(Zawgyi / Unicode)
ျမန္မာနဲ႔ Puerto Rico ႏိုင္ငံေတြဟာ ၂၀၀၀ ျပည့္ႏွစ္ကေန ၂၀၁၉ ခုႏွစ္အတြင္း ျပင္းထန္တဲ့ ရာသီဥတု ေဖာက္ျပန္မႈေတြရဲ႕ အဆိုးရြားဆံုး သက္ေရာက္မႈဒဏ္ကို ခံခဲ့ရတဲ့ႏုိင္ငံေတြ ျဖစ္တယ္လုိ႔ Germanwatch သုေတသနအဖြဲ႔ရဲ႕ ၂၀၂၁ ခုႏွစ္ ကမာၻလံုးဆိုင္ရာ ဥတုရာသီအႏၲရာယ္ အညႊန္းကိန္း အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။
ဒီႏွစ္ႏုိင္ငံၿပီးရင္ေတာ့ ေဟတီ၊ ဖိလစ္ပိုင္၊ မိုဇမ္ဘစ္၊ ဘဟားမားစ္၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ ထိုင္းနဲ႔ နီေပါလ္ႏုိင္ငံေတြဟာ အဆိုးဆံုး ဒဏ္ခံခဲ့ၾကရတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။
ယူေကႏုိင္ငံ၊ စေကာ့တလန္ေဒသ၊ ဂလက္စ္ဂိုၿမိဳ႕မွာ ႏုိဝင္ဘာလ ၁ ရက္ေန႔က်ရင္ ကမာၻ႔ေခါင္းေဆာင္ေတြ တက္ေရာက္မယ့္ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးဆိုင္ရာ COP26 ညီလာခံကို က်င္းပဖို႔ ရွိေနခ်ိန္မွာပဲ အခုအစီရင္ခံစာ ထြက္လာတာပါ။
ပိုၿပီးအင္အားျပင္းတဲ့ မုန္တိုင္းေတြေၾကာင့္ လူေတြ ဒုကၡေရာက္ရ၊ စီးပြားေရးေတြ ပိုထိခိုက္ရၿပီး လူမြဲေတြကေတာ့ အဆိုးရြားဆံုး ဆံုး႐ံႈးမႈေတြ ခံစားၾကရတယ္လုိ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
မုန္တိုင္းေတြနဲ႔ အဲဒီမုန္တိုင္းေတြေၾကာင့္ ျဖစ္လာတဲ့ ေလျပင္းတိုက္တာ၊ မိုးႀကီးရြာတာ၊ ေရႀကီးတာနဲ႔ ေျမၿပိဳတာေတြဟာ ၂၀၁၉ ခုႏွစ္အတြင္း ျပင္းထန္တဲ့ ရာသီဥတုေၾကာင့္ ထိခိုက္ပ်က္စီးရတဲ့ အဓိကအေၾကာင္းရင္းေတြ ျဖစ္တယ္လို႔ Germanwatch သုေတသနအဖြဲ႔က ေျပာပါတယ္။
အဆိုးဆံုးဒဏ္ခံခဲ့ရတဲ့ ျမန္မာအပါအဝင္ ၁၀ ႏိုင္ငံထဲမွာ ၆ ႏုိင္ငံဟာ အပူပိုင္း ဆိုင္ကလုန္းမုန္တိုင္းဒဏ္ကို အျပင္းအထန္ ခံစားခဲ့ၾကရတဲ့ႏုိင္ငံေတြ ျဖစ္ပါတယ္။
ကမာၻလံုးဆိုင္ရာ ပ်မ္းမွ်အပူခ်ိန္ဟာ ၁ ဒီဂရီရဲ႕ ၁၀ ပံု ၁ ပံု၊ တနည္းအားျဖင့္ ၀ ဒသမ ၁ ဒီဂရီ တုိးလာတာနဲ႔အမွ် အပူပိုင္း ဆိုင္ကလုန္းမုန္တိုင္းေတြ ပိုၿပီး ျပင္းထန္လာမွာ ျဖစ္သလို အေရအတြက္လည္း ပိုမ်ားလာမယ္ဆုိတာ မၾကာေသးခင္က လုပ္ခဲ့တဲ့ သုေတသနေတြကေန ေတြ႔ထားတယ္လုိ႔ Germanwatch သုေတသနအဖြဲ႔က ေျပာပါတယ္။
မွတ္တမ္းတင္ဖူးသမွ် အပူျပင္းဆံုးႏွစ္ သံုးႏွစ္ထဲမွာ တခုျဖစ္တဲ့ ၂၀၂၀ ျပည့္ႏွစ္မွာ ကမာၻလံုးဆိုင္ရာ ပ်မ္းမွ်အပူခ်ိန္ဟာ စက္မႈထြန္းကားတဲ့ေခတ္ မတိုင္ခင္ကာလေတြက အပူခ်ိန္ထက္ ၁ ဒသမ ၂ ဒီဂရီ ဆဲလ္ဆီးယပ္စ္ေလာက္ ပိုမ်ားခဲ့တယ္လုိ႔ ကမာၻ႔မိုးေလဝသအဖြဲ႔ (WMO) က ေျပာထားပါတယ္။
---------------------
(Unicode)
မြန်မာနဲ့ Puerto Rico ရာသီဥတု ဖောက်ပြန်မှုဒဏ် အဆိုးဆုံးခံခဲ့ရ
မြန်မာနဲ့ Puerto Rico နိုင်ငံတွေဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ အဆိုးရွားဆုံး သက်ရောက်မှုဒဏ်ကို ခံခဲ့ရတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ Germanwatch သုတေသနအဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဥတုရာသီအန္တရာယ် အညွှန်းကိန်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီနှစ်နိုင်ငံပြီးရင်တော့ ဟေတီ၊ ဖိလစ်ပိုင်၊ မိုဇမ်ဘစ်၊ ဘဟားမားစ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းနဲ့ နီပေါလ်နိုင်ငံတွေဟာ အဆိုးဆုံး ဒဏ်ခံခဲ့ကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
ယူကေနိုင်ငံ၊ စကော့တလန်ဒေသ၊ ဂလက်စ်ဂိုမြို့မှာ နိုဝင်ဘာလ ၁ ရက်နေ့ကျရင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်မယ့် ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ COP26 ညီလာခံကို ကျင်းပဖို့ ရှိနေချိန်မှာပဲ အခုအစီရင်ခံစာ ထွက်လာတာပါ။
ပိုပြီးအင်အားပြင်းတဲ့ မုန်တိုင်းတွေကြောင့် လူတွေ ဒုက္ခရောက်ရ၊ စီးပွားရေးတွေ ပိုထိခိုက်ရပြီး လူမွဲတွေကတော့ အဆိုးရွားဆုံး ဆုံးရှုံးမှုတွေ ခံစားကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းတွေနဲ့ အဲဒီမုန်တိုင်းတွေကြောင့် ဖြစ်လာတဲ့ လေပြင်းတိုက်တာ၊ မိုးကြီးရွာတာ၊ ရေကြီးတာနဲ့ မြေပြိုတာတွေဟာ ၂၀၁၉ ခုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတုကြောင့် ထိခိုက်ပျက်စီးရတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ Germanwatch သုတေသနအဖွဲ့က ပြောပါတယ်။
အဆိုးဆုံးဒဏ်ခံခဲ့ရတဲ့ မြန်မာအပါအဝင် ၁၀ နိုင်ငံထဲမှာ ၆ နိုင်ငံဟာ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ကြရတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်ဟာ ၁ ဒီဂရီရဲ့ ၁၀ ပုံ ၁ ပုံ၊ တနည်းအားဖြင့် ၀ ဒသမ ၁ ဒီဂရီ တိုးလာတာနဲ့အမျှ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ ပိုပြီး ပြင်းထန်လာမှာ ဖြစ်သလို အရေအတွက်လည်း ပိုများလာမယ်ဆိုတာ မကြာသေးခင်က လုပ်ခဲ့တဲ့ သုတေသနတွေကနေ တွေ့ထားတယ်လို့ Germanwatch သုတေသနအဖွဲ့က ပြောပါတယ်။
မှတ်တမ်းတင်ဖူးသမျှ အပူပြင်းဆုံးနှစ် သုံးနှစ်ထဲမှာ တခုဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်ဟာ စက်မှုထွန်းကားတဲ့ခေတ် မတိုင်ခင်ကာလတွေက အပူချိန်ထက် ၁ ဒသမ ၂ ဒီဂရီ ဆဲလ်ဆီးယပ်စ်လောက် ပိုများခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ပြောထားပါတယ်။