သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ တံခါးပိတ္အစည္းအေဝး က်င္းပမည္


တ႐ုတ္သမၼတ Xi Jinping. (ေအာက္တိုဘာ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ ဗဟိုေကာ္မတီ တံခါးပိတ္အစည္းအေဝးကို လာမယ့္ တနလၤာေန႔ကေန ၾကာသပေတးေန႔အထိ ေဘဂ်င္းၿမိဳ႕ေတာ္မွာ က်င္းပဖို႔ရွိၿပီး သမၼတ Xi Jinping ကုိယ္တိုင္ ဦးေဆာင္တက္ေရာက္မွာ ျဖစ္ပါတယ္။

တ႐ုတ္ကြန္ျမဴနစ္ပါတီ အႀကိမ္ ၂၀ ေျမာက္ ညီလာခံကို ေနာက္ႏွစ္ ေဆာင္းဦးရာသီမွာ က်င္းပဖို႔ရွိၿပီး အဲဒီညီလာခံ မတုိင္ခင္မွာ အဖြဲ႔ဝင္ ၄၀၀ ေလာက္ရွိၿပီး ၾသဇာႀကီးတဲ့ ဗဟိုေကာ္မတီ အစည္းအေဝး က်င္းပမွာ ျဖစ္ပါတယ္။

အႀကိမ္ ၂၀ ေျမာက္ ပါတီညီလာခံမွာ သမၼတ Xi ကို တတိယသက္တမ္းအတြက္ ဆက္ၿပီး အတည္ျပဳမယ္လုိ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ခန္႔မွန္းထားၾကပါတယ္။ ဒီအတိုင္းမွန္ရင္ေတာ့ သမၼတ Xi ဟာ တ႐ုတ္ေခါင္းေဆာင္ႀကီး ေမာ္စီတုန္း ေနာက္ပိုင္းမွာ တ႐ုတ္ႏုိင္ငံရဲ႕ ၾသဇာအႀကီးဆံုးေခါင္းေဆာင္ ျဖစ္လာေတာ့မွာပါ။

ေနာက္သီတင္းပတ္ အစည္းအေဝး အတြင္းမွာေတာ့ ပါတီရဲ႕ ႏွစ္ေပါင္း ၁၀၀ သက္တမ္းအတြင္း အဓိကေအာင္ျမင္မႈေတြကို ေအာင္ပြဲခံ ညႊန္းဆိုေဖာ္ျပမယ့္ အဓိကဆံုးျဖတ္ခ်က္တရပ္အေပၚ ထိပ္တန္းေခါင္းေဆာင္ေတြ ေဆြးေႏြးၾကမယ္လုိ႔ ႏုိင္ငံပိုင္ ဆင္ဟြာသတင္းက ေဖာ္ျပပါတယ္။

တ႐ုတ္ႏုိင္ငံရဲ႕ အဆင့္ျမင့္ ႏုိင္ငံေရးအစည္းအေဝးေတြ အားလံုးဟာ ႀကိဳတင္ အကြက္ခ် ျပင္ဆင္ၿပီးမွ က်င္းပတာျဖစ္ၿပီး ပါတီရဲ႕ရပ္တည္ခ်က္ သေဘာထားကို ဆန္႔က်င္ၿပီးေတာ့ ပြင့္ပြင့္လင္းလင္း ေျပာဆိုေဆြးေႏြးတာမ်ဳိး မရွိသေလာက္ပါပဲ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တံခါးပိတ်အစည်းအဝေး ကျင်းပမည်

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ တံခါးပိတ်အစည်းအဝေးကို လာမယ့် တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ဘေဂျင်းမြို့တော်မှာ ကျင်းပဖို့ရှိပြီး သမ္မတ Xi Jinping ကိုယ်တိုင် ဦးဆောင်တက်ရောက်မှာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ညီလာခံကို နောက်နှစ် ဆောင်းဦးရာသီမှာ ကျင်းပဖို့ရှိပြီး အဲဒီညီလာခံ မတိုင်ခင်မှာ အဖွဲ့ဝင် ၄၀၀ လောက်ရှိပြီး သြဇာကြီးတဲ့ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။

အကြိမ် ၂၀ မြောက် ပါတီညီလာခံမှာ သမ္မတ Xi ကို တတိယသက်တမ်းအတွက် ဆက်ပြီး အတည်ပြုမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြပါတယ်။ ဒီအတိုင်းမှန်ရင်တော့ သမ္မတ Xi ဟာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာအကြီးဆုံးခေါင်းဆောင် ဖြစ်လာတော့မှာပါ။

နောက်သီတင်းပတ် အစည်းအဝေး အတွင်းမှာတော့ ပါတီရဲ့ နှစ်ပေါင်း ၁၀၀ သက်တမ်းအတွင်း အဓိကအောင်မြင်မှုတွေကို အောင်ပွဲခံ ညွှန်းဆိုဖော်ပြမယ့် အဓိကဆုံးဖြတ်ချက်တရပ်အပေါ် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးကြမယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

တရုတ်နိုင်ငံရဲ့ အဆင့်မြင့် နိုင်ငံရေးအစည်းအဝေးတွေ အားလုံးဟာ ကြိုတင် အကွက်ချ ပြင်ဆင်ပြီးမှ ကျင်းပတာဖြစ်ပြီး ပါတီရဲ့ရပ်တည်ချက် သဘောထားကို ဆန့်ကျင်ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးတာမျိုး မရှိသလောက်ပါပဲ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG