သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲ ဆက်လက် ဆင်နွှဲ


လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေကြသည့် ဒေသခံများ (စက်တင်ဘာလ ၅ ရက်၊ ၂၀၁၂။) ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်။
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေကြသည့် ဒေသခံများ (စက်တင်ဘာလ ၅ ရက်၊ ၂၀၁၂။) ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်။
အခု သီတင်းကြေညာနေတဲ့ ညပိုင်းအတွင်းမှာပဲ မုံရွာ-ပုသိမ် ကားလမ်းမကြီးပေါ်မှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဒေသခံလူထုတွေဟာ အာဏာပိုင်တွေ ပိတ်ဆို့နေတဲ့ကြားကပဲ လက်ပံတောင်း တောင်ခြေက ကြေးနီးစီမံကိန်း လုပ်နေတဲ့ စက်ယန္တရားတွေ ရှေ့တည့်တည့်မှာ မီးတုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြနေကြပါတယ်။ အကြောင်းစုံကို မအေးအေးမာ က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မုံရွာ-ပုသိမ် ကားလမ်းမကြီးပေါ်မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး အတွက် တောင်းဆိုနေတဲ့ ဒေသခံလူထုတွေဟာ အာဏာပိုင်တွေ ပိတ်ဆို့နေတဲ့ကြားကပဲ လက်ပံတောင်း တောင်ခြေက ကြေးနီစီမံကိန်း လုပ်နေတဲ့ စက်ယန္တရားတွေရဲ့ ရှေ့တည့်တည့်မှာ မီးတုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြနေကြတာပါ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့အတွက် ဆန္ဒပြဒေသခံတွေနဲ့ အတူ ရှိနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်က အခုလို ပြောပါတယ်။

“အခု ကျနော်တို့ လက်ပံတောင်း တောင်ခြေကို ရောက်နေပါပြီ။ ပြည်သူတွေ မီးတုတ်တွေ ဆိုင်းဘုတ်တွေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ပြီး ရပ်ခိုင်းဖို့အတွက် ဒီနေ့ အခု ဆန္ဒပြပွဲကို လက်ပံတောင်း တောင်ခြေမှာ ပြည်သူ ၁,၅၀၀ ကျော်လောက် ရောက်ရှိနေ ပါပြီ။ ပြည်သူတွေက နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလိုမရှိ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုံး၀ ကန့်ကွက်ပါသည် ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ထားတယ်။ မီးတုတ်တွေ ကိုင်ဆောင်ထားတယ်။ ပြည်သူအင်အား ၁,၅၀၀ လောက်ကတော့ ဖယောင်းတိုင်တွေ ကိုင်ပြီး စပြီးတော့ အခု လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ညပိုင်း ကန့်ကွက်တဲ့လှုပ်ရှားမှုကို စတင်တယ်။”

ကြေးနီ စီမံကိန်း ရပ်ဖို့အတွက် ကိုကျော်ကိုကို ဦးဆောင်တဲ့ ဗကသများ အဖွဲ့ချုပ်နဲ့ အကျိုးဆောင် ကွန်ယက် ၄ ခုနဲ့အတူ ဒေသခံတွေက ဦးဆောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။
၅ ရက်နေ့ ကတော့ မုံရွာ-ပုသိမ် ကားလမ်းမကို အာဏာပိုင်တွေက ပိတ်ဆို့ တားဆီးထားတဲ့အတွက် ဒီစီမံကိန်းရပ်ဖို့ အတွက် လမ်းမပေါ်မှာပဲ ဆန္ဒပြခဲ့ကြပါတယ်။ ဒီနောက်မှာတော့ အခုလို ညဘက် ဆန္ဒထုတ်ဖော်မှုကို လုပ်ဖို့အတွက် ပိတ်ဆို့ထားတဲ့ လမ်းတွေက မသွားဘဲ တခြားလမ်းကနေ သွားခဲ့ရတာ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ဆိုပါတယ်။

“အခု ကျနော်တို့ ရှိနေတဲ့နေရာကတော့ လက်ပံတောင်းတောင် စီမံကိန်းကြီး လုပ်နေတဲ့နေရာရဲ့ ရှေ့တည့်တည့်မှာပါ။ အခုလောလောဆယ် အာဏာပိုင်တွေဘက်က အခုရောက်ရှိနေတဲ့ နေရာတွေကို မသိသေးပါဘူး။ အဲဒီတော့ အခုချိန်ထိ သူတို့ သတင်းမရသေးတဲ့ အတွက် သူတို့ မရောက်သေးပါဘူး။ ဒါပေမဲ့ သူတို့လာနိုင်တဲ့ လမ်းကြောင်းတွေမှာလည်း ပြည်သူတွေက ရွာလိုက် ရွာလိုက်တွေ ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်တဲ့ နေရာကို လာရောက်ပြီးတော့ နှောက်ယှက်လို့ မရအောင် တားဆီးထားတာတွေ ရှိပါတယ်။”

ဒီစီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်မှု တွေကိုတော့ အသိပညာပေးမှုတွေကို အကျိုးဆောင် ကွန်ယက်တွေက လုပ်ဆောင်နေပြီး မုံရွာဒေသခံတွေ ကလည်း ဒီ စီမံကိန်း ရပ်တန့်ဖို့အတွက် လှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့ရက်တွေက လုပ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်း ကုမ္ပဏီလိမိတက်နဲ့ တရုက်ကုမ္ပဏီ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က ပူပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒေသခံတွေရဲ့ လယ်မြေဧက ၇,၈၀၀ ကျော်ကို သိမ်းယူခဲ့သလို ရွာ ၄ ရွာကိုလည်း ဖယ်ရှားခိုင်းခဲ့တဲ့ အတွက် ဒေသခံတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG