သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီအႀကီးအကဲ တ႐ုတ္အထူးသံ နဲ႔ ေတြ႕ဆံု


Chinese Diplomat Sun Guoxaing meets Senior General Min Aung Hlaing

Zawgyi

ျမန္မာစစ္ေကာင္စီအႀကီးအကဲ တ႐ုတ္အထူးသံ နဲ႔ ေတြ႕ဆံု

တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန အာရွဆုိင္ရာအထူးကုိယ္စားလွယ္ မစၥတာ စြန္ ေကာ့ရွင္း ဟာ ႏုိ၀င္ ဘာလ ၁၅ ရက္ေန့ တနလၤာေန့က ျမန္မာႏုိင္ငံကုိေရာက္ရွိခဲ့ၿပီး အာဏာသိမ္းစစ္ေကာင္စီဥကၠဌ ဗုိလ္ခ်ဳပ္မွုးႀကီးမင္းေအာင္လွုိင္နဲ့ ေနျပည္ေတာ္မွာေတြ့ဆုံခဲ့ပါတယ္။

တရုတ္အထူးသံတမံနဲ့ေတြ့ဆုံတဲ့ကိစၥမွာေဆြးေႏြးခ်က္အေသးစိပ္ကုိမသိရေပမယ့္၊ အာဏာသိမ္းစစ္ ေကာင္စီဘက္ကထုတ္ျပန္ခ်က္ေတြအရကေတာ့ ပါတီစုံဒီမုိကေရစီစနစ္ကုိေလ်ာက္လွမ္းႏုိင္ေရး၊ ျမန္မာနဲ့အာစီယံဆက္ဆံေရး၊ ျမန္မာ့ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥေတြကုိေဆြးေႏြးခဲ့တယ္လုိ့ေဖၚျပ ထားပါတယ္။

တရုတ္အထူးကုိယ္စားလွယ္ မစၥတာ စြန္ ေကာ့ရွင္း ဟာ ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီး ေနာက္ ဒီတႀကိမ္ဟာဒုတိယအႀကိမ္လာေရာက္တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ၾသဂုတ္လထဲတုန္း ပထမ တႀကိမ္ေရာက္ခဲ့ပါေသးတယ္။ အဲဒိတႀကိမ္တုန္းက ေဒၚေအာင္ဆန္းစုၾကည္နဲ့ေတြ့ဆုံခြင့္ေတာင္းခဲ့ ေပးမယ့္မရခဲ့ပါဘူး။

တခ်ိန္ထဲမွာဘဲ အေမရိကန္ျပည္ေထာင္စုက အထက္လႊတ္ေတာ္အမတ္ေဟာင္း၊ စြမ္းအင္၀န္ႀကီး ေဟာင္း ေဘရစ္ခ်တ္ဆင္ဟာလည္း ႏုိ၀င္ဘာလ ၁၅ ရက္ေန့မွာ အာဏာသိမ္းစစ္ေကာင္စီ ဥကၠဌ ဗုိလ္ခ်ဳပ္မွုးႀကီးမင္းေအာင္လွိဳင္နဲ့ေနျပည္ေတာ္မွေတြ့ဆုံခဲ့ပါတယ္။

ကုိဗစ္ ၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးဆုိင္ရာကိစၥမ်ား၊ လူသားျခင္းစာနာေထာက္ထားမွုဆုိင္ရာကိစၥ မ်ားေဆြးေႏြးခဲ့ၾကပါတယ္။ ႏုိ၀င္ဘာလ ၁၅ ရက္ေန့ တနလၤာေန့မွာဘဲ အေမရိကန္သတင္းသမား Danny Fenster ဖမ္းဆီးေထာင္ခ်ခံထားရာကာေန ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ ဒီလုိ လြတ္ေျမာက္လာတဲ့အေပၚ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken ကေတာ့ ၀န္ႀကီး ေဟာင္း Bill Richardson ကုိခ်ိီးက်ဴးခဲ့ပါတယ္။

###

Unicode

မြန်မာစစ်ကောင်စီအကြီးအကဲ တရုတ်အထူးသံ နဲ့ တွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ စွန် ကော့ရှင်း ဟာ နိုဝင် ဘာလ ၁၅ ရက်နေ့ တနင်္လာနေ့က မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။

တရုတ်အထူးသံတမံနဲ့တွေ့ဆုံတဲ့ကိစ္စမှာဆွေးနွေးချက်အသေးစိပ်ကိုမသိရပေမယ့်၊ အာဏာသိမ်းစစ် ကောင်စီဘက်ကထုတ်ပြန်ချက်တွေအရကတော့ ပါတီစုံဒီမိုကရေစီစနစ်ကိုလျောက်လှမ်းနိုင်ရေး၊ မြန်မာနဲ့အာစီယံဆက်ဆံရေး၊ မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ဖေါ်ပြ ထားပါတယ်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ စွန် ကော့ရှင်း ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး နောက် ဒီတကြိမ်ဟာဒုတိယအကြိမ်လာရောက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လထဲတုန်း ပထမ တကြိမ်ရောက်ခဲ့ပါသေးတယ်။ အဲဒိတကြိမ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းခဲ့ ပေးမယ့်မရခဲ့ပါဘူး။

တချိန်ထဲမှာဘဲ အမေရိကန်ပြည်ထောင်စုက အထက်လွှတ်တော်အမတ်ဟောင်း၊ စွမ်းအင်ဝန်ကြီး ဟောင်း ဘေရစ်ချတ်ဆင်ဟာလည်း နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့နေပြည်တော်မှတွေ့ဆုံခဲ့ပါတယ်။

ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာကိစ္စများ၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စ များဆွေးနွေးခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ တနင်္လာနေ့မှာဘဲ အမေရိကန်သတင်းသမား Danny Fenster ဖမ်းဆီးထောင်ချခံထားရာကာနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒီလို လွတ်မြောက်လာတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ဝန်ကြီး ဟောင်း Bill Richardson ကိုချီးကျူးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG