သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကိုစိုးရိမ်တဲ့ ထိုင်ဝမ် ခေတ်မီစစ်လက်နက် တပ်ဆင်ဖို့ လုပ်ဆောင်


ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှုတခုအတွင်း ဒုံးကျည်ပစ်ခတ်ပြနေတဲ့ ရေတပ်စစ်သင်္ဘောတစီး။ (မေ ၁၆၊ ၂၀၀၇)
ထိုင်ဝမ် စစ်ရေးလေ့ကျင့်မှုတခုအတွင်း ဒုံးကျည်ပစ်ခတ်ပြနေတဲ့ ရေတပ်စစ်သင်္ဘောတစီး။ (မေ ၁၆၊ ၂၀၀၇)

(Zawgyi / Unicode)

ထိုင်ဝမ်မှာ ခေတ်မီ စစ်ဘက်ပစ္စည်းတွေ ဝယ်ယူရေးနဲ့ တိုးချဲ့ရေးအတွက် လာမယ့်နှစ်မှာ စစ်တပ်အသုံးစရိတ် တိုးမြှင့်ရေး အစိုးရက အဆိုပြုထားပါတယ်။

ထိုင်ဝမ်ရေပြင်နဲ့ ဝေဟင်ပိုင်နက်အတွင်း တရုတ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ဆက်ပြီး ကျူးကျော်ဝင်ရောက်နေပြီး တိုက်ခိုက်မယ့်အရေး စိုးရိမ်နေတာနဲ့အတူ အခုလို စစ်တပ်အသုံးစရိတ် တိုးချဲ့ဖို့ အဆိုပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်လေယာဉ်တွေ၊ ပဲ့ထိန်းတပ် ဒုံးတွေနဲ့ အဝေးထိန်း ဒရုန်းယာဉ်တွေလို စစ်ဘက်ပစ္စည်းတွေ ဝယ်ယူရေးအတွက် လာမယ့်နှစ်မှာ ဒေါ်လာ ၁၇ ဒသမ ၇ ဘီလျံ အသုံးပြုနိုင်ရေး အစိုးရရဲ့ ပန်ကြားချက်ကို ထိုင်ဝမ်လွှတ်တော်အမတ်တွေ စပြီး ဆွေးနွေး သုံးသပ်နေကြပါတယ်။ ဒီထဲက ဒေါ်လာ ၁ ဒသမ ၄၅ ဘီလျံကိုတော့ တိုက်လေယာဉ်တွေ ဝယ်ယူရေး အပါအဝင် အထူးရည်ရွယ် အသုံးစရိတ်ဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၁၃ ဘီလျံကတော့ အထွေထွေအသုံးစရိတ်အတွက် လျာထားပါတယ်။

အာဏာရပါတီက ကြီးစိုးထားတဲ့ လွှတ်တော်မှာ အဆိုပြု အသုံးစရိတ်ကို ပြန်လှန်သုံးသပ်ပြီး နှစ်ကုန်ပိုင်းမှာ အတည်ပြုမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

၂၀၂၀ ပြည့်နှစ် အလယ်ပိုင်းလောက်ကစလို့ ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ဧရိယာအတွင်းနဲ့ အနီးမှာ တရုတ်ဘက်က လှုပ်ရှားမှု များလာတာတွေကို တုံ့ပြန်မှုအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်သစ် ထွက်ပေါ်လာတာပါ။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG