သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္တင္းနစ္မယ္ ေပ်ာက္ဆုံးမႈ အေျဖရဖို႔ ဖိအားတိုးလာ


ေပ်ာက္ဆုံးေနတဲ့ တ႐ုတ္တင္းနစ္မယ္ Peng Shuai. (ဇန္နဝါရီ ၁၃၊ ၂၀၁၉)

တ႐ုတ္တင္းနစ္မယ္ ေပ်ာက္ဆုံးမႈ အေျဖရဖို႔ ဖိအားတိုးလာ

(Zawgyi / Unicode)


နာမည္ေက်ာ္ တ႐ုတ္တင္းနစ္မယ္ Peng Shuai ေပ်ာက္ဆံုးေနတာနဲ႔ ပတ္သက္ၿပီး ကမၻာ့နာမည္ႀကီး တင္းနစ္အားကစားသမားတခ်ဳိ႕နဲ႔အတူ တင္းနစ္အဖြဲ႔အစည္းေတြ၊ လူ႔အခြင့့္အေရး အဖြဲ႔ေတြက အေျဖရဖို႔ ဖိအားေပး ေတာင္းဆိုေနၾကပါတယ္။

တ႐ုတ္ ဒုဝန္ႀကီးခ်ဳပ္ေဟာင္း Zhang Gaoli ဟာ လြန္ခဲ့တဲ့သံုးႏွစ္က အတင္းအဓမၼနည္းသံုးၿပီး သူ႔ကို လိင္ဆက္ဆံခဲ့တယ္လုိ႔ ႏုိဝင္ဘာလ ၂ ရက္ေန႔မွာ Peng Shuai က ဆုိရွယ္မီဒီယာေပၚမွာ ေရးခဲ့ၿပီးတဲ့ေနာက္ လူျမင္ကြင္းကေန ေပ်ာက္သြားတာပါ။ Weibo ဆိုရွယ္မီဒီယာမွာ သူေရးခဲ့တာကလည္း ခ်က္ခ်င္းပဲ ေပ်ာက္သြားပါတယ္။

ဒုဝန္ႀကီးခ်ဳပ္ေဟာင္း Gaoli ဟာ တ႐ုတ္ႏုိင္ငံမွာ ၾသဇာႀကီးလွတဲ့ ကြန္ျမဴနစ္ပါတီ ေပၚလစ္ဗ်ဴ႐ုိ အၿမဲတမ္းေကာ္မတီဝင္ေဟာင္းတဦး ျဖစ္သလို အေထြေထြအတြင္းေရးမွဴး သမၼတ Xi Jinping ရဲ႕ လက္ေထာက္တဦးလည္း ျဖစ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ မတ္လက အၿငိမ္းစားယူသြားတာပါ။

နာမည္ေက်ာ္တင္းနစ္မယ္ Naomi Osaka က ဆင္ဆာလုပ္ ကန္႔သတ္တာကို ဘယ္လိုနည္းမ်ဳိးနဲ႔မွ မလုပ္ရပါဘူးလို႔ #WhereIsPengShuai ဆိုတဲ့ hashtag နဲ႔ ဆုိရွယ္မီဒီယာမွာ ေရးခဲ့ပါတယ္။

အေမရိကန္တင္းနစ္မယ္ Serena Williams က ဒါကို စံုစမ္းစစ္ေဆးရပါမယ္၊ က်မတို႔ ႏႈတ္ပိတ္ေနလို႔ မရပါဘူးလို႔ ေျပာပါတယ္။

Novak Djokovic ကလည္း ဒီကိစၥကို မေျဖရွင္းဘဲ တ႐ုတ္ေျမမွာ ၿပိဳင္ပြဲေတြလုပ္မယ္ဆိုရင္ နည္းနည္း ထူးဆန္းေနမွာ ျဖစ္တာေၾကာင့္ သူ ေဘးကင္းလံုၿခံဳတယ္ဆုိတာ ေသခ်ာဖို႔လိုပါတယ္လုိ႔ မေန႔က ေျပာခဲ့ပါတယ္။

တ႐ုတ္ႏုိင္ငံဟာ ေဆာင္းရာသီ အုိလံပစ္အားကစားပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ ၂ လခြဲပဲ လိုေတာ့သလို ေနာက္ႏွစ္မွာ ကမၻာ့အမ်ဳိးသမီး တင္းနစ္အဖြဲ႔ခ်ဳပ္ (WTA) ၿပိဳင္ပြဲေတြလည္း က်င္းပဖို႔ရွိပါတယ္။

တ႐ုတ္မွာလုပ္မယ့္ WTA ၿပိဳင္ပြဲေတြကို ပယ္ဖ်က္မယ္လုိ႔ WTA ဥကၠ႒လည္းျဖစ္ CEO လည္းျဖစ္သူ Steve Simon က ၿခိမ္းေျခာက္ထားပါတယ္။

Peng Shuai ဘယ္မွာရွိေနတယ္ဆိုတာ သီးျခားလြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈလုပ္ဖို႔ ကုလသမဂၢနဲ႔ အေမရိကန္္တို႔ကလည္း ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

တရုတ်တင်းနစ်မယ် ပျောက်ဆုံးမှု အဖြေရဖို့ ဖိအားတိုးလာ

(Unicode)


နာမည်ကျော် တရုတ်တင်းနစ်မယ် Peng Shuai ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့နာမည်ကြီး တင်းနစ်အားကစားသမားတချို့နဲ့အတူ တင်းနစ်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက အဖြေရဖို့ ဖိအားပေး တောင်းဆိုနေကြပါတယ်။

တရုတ် ဒုဝန်ကြီးချုပ်ဟောင်း Zhang Gaoli ဟာ လွန်ခဲ့တဲ့သုံးနှစ်က အတင်းအဓမ္မနည်းသုံးပြီး သူ့ကို လိင်ဆက်ဆံခဲ့တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ Peng Shuai က ဆိုရှယ်မီဒီယာပေါ်မှာ ရေးခဲ့ပြီးတဲ့နောက် လူမြင်ကွင်းကနေ ပျောက်သွားတာပါ။ Weibo ဆိုရှယ်မီဒီယာမှာ သူရေးခဲ့တာကလည်း ချက်ချင်းပဲ ပျောက်သွားပါတယ်။

ဒုဝန်ကြီးချုပ်ဟောင်း Gaoli ဟာ တရုတ်နိုင်ငံမှာ သြဇာကြီးလှတဲ့ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင်ဟောင်းတဦး ဖြစ်သလို အထွေထွေအတွင်းရေးမှူး သမ္မတ Xi Jinping ရဲ့ လက်ထောက်တဦးလည်း ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လက အငြိမ်းစားယူသွားတာပါ။

နာမည်ကျော်တင်းနစ်မယ် Naomi Osaka က ဆင်ဆာလုပ် ကန့်သတ်တာကို ဘယ်လိုနည်းမျိုးနဲ့မှ မလုပ်ရပါဘူးလို့ #WhereIsPengShuai ဆိုတဲ့ hashtag နဲ့ ဆိုရှယ်မီဒီယာမှာ ရေးခဲ့ပါတယ်။

အမေရိကန်တင်းနစ်မယ် Serena Williams က ဒါကို စုံစမ်းစစ်ဆေးရပါမယ်၊ ကျမတို့ နှုတ်ပိတ်နေလို့ မရပါဘူးလို့ ပြောပါတယ်။

Novak Djokovic ကလည်း ဒီကိစ္စကို မဖြေရှင်းဘဲ တရုတ်မြေမှာ ပြိုင်ပွဲတွေလုပ်မယ်ဆိုရင် နည်းနည်း ထူးဆန်းနေမှာ ဖြစ်တာကြောင့် သူ ဘေးကင်းလုံခြုံတယ်ဆိုတာ သေချာဖို့လိုပါတယ်လို့ မနေ့က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဆောင်းရာသီ အိုလံပစ်အားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ၂ လခွဲပဲ လိုတော့သလို နောက်နှစ်မှာ ကမ္ဘာ့အမျိုးသမီး တင်းနစ်အဖွဲ့ချုပ် (WTA) ပြိုင်ပွဲတွေလည်း ကျင်းပဖို့ရှိပါတယ်။

တရုတ်မှာလုပ်မယ့် WTA ပြိုင်ပွဲတွေကို ပယ်ဖျက်မယ်လို့ WTA ဥက္ကဋ္ဌလည်းဖြစ် CEO လည်းဖြစ်သူ Steve Simon က ခြိမ်းခြောက်ထားပါတယ်။

Peng Shuai ဘယ်မှာရှိနေတယ်ဆိုတာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်တို့ကလည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG