သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရာသီဥတုေဖာက္ျပန္မႈ ထိန္းခ်ဳပ္ေရး တ႐ုတ္ႏိုင္ငံ ကတိသစ္ မေပး


(Zawgyi / Unicode)

ရာသီဥတုဆိုင္ရာ ရည္မွန္းခ်က္ေတြကို ေဆာင္ရြက္ၾကဖို႔နဲ႔ ပိုၿပီး ပူေးပါင္းေဆာင္ရြက္ေရး တ႐ုတ္သမၼတ Xi Jinping က စေကာ့တလန္ Glasgow ၿမိဳ႕မွာ က်င္းပတဲ႔ ကုလသမဂၢရဲ႕ ရာသီဥတု ေျပာင္းလဲမႈ ဆိုင္ရာ ညီလာခံ - COP26 ကို ေပးပို႔တဲ႔ ေၾကညာခ်က္မွာ တျခား ႏိုင္ငံေတြကို တိုက္တြန္းလိုက္ေပမဲ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ ကတိက၀တ္ သစ္ေတြေတာ့ မေပးပါဘူး။

ေမွ်ာ္မွန္းခ်က္ေတြကို လက္ေတြ႕ ေဆာင္ရြက္မွ အမွန္တကယ္ အေကာင္အထည္ ေပၚလာမွာ ျဖစ္ေၾကာင္း၊ ေပးထားတဲ႔ ကတိက၀တ္ကို ေလးစားဖို႔လိုအပ္ေၾကာင္း၊ ရာသီဥတု အေရး ေဖာ္ေဆာင္ႏိုင္ဖို႔ အတြက္ လက္ေတြ႕က်တဲ႔ ရည္မွန္းခ်က္ေတြ၊ ေမွ်ာ္မွန္းခ်က္ေတြ ခ်မွတ္ၿပီး ႏိုင္ငံ အေျခအေနနဲ႔ အညီ အေကာင္းဆံုး ေဆာင္ရြက္ဖို႔ လိုအပ္ေၾကာင္း တ႐ုတ္ သမၼတ Xi က ေျပာဆိုထားပါတယ္။

ညီလာခံကိုေတာ့ တ႐ုတ္သမၼတ Xi ကိုယ္တိုင္ မတက္ေရာက္ပါဘူး။ တ႐ုတ္ဟာ ကမ ၻာမွာ ကာဗြန္ ထုတ္လႊတ္မႈ အမ်ားဆံုး ႏိုင္ငံျဖစ္ပါတယ္။ တ႐ုတ္မွာ စြမ္းအင္ မလံုေလာက္မႈနဲ႔ ၾကံဳေတြ႕ေနၿပီး စက္တင္ဘာ လလယ္ပိုင္း အတြင္းမွာ ႏိုင္ငံရဲ႕ သံုးပံုႏွစ္ပံုေက်ာ္ ဓာတ္အား ျပတ္ေတာက္မႈေတြနဲ႔ ၾကံဳခဲ႔ရပါတယ္။

ဒါဟာဆိုရင္ ဆယ္စုႏွစ္ တခု အတြင္း တ႐ုတ္မွာ အဆိုးရြားဆံုး လွ်ပ္စစ္ မလံုေလာက္မႈ အေျခအေန တခု ျဖစ္ပါတယ္။ ဓာတ္အား ျပတ္ေတာက္မႈေတြေၾကာင့္ စက္ရံုေတြ အေပၚ ထိခိုက္သက္ေရာက္ခဲ႔ၿပီး ကမ ၻာတလႊား ကုန္စည္ ျဖန္႔ျဖဴမႈမွာပါ ထိခိုက္မယ့္ အေရးကို စိုးရိမ္စရာ ျဖစ္ေစခဲ႔ပါတယ္။

တခ်ိန္တည္းမွာဘဲ တ႐ုတ္ႏိုင္ငံမွာ စြမ္းအင္ အခက္အခဲ သက္သာေစဖို႔ အတြက္ ႐ုပ္ႂကြင္းေလာင္စု တခုျဖစ္တဲ႔ ေက်ာက္မီးေသြး ထုတ္လုပ္မႈ တိုးျမႇင့္ေၾကာင္းလည္း ေျပာဆိုထားတာပါ။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေး တရုတ်နိုင်ငံ ကတိသစ်မပေး

ရာသီဥတုဆိုင်ရာ ရည်မှန်းချက်တွေကို ဆောင်ရွက်ကြဖို့နဲ့ ပိုပြီး ပူေးပါင်းဆောင်ရွက်ရေး တရုတ်သမ္မတ Xi Jinping က စကော့တလန် Glasgow မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ - COP26 ကို ပေးပို့တဲ့ ကြေညာချက်မှာ တခြား နိုင်ငံတွေကို တိုက်တွန်းလိုက်ပေမဲ့ တရုတ်နိုင်ငံအနေနဲ့ ကတိကဝတ် သစ်တွေတော့ မပေးပါဘူး။

မျှော်မှန်းချက်တွေကို လက်တွေ့ ဆောင်ရွက်မှ အမှန်တကယ် အကောင်အထည် ပေါ်လာမှာ ဖြစ်ကြောင်း၊ ပေးထားတဲ့ ကတိကဝတ်ကို လေးစားဖို့လိုအပ်ကြောင်း၊ ရာသီဥတု အရေး ဖော်ဆောင်နိုင်ဖို့ အတွက် လက်တွေ့ကျတဲ့ ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ ချမှတ်ပြီး နိုင်ငံ အခြေအနေနဲ့ အညီ အကောင်းဆုံး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တရုတ် သမ္မတ Xi က ပြောဆိုထားပါတယ်။

ညီလာခံကိုတော့ တရုတ်သမ္မတ Xi ကိုယ်တိုင် မတက်ရောက်ပါဘူး။ တရုတ်ဟာ ကမ ္ဘာမှာ ကာဗွန် ထုတ်လွှတ်မှု အများဆုံး နိုင်ငံဖြစ်ပါတယ်။ တရုတ်မှာ စွမ်းအင် မလုံလောက်မှုနဲ့ ကြုံတွေ့နေပြီး စက်တင်ဘာ လလယ်ပိုင်း အတွင်းမှာ နိုင်ငံရဲ့ သုံးပုံနှစ်ပုံကျော် ဓာတ်အား ပြတ်တောက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။

ဒါဟာဆိုရင် ဆယ်စုနှစ် တခု အတွင်း တရုတ်မှာ အဆိုးရွားဆုံး လျှပ်စစ် မလုံလောက်မှု အခြေအနေ တခု ဖြစ်ပါတယ်။ ဓာတ်အား ပြတ်တောက်မှုတွေကြောင့် စက်ရုံတွေ အပေါ် ထိခိုက်သက်ရောက်ခဲ့ပြီး ကမ ္ဘာတလွှား ကုန်စည် ဖြန့်ဖြူမှုမှာပါ ထိခိုက်မယ့် အရေးကို စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။ တချိန်တည်းမှာဘဲ တရုတ်နိုင်ငံမှာ စွမ်းအင် အခက်အခဲ သက်သာစေဖို့ အတွက် ရုပ်ကြွင်းလောင်စု တခုဖြစ်တဲ့ ကျောက်မီးသွေး ထုတ်လုပ်မှု တိုးမြှင့်ကြောင်းလည်း ပြောဆိုထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG