သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပ်ာက္ေနတဲ့ တ႐ုတ္တင္းနစ္ အားကစားမယ္ ရွာေဖြေရး ကန္နဲ႔ ကုလတိုက္တြန္း


FILE - A file photo of China’s Peng Shuai serving during a match at the Australian Open, Jan. 15, 2019.

Zawgyi

ေပ်ာက္ေနတဲ့ တ႐ုတ္တင္းနစ္ အားကစားမယ္ ရွာေဖြေရး ကန္နဲ႔ ကုလတိုက္တြန္း

တရုတ္ ဒုတိယ၀န္ႀကီးခ်ဳပ္ေဟာင္းရဲ႕ လိင္ပိုင္းဆိုင္ရာအႏိုင္က်င့္တာ ခံခဲ့ရတယ္ဆိုတဲ့ စြပ္စဲြခ်က္ေတြထြက္ေပၚခဲ့ၿပီးေနာက္ လူျမင္ကြင္းကေန ႐ုတ္တရက္ေပ်ာက္ကြယ္သြားတဲ့ တ႐ုတ္တင္းနစ္အားကစားမယ္ Peng Shuai နဲ႔ ပတ္သက္လို႔ စိုးရိမ္မကင္း ျဖစ္ရေၾကာင္းနဲ႔ အေျခအေနမွန္ကို စုံစမ္းဖို႔ အေမရိကန္ နဲ့ ကုလသမဂၢတာ၀န္ရွိ သူေတြက ေသာၾကာေန့မွာ ေျပာဆုိလုိက္ပါတယ္။

ကမၻာေက်ာ္တင္းနစ္မယ္ Peng Shuai ဘယ္ေနရာမွာရွိေနတယ္ဆုိတာကုိ လြတ္လပ္ၿပီး၊ စုံစမ္းအတည္ျပုႏုိင္မယ့္ အေထာက္အထားေတြကုိ တရုတ္တာ၀န္ရွိသူေတြအေနနဲ့ ေပးဖုိ့ အေမရိကန္သမတဂ်ိဳးဘုိင္ဒင္အစုိးရအေနနဲ့ လုိလားတယ္လုိ့ သမတအိမ္ျဖူေတာ္ ေျပာေရးဆုိ ခြင့္ရွိသူ Jen Psaki ကေသာၾကာေန့မွာ ေျပာဆုိလုိက္ပါတယ္။

တင္းနစ္မယ္ Peng Shuai ရဲ့ကိစၥနဲ့ပတ္သက္ၿပီး လြတ္လပ္ပြင့္လင္းတဲ့ စုံးစမ္းစစ္ေဆးမွုကုိ အျပည့္အ၀လုပ္ေဆာင္ဖုိ့ ကုလသမကုလသမဂၢကလည္းတုိက္တြန္းလုိက္ပါတယ္။ သူ ဘယ္မွာရွိေနလဲဆုိတာနဲ့ ေကာင္းမြန္စြာရွိမရွိဆုိတာကုိ တရုတ္တာ၀န္ရွိသူေတြအေနနဲ့ သက္ေသအေထာက္အထားျပ ဖုိ့ေရးႀကီးတယ္လုိ့ ကုလသမဂၢ လူ့အခြင့္အေရးရုံးရဲ့ေျပာေရး ဆုိခြင့္ရွိသူ Liz Throssell ကေျပာဆုိခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ အားကစားမယ္ကို တရုတ္ဒုတိယ၀န္ႀကီးခ်ဳပ္ေဟာင္းလည္းျဖစ္ ေပါလစ္ဗ်ဴရုိေဟာင္းလည္းျဖစ္တဲ့ အသက္ ၇၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Zhang Gaoli က လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ခဲ့ေၾကာင္း လူမႈကြန္ရက္ေတြမွာ စြပ္စဲြခ်က္ထြက္ေပၚလာခဲ့ၿပီးေနာက္ လူျမင္ကြင္းကေနရုတ္တရက္ ေပ်ာက္ကြယ္သြားခဲ့တာပါ။

သူေပ်ာက္ဆုံးမႈအတြက္ ကမာၻေက်ာ္ တင္းနစ္အားကစားသမားေတြ ျဖစ္ၾကတဲ့ Serena Williams, Novak Djokovic နဲ႔ Naomi Osaka တို႔ကလည္းစိုးရိမ္တဲ့ သေဘာထားေတြ ေျပာဆိုထားၾကၿပီး၊ ကမာၻ႔အမ်ဳိးသမီး တင္းနစ္အားကစားအသင္း အႀကီးအကဲကလည္း တ႐ုတ္တင္းနစ္မယ္ ေပ်ာက္ဆုံးမႈနဲ႔ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈ စြပ္စဲြခ်က္ေတြကို မေဖာ္ထုတ္ရင္ တ႐ုတ္ႏိုင္ငံနဲ႔ အဆက္ျဖတ္မယ္လို႔ သတိေပးထားပါတယ္။

####

တိုက္႐ိုက္ လင့္ခ္


Unicode

ပျောက်နေတဲ့ တရုတ်တင်းနစ် အားကစားမယ် ရှာဖွေရေး ကန်နဲ့ ကုလတိုက်တွန်း

တရုတ် ဒုတိယဝန်ကြီးချုပ်ဟောင်းရဲ့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာ ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပြီးနောက် လူမြင်ကွင်းကနေ ရုတ်တရက်ပျောက်ကွယ်သွားတဲ့ တရုတ်တင်းနစ်အားကစားမယ် Peng Shuai နဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရကြောင်းနဲ့ အခြေအနေမှန်ကို စုံစမ်းဖို့ အမေရိကန် နဲ့ ကုလသမဂ္ဂတာဝန်ရှိ သူတွေက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ကမ္ဘာကျော်တင်းနစ်မယ် Peng Shuai ဘယ်နေရာမှာရှိနေတယ်ဆိုတာကို လွတ်လပ်ပြီး၊ စုံစမ်းအတည်ပြုနိုင်မယ့် အထောက်အထားတွေကို တရုတ်တာဝန်ရှိသူတွေအနေနဲ့ ပေးဖို့ အမေရိကန်သမတဂျိုးဘိုင်ဒင်အစိုးရအနေနဲ့ လိုလားတယ်လို့ သမတအိမ်ဖြူတော် ပြောရေးဆို ခွင့်ရှိသူ Jen Psaki ကသောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

တင်းနစ်မယ် Peng Shuai ရဲ့ကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ စုံးစမ်းစစ်ဆေးမှုကို အပြည့်အဝလုပ်ဆောင်ဖို့ ကုလသမကုလသမဂ္ဂကလည်းတိုက်တွန်းလိုက်ပါတယ်။ သူ ဘယ်မှာရှိနေလဲဆိုတာနဲ့ ကောင်းမွန်စွာရှိမရှိဆိုတာကို တရုတ်တာဝန်ရှိသူတွေအနေနဲ့ သက်သေအထောက်အထားပြ ဖို့ရေးကြီးတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ပြောရေး ဆိုခွင့်ရှိသူ Liz Throssell ကပြောဆိုခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် အားကစားမယ်ကို တရုတ်ဒုတိယဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ပေါလစ်ဗျူရိုဟောင်းလည်းဖြစ်တဲ့ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Zhang Gaoli က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ကြောင်း လူမှုကွန်ရက်တွေမှာ စွပ်စွဲချက်ထွက်ပေါ်လာခဲ့ပြီးနောက် လူမြင်ကွင်းကနေရုတ်တရက် ပျောက်ကွယ်သွားခဲ့တာပါ။

သူပျောက်ဆုံးမှုအတွက် ကမ္ဘာကျော် တင်းနစ်အားကစားသမားတွေ ဖြစ်ကြတဲ့ Serena Williams, Novak Djokovic နဲ့ Naomi Osaka တို့ကလည်းစိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားကြပြီး၊ ကမ္ဘာ့အမျိုးသမီး တင်းနစ်အားကစားအသင်း အကြီးအကဲကလည်း တရုတ်တင်းနစ်မယ် ပျောက်ဆုံးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု စွပ်စွဲချက်တွေကို မဖော်ထုတ်ရင် တရုတ်နိုင်ငံနဲ့ အဆက်ဖြတ်မယ်လို့ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG