(Zawgyi/Unicode)
တိုင္ဝမ္ရဲ႕ ေလေၾကာင္း ကာကြယ္ေရးဇံုထဲကို တနလၤာေန႔က တ႐ုတ္ ဂ်က္ေလယာဥ္ ၂၅ စင္း က်ဴးေက်ာ္ ဝင္ေရာက္ပ်ံသန္းခဲ့တယ္လို႔ တိုင္ဝမ္အစိုးရက ေျပာပါတယ္။ ဒါဟာ ေဒသတြင္းမွာ တ႐ုတ္ရဲ႕ ရန္လိုလုပ္ေဆာင္မႈေတြ တိုးလာေနတာအတြက္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken သတိေပးၿပီး ေနာက္တေန႔မွာ ျဖစ္ပြားခဲ့တာပါ။
တိုက္ေလယာဥ္ ၁၈ စင္းအပါအဝင္ တ႐ုတ္ဂ်က္ေလယာဥ္ေတြဟာ တိုင္ဝမ္ရဲ႕ ADIZ ေလေၾကာင္းကာကြယ္ေရးဇံုထဲကို ဝင္လာတာေၾကာင့္ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနကေန သူတို႔ထြက္သြားေအာင္ သတိေပးခ်က္ေတြ ထုတ္လႊင့္ၿပီး ေလယာဥ္ေတြကို ေစာင့္ၾကည့္ခဲ့ရပါတယ္။ ဒါဟာ ဒီလထဲမွာပဲ ၁၀ ရက္ေျမာက္ ဆက္တိုက္ က်ဴးေက်ာ္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။
တိုင္ဝမ္ဝန္းက်င္ အေျခေနေျပာင္းလဲေအာင္ တ႐ုတ္ဘက္က မႀကိဳးစားဖို႔နဲ႔ ဒီလိုႀကိဳစားမယ္ဆိုရင္ ႀကီးမားတဲ့ အမွားက်ဴးလြန္တာမ်ိဳး ျဖစ္လာမယ္လို႔ တနဂၤေႏြေန႔က အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Blinken က သတိေပးခဲ့တာပါ။
တိုင္ဝမ္ကို တ႐ုတ္တႏိုင္ငံထည္းသတ္မွတ္တဲ့ One China ရဲ႕ အစိတ္အပိုင္းအျဖစ္ သတ္မွတ္မႈကို လက္မခံတဲ့ တိုင္ဝမ္သမၼတ Tsai Ing-wen၂၀၁၆ ေရြးေကာက္ပြဲကေန တက္လာခ်ိန္ကစၿပီး တ႐ုတ္နဲ႔ တိုင္ဝမ္တို႔ၾကား တင္းမာမႈေတြ တိုးလာေနတာပါ။
တ႐ုတ္နဲ႔ တိုင္ဝမ္တို႔ၾကား တင္းမာမႈဟာ အခုအခ်ိန္မွာ အထြဋ္အထိပ္ကို ေရာက္ေနၿပီလို႔ အေမရိကန္အရာရွိေတြကေရာ ႏိုင္ငံေရးသံုးသပ္သူေတြကပါ သတိေပးေနတာပါ။
မႏွစ္တုန္းကလည္း တိုင္ဝမ္ရဲ႕ ADIZ ေလေၾကာင္းကာကြယ္ေရးဇံုထဲကို တ႐ုတ္ဂ်က္ေလယာဥ္ေတြ က်ဴးေက်ာ္မႈဟာ အႀကိမ္ေပါင္း ၃၈၀ ေလာက္ရွိတယ္လို႔ တိုင္ဝမ္အာဏာပိုင္ေတြက ေျပာပါတယ္။
..............
ကန် သတိပေးပြီး နောက်တနေ့ တိုင်ဝမ်လေပိုင်နက် တရုတ်ကျူးကျော်
(Unicode)
တိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုံထဲကို တနင်္လာနေ့က တရုတ် ဂျက်လေယာဉ် ၂၅ စင်း ကျူးကျော် ဝင်ရောက်ပျံသန်းခဲ့တယ်လို့ တိုင်ဝမ်အစိုးရက ပြောပါတယ်။ ဒါဟာ ဒေသတွင်းမှာ တရုတ်ရဲ့ ရန်လိုလုပ်ဆောင်မှုတွေ တိုးလာနေတာအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken သတိပေးပြီး နောက်တနေ့မှာ ဖြစ်ပွားခဲ့တာပါ။
တိုက်လေယာဉ် ၁၈ စင်းအပါအဝင် တရုတ်ဂျက်လေယာဉ်တွေဟာ တိုင်ဝမ်ရဲ့ ADIZ လေကြောင်းကာကွယ်ရေးဇုံထဲကို ဝင်လာတာကြောင့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကနေ သူတို့ထွက်သွားအောင် သတိပေးချက်တွေ ထုတ်လွှင့်ပြီး လေယာဉ်တွေကို စောင့်ကြည့်ခဲ့ရပါတယ်။ ဒါဟာ ဒီလထဲမှာပဲ ၁၀ ရက်မြောက် ဆက်တိုက် ကျူးကျော်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
တိုင်ဝမ်ဝန်းကျင် အခြေနေပြောင်းလဲအောင် တရုတ်ဘက်က မကြိုးစားဖို့နဲ့ ဒီလိုကြိုစားမယ်ဆိုရင် ကြီးမားတဲ့ အမှားကျူးလွန်တာမျိုး ဖြစ်လာမယ်လို့ တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က သတိပေးခဲ့တာပါ။
တိုင်ဝမ်ကို တရုတ်တနိုင်ငံထည်းသတ်မှတ်တဲ့ One China ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်မှုကို လက်မခံတဲ့ တိုင်ဝမ်သမ္မတ Tsai Ing-wen၂၀၁၆ ရွေးကောက်ပွဲကနေ တက်လာချိန်ကစပြီး တရုတ်နဲ့ တိုင်ဝမ်တို့ကြား တင်းမာမှုတွေ တိုးလာနေတာပါ။
တရုတ်နဲ့ တိုင်ဝမ်တို့ကြား တင်းမာမှုဟာ အခုအချိန်မှာ အထွဋ်အထိပ်ကို ရောက်နေပြီလို့ အမေရိကန်အရာရှိတွေကရော နိုင်ငံရေးသုံးသပ်သူတွေကပါ သတိပေးနေတာပါ။
မနှစ်တုန်းကလည်း တိုင်ဝမ်ရဲ့ ADIZ လေကြောင်းကာကွယ်ရေးဇုံထဲကို တရုတ်ဂျက်လေယာဉ်တွေ ကျူးကျော်မှုဟာ အကြိမ်ပေါင်း ၃၈၀ လောက်ရှိတယ်လို့ တိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။