ခြဲသြားတယ္၊ ဘုရားေက်ာင္းေတြလည္း ေဖာက္တာရွိတယ္။ အဲ့လိုမ်ဳိးရြာတိုင္းလိုလိုပဲ”

ေအာက္တုိဘာ ဒုတိယပတ္ေလာက္ကတည္းက ထြက္ေျပးၿပီး ေဘးလြတ္ရာ ပုန္းခိုေနၾကရတဲ့ ေဒသခံေတြမွာ ထြက္ေျပးစဥ္ ယူလာတဲ့ ဆန္၊ ဆီ၊ ဆားေတြ ကုန္ၿပီျဖစ္လို႔ ထမင္းနပ္ မွန္ေအာင္ေတာင္ မစားႏုိင္ၾကပါဘူး။

“ေဆးဝါးေတြလည္း လိုတယ္၊ စားဝတ္ေနေရးေတြလည္း ဆန္ေရာ အခုဆိုသိပ္မရွိေတာ့ဘူးဗ်၊ ဆန္ေတြဆို တခ်ဳိ႕ေနရာေတြမွာဆို ခြဲၿပီးေတာ့ မွ်ၿပီးေတာ့ပဲ ဒီလိုေလး စားရတဲ့ လူေတြလည္း ရွိတယ္ဗ်၊ တခါတေလက်ရင္ တရက္ကို တနပ္ ပဲစားရတယ္၊ အဲ့လိုမ်ဳိးအေျခအေနလည္းရွိတယ္ဗ်၊ တရက္ကို ေန႔ခင္း တနပ္စားရတဲ့အေျခအေနေတြလည္းရွိတယ္ဗ် ဟုတ္၊ ေဆးဝါးေတြလည္းမရွိ၊ ဆန္ေတြကလည္း ဟင္းဆိုမရွိဘူးဗ်။ ဒီအတိုင္းပဲ ဒီလိုပဲ အသက္ရွင္ဖို႔က အေရးႀကီးတယ္ ဆိုေတာ့ေလး ဒီလိုပဲ ျဖစ္သလိုပဲဗ် ဟုတ္။”

ထြက္ေျပးေနၾကရတဲ့ ႐ြာသူ ႐ြာသားေတြထဲမွာ လသားကေလးငယ္ေတြ အသက္ႀကီးပိုင္းအဖိုးအဖြားနဲ႔ မသန္းစြမ္းေတြလည္း ပါဝင္ပါတယ္။ လက္ရွိခ်ိန္မွာ ရာသီတုပ္ေကြး ကူးစက္ခ်ိန္ျဖစ္လို႔ ေတာ္ေတာ္မ်ားမ်ား ဖ်ားနာေနၾကပါတယ္။

“ေရွာင္ေနၾကတာကလည္း လသားကေလးေတြလည္း အမ်ားႀကီး၊ အဖိုးအဘြားေတြေရာ ၿပီးေတာ့ မသန္စြမ္းေတြလည္းရွိတယ္ဆိုေတာ့ အခုအဓိကလိုအပ္ေနတာက အစားအေသာက္ စားကုန္အပိုင္းနဲ႔ ေဆးဝါးပဲ၊ အခုအရမ္း… အကုန္လံုး အဲ့ဒီမွာ စစ္ေဘးေရွာင္ေနတဲ့ သူေတြ တုပ္ေကြး ရာသီတုပ္ေကြး အကုန္ဖ်ားေနၾကတာ အဲ့လိုမ်ဳိး အလူးအလဲ ခံစားေနရတယ္။”

ခ်င္းျပည္နယ္က မတူပီၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္ ၈ ခုမွာစက္တင္ဘာလ ၂၃ ရက္ ကတည္းက ျပတ္ေတာက္ေနသလို ဖုန္းလိုင္းေတြလည္း ျပတ္ေနၾကပါတယ္။ ဒါေၾကာင့္ အစားအေသာက္ အကူအညီရႏိုင္ဖုိ႔ အခက္အလဲေတြလည္း႐ွိေနၾကပါတယ္။

“လာမယ့္အပတ္ေတြမွာ လာမယ့္လေတြမွာ က်ေနာ္တို႔ ဘယ္လို႐ုန္းကန္ရမလဲဆိုၿပီးေတာ့ ျပည္သူလူထုေတြ အားလံုးက စိုးရိမ္ၾကတာ၊ က်ေနာ္တို႔ဘက္က အင္တာနက္လည္း အေမွာင္ခ်ျခင္းခံရတယ္၊ ဖုန္းလိုင္းကလည္း ဖုန္းေျပာဖို႔ကိုက အဲ့လိုမ်ဳိးခဏခဏ အပိတ္ခံရတယ္၊ တခါတေလေျပာရတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က ဘယ္မီဒီယာကမွာလည္း ေဖာ္ျပျခင္းကို မခံရဘူး၊ ၿပီးေတာ့ က်ေနာ္တို႔ ဒီဘက္မွာ

အမ်ားႀကီး(လိုအပ္ခ်က္ရွိတယ္)ေပါ့ေနာ္၊ ဒါမ်ဳိးေတြ က်ေနာ္တို႔က တေယာက္နဲ႔ တေယာက္ေပါ့ေနာ္ ဘယ္အဖြဲ႔က အကူအညီရမလဲဆိုတဲ့ဟာေတြ က်ေနာ္တို႔မွာ ေမွ်ာ္လင့္ေနရတာ အမ်ားႀကီးရွိတယ္။”

ခ်င္းျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ဳိ႕မွာ စစ္တပ္က အင္အားတိုးခ်ဲ႕ၿပီး ေဒသခံကာကြယ္ေရးတပ္ေတြ ႐ွိႏိုင္တဲ့ ေနရာေတြအေပၚ တိုက္ခိုက္မႈေတြ လုပ္ေနပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထန္တလန္ၿမိဳ႕ထဲက ေနအိမ္ေတြ မီး႐ႈိ႕ခံရတဲ့အတြက္ ေနအိမ္ ၁၆၀ ထက္မနည္း မီးေလာင္ကၽြမ္းခဲ့သလို ဘုရားေက်ာင္း ၂ ခုလည္း မီးထဲပါသြားခဲ့ပါတယ္။ ေအာက္တိုဘာ ၂၉ရက္ေန႔က မီးေလာင္မႈဟာ စစ္ေကာင္စီတပ္ေတြရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ ေဒသခံေတြက စြပ္စြဲထားေပမဲ့ အဲဒီမီး႐ႈိ႕မႈဟာ သူတုိ႔လက္ခ်က္မဟုတ္ဘူးလို႔ စစ္ေကာင္စီက ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

မတူပီမြို့နယ် ကျေးရွာတွေထဲ နယ်မြေရှင်းလင်းစစ်ဆင်ရေးပြုလုပ်

ချင်းပြည်နယ် မတူပီမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်တွေ လွန်ခဲ့တဲ့၂ ပတ် လောက်ထဲက နယ်မြေရှင်းလင်းနေပြီး အခုထိလည်း အဲဒီဒေသတဝိုက် စခန်းချ လှုပ်ရှားနေတဲ့အတွက် ဒေသခံတွေ နေရပ် မပြန်ရဲကြဘူး ဖြစ်နေပါတယ်။ နယ်မြေရှင်းလင်းမှုအတွင်း လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာကြောင့် ကျေးရွာ ၄ ရွာ ထက်မနည်း ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေကြတဲ့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ဒီအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုနန်းလောဝ်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့မှာ အခြေစိုက်ထားတဲ့စစ်ကောင်စီတပ်ရင်းတခုက စစ်သား အယောက် ၇၀ ကျော်လောက် အောက်တိုဘာ ၁၂ နေ့ကစပြီး မတူပီ-မင်းတပ် လမ်းမကြီးတလျှောက် ကျေးရွာနေအိမ်တွေရှိရာဘက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကိုယ်တိုင် ထွက်ပြေးနေကြတဲ့ ဒေသခံတွေက VOA ကို ပြောပါတယ်။ အဲဒီဒေသတွေဘက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ဇူလိုင်လကုန်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပေမဲ့ လက်ရှိ တိုက်ပွဲတွေ မရှိချိန် ခလရ ၃၀၄ တပ်ကနေ ရွာတွေဘက် ပစ်ခတ်နေတာကြောင့် မနေရဲဘဲ အကုန်လုံးပြေးထွက်နေရတာလို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မတူပီမြို့နယ် ခြန်ပြန်းကကျေးရွာခံ တဦးက ပြောပါတယ်။

“အဲ့ဒါလမ်းရှင်းဖို့ထွက်လာတယ်နော်၊ အဲ့ဒီထွက်လာပြီးတဲ့နောက်ပိုင်းမှာ ကျေးရွာတွေမှာ မရောက်ခင်မှာ ဘယ်လိုလုပ်သလဲဆိုရင် သူတို့က အဲ့ဒီကျေးရွာမရောက်ခင် ၂ မိုင် ၃ မိုင် လောက် အလိုမှာဆိုရင်တော့ သေနတ်တွေနဲ့အကုန်ခြောက် သေနတ်တွေ ပစ်ဖောက်ပြီးမှ အဲ့ဒီအပေါ် မတူပီ အခြေစိုက် ခလရ ၃၀၄ ကနေ လက်နက်ကြီးတွေနဲ့ သူတို့က ကျေးရွာထဲကို လှမ်း လှမ်းထုတယ်၊ အဲ့ဒါအခါကျတော့ ကျေးရွာကလူတွေ ကျေးရွာထဲမှာ မနေချင်တော့ဘူး။ မနေရဲတော့ဘူး။ သူတို့က ကြောက်ပြီးမှ အဲ့လိုတောထဲမှာ လတ်တလောနဲ့ ပုန်းရှောင်နေကြတယ်၊ တကယ်တန်းဆို သူတို့က အဲ့လိုမျိုး မခြောက်ဘူးဆိုရင် ဘယ်သူမှ ပြေးမှာမဟုတ်ဘူး။”

ဒီအခြေအနေတွေကြောင့် မတူပီမြို့နယ် မတူပီ-မင်းတပ်လမ်းမကြီး တလျှောက်မှာရှိတဲ့ ခြန်ပြန်းကကျေးရွာ၊ ခြန်ပြန်းခကျေးရွာ၊ ရမ်တိန်ကျေးရွာ၊ မွှန်တုန်းကျေးရွာနဲ့ မင်းတပ်မြို့နယ်က မိုင်တိုင် အမှတ် ၇၀ က လေရှီကျေးရွာတို့က ရွာသူ ရွာသားတွေ ရွာလုံးကျွတ် တောတောင်ဘက်မှာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။ တချို့ရွာတွေမှာဆိုရင် စစ်သားတွေက တပ်စွဲပြီး နေအိမ်တွေကို ရှာဖွေတာ၊ ပစ္စည်းတွေ ဖျက်စီး ခိုးယူတာသာမကကြက်၊ ဝက် တိရိစ္ဆာန်တွေလည်း သတ်စားကြတယ်လို့ ခြန်ပြန်းရွာသားက ပြောပြပါတယ်။

“တောက်လျှောက်အဲ့ဒီမိုင် ၇၀ ထိပေါ့။ အဲ့လို အပေါ်ကနေ လှမ်းလှမ်းထုတယ်၊ သူတို့က တောက်လျှောက် အဲ့လိုလုပ်သွားတယ်၊ ရွာတိုင်း ရွာတိုင်းမှာ သူတို့က ဝင်နားတယ် အိပ်တယ်၊ ဝင်အိပ်တဲ့အချိန်မှာ သူတို့က ပစ္စည်းတွေလည်း ခိုးတယ်၊ ပြီးတော့ အိမ်တံခါးတွေကို အကုန်လုံးရိုက်ချိုးတယ်၊ ပြီးတော့ အဲ့ဒီမှာ ရှိတဲ့ ဆိုင်ကယ်တွေ၊ မီးစက်တွေ၊ ဆိုလာပြားတွေ၊ ဘတ်ထရီအိုးတွေ အဲ့ဒါမျိုးတွေရင် သူတို့က

မ-လို့ ရတဲ့ အရာတွေအကုန်လုံး မ သွားတယ်၊ မ လို့ မရတဲ့ ဘီဒိုတွေ ထိုင်ခုံ၊ စားပွဲခုံတွေ အဲ့ဒါမျိုးဆိုရင်တော့ ပရိဘောတွေပေ့ါနော်၊ အဲ့ဒါမျိုးဆိုရင် အကုန်လုံး ရိုက်ခွဲသွားတယ်၊ ဘုရားကျောင်းတွေလည်း ဖောက်တာရှိတယ်။ အဲ့လိုမျိုးရွာတိုင်းလိုလိုပဲ”

အောက်တိုဘာ ဒုတိယပတ်လောက်ကတည်းက ထွက်ပြေးပြီး ဘေးလွတ်ရာ ပုန်းခိုနေကြရတဲ့ ဒေသခံတွေမှာ ထွက်ပြေးစဉ် ယူလာတဲ့ ဆန်၊ ဆီ၊ ဆားတွေ ကုန်ပြီဖြစ်လို့ ထမင်းနပ် မှန်အောင်တောင် မစားနိုင်ကြပါဘူး။

“ဆေးဝါးတွေလည်း လိုတယ်၊ စားဝတ်နေရေးတွေလည်း ဆန်ရော အခုဆိုသိပ်မရှိတော့ဘူးဗျ၊ ဆန်တွေဆို တချို့နေရာတွေမှာဆို ခွဲပြီးတော့ မျှပြီးတော့ပဲ ဒီလိုလေး စားရတဲ့ လူတွေလည်း ရှိတယ်ဗျ၊ တခါတလေကျရင် တရက်ကို တနပ် ပဲစားရတယ်၊ အဲ့လိုမျိုးအခြေအနေလည်းရှိတယ်ဗျ၊ တရက်ကို နေ့ခင်း တနပ်စားရတဲ့အခြေအနေတွေလည်းရှိတယ်ဗျ ဟုတ်၊ ဆေးဝါးတွေလည်းမရှိ၊ ဆန်တွေကလည်း ဟင်းဆိုမရှိဘူးဗျ။ ဒီအတိုင်းပဲ ဒီလိုပဲ အသက်ရှင်ဖို့က အရေးကြီးတယ် ဆိုတော့လေး ဒီလိုပဲ ဖြစ်သလိုပဲဗျ ဟုတ်။”

ထွက်ပြေးနေကြရတဲ့ ရွာသူ ရွာသားတွေထဲမှာ လသားကလေးငယ်တွေ အသက်ကြီးပိုင်းအဖိုးအဖွားနဲ့ မသန်းစွမ်းတွေလည်း ပါဝင်ပါတယ်။ လက်ရှိချိန်မှာ ရာသီတုပ်ကွေး ကူးစက်ချိန်ဖြစ်လို့ တော်တော်များများ ဖျားနာနေကြပါတယ်။

“ရှောင်နေကြတာကလည်း လသားကလေးတွေလည်း အများကြီး၊ အဖိုးအဘွားတွေရော ပြီးတော့ မသန်စွမ်းတွေလည်းရှိတယ်ဆိုတော့ အခုအဓိကလိုအပ်နေတာက အစားအသောက် စားကုန်အပိုင်းနဲ့ ဆေးဝါးပဲ၊ အခုအရမ်း… အကုန်လုံး အဲ့ဒီမှာ စစ်ဘေးရှောင်နေတဲ့ သူတွေ တုပ်ကွေး ရာသီတုပ်ကွေး အကုန်ဖျားနေကြတာ အဲ့လိုမျိုး အလူးအလဲ ခံစားနေရတယ်။”

ချင်းပြည်နယ်က မတူပီမြို့နယ်အပါအဝင် မြို့နယ် ၈ ခုမှာစက်တင်ဘာလ ၂၃ ရက် ကတည်းက ပြတ်တောက်နေသလို ဖုန်းလိုင်းတွေလည်း ပြတ်နေကြပါတယ်။ ဒါကြောင့် အစားအသောက် အကူအညီရနိုင်ဖို့ အခက်အလဲတွေလည်းရှိနေကြပါတယ်။

“လာမယ့်အပတ်တွေမှာ လာမယ့်လတွေမှာ ကျနော်တို့ ဘယ်လိုရုန်းကန်ရမလဲဆိုပြီးတော့ ပြည်သူလူထုတွေ အားလုံးက စိုးရိမ်ကြတာ၊ ကျနော်တို့ဘက်က အင်တာနက်လည်း အမှောင်ချခြင်းခံရတယ်၊ ဖုန်းလိုင်းကလည်း ဖုန်းပြောဖို့ကိုက အဲ့လိုမျိုးခဏခဏ အပိတ်ခံရတယ်၊ တခါတလေပြောရတဲ့အတွက်ကြောင့် ကျနော်တို့က ဘယ်မီဒီယာကမှာလည်း ဖော်ပြခြင်းကို မခံရဘူး၊ ပြီးတော့ ကျနော်တို့ ဒီဘက်မှာ

အများကြီး(လိုအပ်ချက်ရှိတယ်)ပေါ့နော်၊ ဒါမျိုးတွေ ကျနော်တို့က တယောက်နဲ့ တယောက်ပေါ့နော် ဘယ်အဖွဲ့က အကူအညီရမလဲဆိုတဲ့ဟာတွေ ကျနော်တို့မှာ မျှော်လင့်နေရတာ အများကြီးရှိတယ်။”

ချင်းပြည်နယ်ထဲက မြို့နယ်တချို့မှာ စစ်တပ်က အင်အားတိုးချဲ့ပြီး ဒေသခံကာကွယ်ရေးတပ်တွေ ရှိနိုင်တဲ့ နေရာတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထန်တလန်မြို့ထဲက နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် နေအိမ် ၁၆၀ ထက်မနည်း မီးလောင်ကျွမ်းခဲ့သလို ဘုရားကျောင်း ၂ ခုလည်း မီးထဲပါသွားခဲ့ပါတယ်။ အောက်တိုဘာ ၂၉ရက်နေ့က မီးလောင်မှုဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက စွပ်စွဲထားပေမဲ့ အဲဒီမီးရှို့မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။

#MyanmarViolence #ChinFighting #MyanmarMilitary #VOABurmese

#ထန်တလန်#ဘုရားကျောင်း#စစ်အင်အားချဲ့#နယ်မြေရှင်းစစ်ဆင်ရေး

---------------

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG