သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္အထူးကိုယ္စားလွယ္ ျမန္မာခရီးစဥ္မွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ေတြ႕


တ႐ုတ္အထူးကိုယ္စားလွယ္ ဆြန္ေကာ့ရွန္ UWSA ၀ေခါင္းေဆာင္တခ်ဳိ႕နဲ႔အတူ ပန္ဆန္းၿမိဳ႕မွာ ေတြ႕ရစဥ္၊ ဧၿပီ ၁၇၊ ၂၀၁၉

{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံ အာရွေရးရာ အထူးကိုယ္စားလွယ္ရဲ႕ သီတင္းတပတ္ၾကာ ျမန္မာႏိုင္ငံခရီးစဥ္မွာ ျမန္မာစစ္ေခါင္းေဆာင္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အာရွဆိုင္ရာ အထူးကိုယ္စားလွယ္ ဆြန္ေကာ့ရွင္ ရဲ႕ ၾသဂုတ္လ ၂၁ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ ခရီးစဥ္အတြင္း ျမန္မာစစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံၿပီး အျမင္ဖလွယ္ခဲ့ေၾကာင္းလည္း ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ တ႐ုတ္သံ႐ုံးရဲ႕ အဂၤါေန႔က ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး AFP သတင္းက ေဖာ္ျပခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ လူမႈေရးအရ ျပန္လည္တည္ၿငိမ္ေအာင္ ႀကိဳးပမ္းမႈေတြနဲ႔ ဒီမိုကေရစီေဖၚေဆာင္ေရး အျမန္ဆုံး ျပန္လည္စတင္ႏိုင္ဖို႔ ႀကိဳးပမ္းမႈေတြကို တ႐ုတ္ႏိုင္ငံက အားေပးေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႀကိဳတင္ေၾကညာထားတာ မရွိပဲ သြားေရာက္ခဲ့တဲ့ တ႐ုတ္အထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္မွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခဲ့တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ အာဏာသိမ္းၿပီးေနာက္ပိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ အခ်ဳိ႕ပါ၀င္ ဖဲြ႕စည္းထားတဲ့ NUG အမ်ဳိးသားညီၫြတ္ေရး အစိုးရအဖဲြ႕၀င္ေတြနဲ႔ ေတြ႕ဆုံမႈ ရွိ၊ မရွိ ဆိုတာကိုေတာ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပမထားပါဘူး။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနခ်ိန္မွာပဲ တ႐ုတ္အထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး အာဏာသိမ္းတဲ့ လုပ္ရပ္အတြက္ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ဖိအားေပး အေရးယူဖို႔ ႀကိဳးပမ္းမႈေတြကိုေတာ့ တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံေတြက ကန္႔ကြက္ထားၾကပါတယ္။

...............................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်ရဲ့ သီတင်းတပတ်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အာရှဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှင် ရဲ့ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး အမြင်ဖလှယ်ခဲ့ကြောင်းလည်း့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူမှုရေးအရ ပြန်လည်တည်ငြိမ်အောင် ကြိုးပမ်းမှုတွေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေး အမြန်ဆုံး ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံက အားပေးကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြိုတင်ကြေညာထားတာ မရှိပဲ သွားရောက်ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ် အချို့ပါဝင် ဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှု ရှိ၊ မရှိ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေချိန်မှာပဲ တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းတဲ့ လုပ်ရပ်အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေး အရေးယူဖို့ ကြိုးပမ်းမှုတွေကိုတော့ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကန့်ကွက်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG