သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ် အတိုက်အခံပါတီ ခေါင်းဆောင်သစ်ကို တရုတ်သမ္မတ ချီးကျူးဂုဏ်ပြု


ကူမင်တန်ပါတီ ခေါင်းဆောင် Eric Chu. (စက်တင်ဘာ ၂၅၊ ၂၀၂၁)
ကူမင်တန်ပါတီ ခေါင်းဆောင် Eric Chu. (စက်တင်ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်ဝမ်နိုင်ငံမှာ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန်ပါတီရဲ့ ခေါင်းဆောင်အဖြစ် Eric Chu ရွေးချယ်ခံရတဲ့အပေါ် တရုတ်သမ္မတ Xi Jinping က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ကူမင်တန်ပါတီရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ Eric Chu ဟာ တရုတ်ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်လည်စတင်မယ်လို့ ပြောဆိုထားသူ ဖြစ်ပါတယ်။

ထိုင်ဝမ်ရေလက်ကြားရဲ့ အခြေအနေဟာ ရှုပ်ထွေးပြီး တင်းမာခက်ထန်နေတယ်လို့ ပါတီခေါင်းဆောင်သစ် Eric Chu ထံကိုပေးပို့တဲ့ တရုတ်သမ္မတ Xi Jinping ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ကူမင်တန်ပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ဟာ ကောင်းမွန်တဲ့ အပြန်အလှန် ဆက်ဆံရေး ရှိခဲ့ကြောင်းနဲ့ ပါတီနှစ်ခုစလုံးဟာ ထိုင်ဝမ်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ထူထောင်ဖို့ ဆန္ဒမရှိတဲ့ အခြေခံခြင်း တူညီတယ်လို့လည်း ဆိုပါတယ်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း သမ္မတ Xi က ဖော်ပြထားပါတယ်။

တရုတ်ကွန်မြူနစ်အစိုးရဟာ ထိုင်ဝမ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်မပြုဘဲ တရုတ်ပြည်ရဲ့ နယ်မြေအစိတ်အပိုင်းအဖြစ်ပဲ သတ်မှတ်ထားပါတယ်။

ကူမင်တန်ပါတီရဲ့ ခေါင်းဆောင်သစ် Eric Chu ကတော့ တရုတ်အစိုးရနဲ့ တင်းမာတဲ့ အခြေအနေတွေ ဖြစ်ခဲ့တဲ့အပေါ် သမ္မတ Tsai ရဲ့ မူဝါဒတွေကြောင့်လို့ အပြစ်တင်ပါတယ်။ ကူမင်တန်ပါတီခေါင်းဆောင် Eric Chu ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတုန်းက သမ္မတ Tsai ကို မဲအပြတ်သတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)









XS
SM
MD
LG