သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္ဝမ္မွာ ျပည္တြင္းျဖစ္ ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံ


ထိုင္ဝမ္သမၼတ Tsai Ing-wen ျပည္တြင္းျဖစ္ကာကြယ္ေဆးထုိးၿပီး လူမႈကြန္ယက္မွာ တင္ခဲ့တဲ့ပံု။ (၀၈၊ ၂၃၊ ၂၀၂၁)

Zawgyi/Unicode

အျငင္းပြါးစရာျဖစ္ေနတဲ့ ထိုင္ဝမ္ ျပည္တြင္းထုတ္ ကိုဗစ္ကာကြယ္ေဆးကို သမၼတ Tsai Ing-wen တနလၤာေန႔မွာ ပထမဆုံးထိုးႏွံခဲ့ပါတယ္။ ျပည္သူေတြကို ကာကြယ္ေဆး စတင္ထိုးနွံေပးတဲ့ေန႔မွာပဲသမၼတ Tsai Ing-wen ခုလို ပထမဆုံးေဆးထိုးခံခဲ့တာပါ။

ေဆးဘက္ဆိုင္ရာ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႔က အေရးေပၚအသုံးျပဳခြင့္ရမထားတဲ့တုိင္ေပအေျခစိုက္ Medigan Vaccine Biologics Corporation ထုတ္ ကိုဗစ္ ကာကြယ္ေဆး ထိေရာက္မႈနဲ႔ပတ္သက္လို႔ ထိုင္ဝမ္က ေဆးပညာနဲ႔သိပၸံပညာရွင္ေတြရဲ႕စိုးရိမ္မႈရွိေနပါတယ္။

နယူးဇီလန္ႏုိင္ငံမွာေတာ့ အဂၤါေန႔ထိခ်မွတ္ထားတဲ့ ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ေရးကန္႔သတ္ခ်က္ကို ဝန္ႀကီးခ်ဳပ္ Jacind Arden က ေသာၾကာေန႔ထိ ဒီကေန႔ပဲရက္တိုးလိုက္ပါတယ္။ ကပ္ေရာဂါဆက္ၿပီး ကူးစက္ျပန္႔နွံ႔ေနသလားဆိုတဲ့ေဒတာအခ်က္အလက္ေတြရဖို႔ ခုလိုရက္တုိးလိုက္တာလို႔ ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ နယူးဇီလန္မွာ ပိုးကူးသူသစ္ ၃၅ ဦးထိရွိေၾကာင္းက်န္းမာေရးဌာနက ေၾကျငာလိုက္ၿပီးမၾကာခင္မွာပဲ ကန္႔သတ္ခ်က္ရက္တိုးလိုက္တာျဖစ္ပါတယ္။ နယူးဇီလန္မွာ ပိုးကူးသူစုစုေပါင္း ၁၀၇ ဦးရွိေနပါတယ္။

တရုတ္ႏိုင္ငံမွာေတာ ့ဂ်ဴလုိင္လေနာက္ပိုင္း ပထမဆုံးအေနနဲ႔ ေဒသတြင္း ပိုးကူုးသူသစ္မရွိေၾကာင္း တာဝန္ရွိသူေတြ တနလၤာေန႔မွာ ေၾကညာပါတယ္။ Nanjing ေလဆိပ္ဝန္ထမ္းတဦးမွာ ဗီဇေျပာင္း Delta ပုိးစေတြ႔ခဲ့တဲ့ ဂ်ဴလုိင္ေနာက္ပုိင္းႏုိ္င္ငံတဝန္းလုံးက ေလဆိပ္အေတာ္မ်ားမ်ားကို တရုတ္တာဝန္ရွိသူေတြပိတ္ထားတာပါ။ တရုတ္ႏိုင္ငံထုတ္ Sinovac ကိုဗစ္ကာကြြယ္ေဆးအဓိကထိုးေပးေနတဲ့ အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ ဂ်ကာတာၿမိဳ႕ေန လူဦးေရ ၅၀ ရာခုိင္ႏႈန္းေက်ာ္ကို ကာကြယ္ေဆးအျပည့္ ထိုးထားၿပီးၿပီလို႔ တာ၀န္ရွိသူေတြ မေန႔ကပဲေၾကညာပါတယ္။ ဂ်ကာတာမွာလူဦးေရ ၁၀ သန္းေက်ာ္ရွိပါတယ္။

တခါ ကိုဗစ္တတိယလိႈ္င္းနဲ႔ ၾကဳံေနရတဲ့ ျမန္္မာႏုိင္ငံမွာလည္း က်န္းမာေရးဝန္ထမ္းေတြနဲ႔ အသက္ ၆၅ ႏွစ္အထက္ေတြကို တရုတ္ျပည္ထုတ္ကာကြယ္ေဆးေတြထိုးႏွံေပးေနပါတယ္။ျမန္မာႏုိင္ငံမွာ လက္ရွိခ်ိန္ထိ ပိုးကူးသူ ၃ သိန္း ၇ ေသာင္းေက်ာ္နဲ႔ ေသဆုံးသူက ၁ ေသာင္း ၄ ေထာင္ေက်ာ္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

=====

တိုက္႐ိုက္ လင့္ခ္


Unicode

ထိုင်ဝမ်မှာ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

အငြင်းပွါးစရာဖြစ်နေတဲ့ ထိုင်ဝမ် ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို သမ္မတ Tsai Ing-wen တနင်္လာနေ့မှာ ပထမဆုံးထိုးနှံခဲ့ပါတယ်။ ပြည်သူတွေကို ကာကွယ်ဆေး စတင်ထိုးနှံပေးတဲ့နေ့မှာပဲသမ္မတ Tsai Ing-wen ခုလို ပထမဆုံးဆေးထိုးခံခဲ့တာပါ။

ဆေးဘက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ရမထားတဲ့တိုင်ပေအခြေစိုက် Medigan Vaccine Biologics Corporation ထုတ် ကိုဗစ် ကာကွယ်ဆေး ထိရောက်မှုနဲ့ပတ်သက်လို့ ထိုင်ဝမ်က ဆေးပညာနဲ့သိပ္ပံပညာရှင်တွေရဲ့စိုးရိမ်မှုရှိနေပါတယ်။

နယူးဇီလန်နိုင်ငံမှာတော့ အင်္ဂါနေ့ထိချမှတ်ထားတဲ့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်ကို ဝန်ကြီးချုပ် Jacind Arden က သောကြာနေ့ထိ ဒီကနေ့ပဲရက်တိုးလိုက်ပါတယ်။ ကပ်ရောဂါဆက်ပြီး ကူးစက်ပြန့်နှံ့နေသလားဆိုတဲ့ဒေတာအချက်အလက်တွေရဖို့ ခုလိုရက်တိုးလိုက်တာလို့ ဝန်ကြီးချုပ်ကပြောပါတယ်။ နယူးဇီလန်မှာ ပိုးကူးသူသစ် ၃၅ ဦးထိရှိကြောင်းကျန်းမာရေးဌာနက ကြေငြာလိုက်ပြီးမကြာခင်မှာပဲ ကန့်သတ်ချက်ရက်တိုးလိုက်တာဖြစ်ပါတယ်။ နယူးဇီလန်မှာ ပိုးကူးသူစုစုပေါင်း ၁၀၇ ဦးရှိနေပါတယ်။

တရုတ်နိုင်ငံမှာတော့ဂျူလိုင်လနောက်ပိုင်း ပထမဆုံးအနေနဲ့ ဒေသတွင်း ပိုးကူုးသူသစ်မရှိကြောင်း တာဝန်ရှိသူတွေ တနင်္လာနေ့မှာ ကြေညာပါတယ်။ Nanjing လေဆိပ်ဝန်ထမ်းတဦးမှာ ဗီဇပြောင်း Delta ပိုးစတွေ့ခဲ့တဲ့ ဂျူလိုင်နောက်ပိုင်းနိုင်ငံတဝန်းလုံးက လေဆိပ်အတော်များများကို တရုတ်တာဝန်ရှိသူတွေပိတ်ထားတာပါ။ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးအဓိကထိုးပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ဂျကာတာမြို့နေ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးအပြည့် ထိုးထားပြီးပြီလို့ တာဝန်ရှိသူတွေ မနေ့ကပဲကြေညာပါတယ်။ ဂျကာတာမှာလူဦးရေ ၁၀ သန်းကျော်ရှိပါတယ်။

တခါ ကိုဗစ်တတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် ၆၅ နှစ်အထက်တွေကို တရုတ်ပြည်ထုတ်ကာကွယ်ဆေးတွေထိုးနှံပေးနေပါတယ်။မြန်မာနိုင်ငံမှာ လက်ရှိချိန်ထိ ပိုးကူးသူ ၃ သိန်း ၇ သောင်းကျော်နဲ့ သေဆုံးသူက ၁ သောင်း ၄ ထောင်ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

#Covid#International#ထိုင်ဝမ်#မြန်မာ#အင်ဒိုနီးရှား#တရုတ်#VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG