သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္၀မ္လြတ္လပ္ေရး ေထာက္ခံသူေတြ တ႐ုတ္အစိုးရ ေထာင္ဒဏ္တသက္ အျပစ္ေပးမည္


= = [[ Zawgyi ]] = =

ထိုင္၀မ္လြတ္လပ္ေရး ေထာက္ခံသူေတြ တ႐ုတ္အစိုးရ ေထာင္ဒဏ္တသက္ အျပစ္ေပးမည္

တိုင္ဝမ္လြတ္လပ္ေရးအတြက္ ေထာက္ခံပ့ံပိုးသူေတြကို ရာဇ၀တ္မႈနဲ႔ ေထာင္ဒဏ္တသက္တကၽြန္း ျပစ္ဒဏ္စီရင္မွာျဖစ္ေၾကာင္း တ႐ုတ္အစိုးရ တိုင္ဝမ္ေရးရာဌာနက ေသာၾကာေန႔မွာ ေျပာပါတယ္။ ဒါဟာ ထိုင္ဝမ္ကို တ႐ုတ္ပိုင္နက္အျဖစ္ေၾကညာထားတဲ့ တ႐ုတ္အစိုးရနဲ႔ တိုင္ဝမ္တို႔ၾကား တင္းမာမႈေတြ တိုးလာခ်ိန္မွာ ထိုင္ဝမ္လြတ္လပ္ေရး လိုလားသူေတြကို အျပစ္ေပးဖို႔ တ႐ုတ္အစိုးရက ပထမဆံုးအႀကိမ္အျဖစ္ ေျပာၾကားလိုက္ၿပီး အမည္မည္း စာရင္းကိုပါ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ဒီစာရင္းထဲမွာ တိုင္ဝမ္ဝန္ႀကီးခ်ဳပ္ Su Tseng-chang၊ လႊတ္ေတာ္ဥကၠဌ You Si-kun နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Joseph Wu တို႔ကိုပါ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

ဒီစာရင္းထဲပါဝင္သူေတြကို တ႐ုတ္ျပည္မႀကီးနဲ႔ ေဟာင္ေကာင္၊ မကာအို အထူးအုပ္ခ်ဳပ္ခြင့္ရ ေဒသေတြ ကိုပါဝင္ေရာက္ခြင့္ ေပးမွာ မဟုတ္ေၾကာင္း ေျပာခြင့္ရ Zhu Fenglian က ေသာၾကာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒီလူေတြနဲ႔ သူတို႔ရဲ႕ ကုမၸဏီေတြဟာ တ႐ုတ္ျပည္မႀကီးက လူေတြ၊ ကုမၸဏီေတြနဲ႔ လက္တြဲေဆာင္ရြက္ခြင့္ မရွိသလို လိုအပ္တဲ့အေရးယူမႈေတြကိုပါ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္းလည္းေျပာပါတယ္။

ေသာင္းနဲ႔ခ်ီတဲ့ တိုင္ဝမ္သား ေတြဟာ လက္ရွိမွာ တ႐ုတ္ျပည္မထဲမွာ အလုပ္လုပ္ကိုင္ေနၾကသလို တိုင္ဝမ္ကုမၸဏီ အမ်ားအျပားဟာလည္း တ႐ုတ္ျပည္မနဲ႔ လက္တြဲေဆာင္ရြက္ေနတာ ျဖစ္ၿပီး တိုင္ဝမ္ႏိုင္ငံေရးသမားေတြကလည္း သူတို႔ရဲ႕ေရြးေကာက္ပြဲ မဲဆြယ္ပြဲေတြအတြက္ ဒီကုမၸဏီေတြက ရံပံုေငြရေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = {{ Unicode }} = =

ထိုင်ဝမ်လွတ်လပ်ရေး ထောက်ခံသူတွေ တရုတ်အစိုးရ ထောင်ဒဏ်တသက် အပြစ်ပေးမည်

တိုင်ဝမ်လွတ်လပ်ရေးအတွက် ထောက်ခံပံ့ပိုးသူတွေကို ရာဇဝတ်မှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်စီရင်မှာဖြစ်ကြောင်း တရုတ်အစိုးရ တိုင်ဝမ်ရေးရာဌာနက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ ထိုင်ဝမ်ကို တရုတ်ပိုင်နက်အဖြစ်ကြေညာထားတဲ့ တရုတ်အစိုးရနဲ့ တိုင်ဝမ်တို့ကြား တင်းမာမှုတွေ တိုးလာချိန်မှာ ထိုင်ဝမ်လွတ်လပ်ရေး လိုလားသူတွေကို အပြစ်ပေးဖို့ တရုတ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ပြောကြားလိုက်ပြီး အမည်မည်း စာရင်းကိုပါ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာ တိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang၊ လွှတ်တော်ဥက္ကဌ You Si-kun နဲ့ နိုင်ငံခြားရေးဝန်ကြီး Joseph Wu တို့ကိုပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒီစာရင်းထဲပါဝင်သူတွေကို တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်၊ မကာအို အထူးအုပ်ချုပ်ခွင့်ရ ဒေသတွေ ကိုပါဝင်ရောက်ခွင့် ပေးမှာ မဟုတ်ကြောင်း ပြောခွင့်ရ Zhu Fenglian က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီလူတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေဟာ တရုတ်ပြည်မကြီးက လူတွေ၊ ကုမ္ပဏီတွေနဲ့ လက်တွဲဆောင်ရွက်ခွင့် မရှိသလို လိုအပ်တဲ့အရေးယူမှုတွေကိုပါ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်းပြောပါတယ်။

သောင်းနဲ့ချီတဲ့ တိုင်ဝမ်သား တွေဟာ လက်ရှိမှာ တရုတ်ပြည်မထဲမှာ အလုပ်လုပ်ကိုင်နေကြသလို တိုင်ဝမ်ကုမ္ပဏီ အများအပြားဟာလည်း တရုတ်ပြည်မနဲ့ လက်တွဲဆောင်ရွက်နေတာ ဖြစ်ပြီး တိုင်ဝမ်နိုင်ငံရေးသမားတွေကလည်း သူတို့ရဲ့ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေအတွက် ဒီကုမ္ပဏီတွေက ရံပုံငွေရနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG