သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီေျပာင္းလဲမႈေၾကာင့္ စိုးရိမ္ရတဲ့ႏိုင္ငံစာရင္းမွာ ျမန္မာပါ၀င္


flood rescue 1

{{Zawgyi/Unicode}}

ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံကို ဥတုရာသီေျပာင္းလဲမႈေၾကာင့္ ေနာက္ဆက္တဲြ အက်ဳိးဆက္ေတြ ၾကံဳရႏိုင္တဲ့ အထူးစိုးရိမ္ရတဲ့ႏိုင္ငံေတြအျဖစ္ အေမရိကန္က စာရင္းသြင္းလိုက္ပါတယ္။ ျမန္မာ၊ အိႏၵိယ၊ ေျမာက္ကိုရီးယား၊ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္အပါအဝင္ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံ ကို အထူးစိုးရိမ္ရတဲ့ ႏိုင္ငံေတြ စာရင္းမွာထည့္သြင္းထားတဲ့အျပင္ ဗဟိုအာဖရိကနဲ႔ ပစိဖိတ္သမုဒၵရာ ေဒသတြင္းက ကြ်န္းႏိုင္ငံငယ္ကေလးေတြကိုေတာ့ စိုးရိမ္ရတဲ့ ေဒသ ၂ ခု အျဖစ္ သတ္မွတ္လိုက္တာပါ။

ကမာၻတလႊား ဥတုရာသီေျပာင္းလဲမႈ အေျခေနပိုဆိုးလာေနတာေၾကာင့္ ဒီျပႆနာကို ေျခရာခံလိုက္ဖို႔ ပိုလိုအပ္လာသလို သဘာဝေဘးအႏၲရာယ္ေတြ ေၾကာင့္ ေနရပ္စြန္႔ခြါမႈေတြ ေလ်ာ့ပါးဖို႔နဲ႔ စီမံခန္႔ခြဲဖို႔ ေသေသခ်ာခ်ာ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္းနဲ႔ ဒါဟာ ဗဟိုအစိုးရအေနနဲ႔ ဒီျပႆနာကို ပထမဆံုးအႀကိမ္အျဖစ္ ေလ့လာဆန္းစစ္ခဲ့တာျဖစ္ေၾကာင္း သမၼတဘိုင္ဒန္အစိုးရက ၾကာသပေတးေန႔မွာ ေျပာပါတယ္။ ဒီကိစၥကို ဆန္းစစ္ဖို႔ သမၼတဘိုင္ဒန္က ေဖေဖၚဝါရီလမွာ အေမရိကန္အမ်ိဳးသားလံုျခံဳေရး အၾကံေပးအဖြဲ႔ကိုၫႊန္ၾကားခဲ့တာ ျဖစ္ၿပီးၾကာသပေတးေန႔မွာေတာ့ ကနဦးအစီရင္ခံစာထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

အစီရင္ခံစာထဲမွာေတာ့ ဥတုရာသီဆိုင္ရာ ဒုကၡသည္ေတြ ေပၚေပါက္လာေစႏိုင္တဲ့ ေရႀကီးမႈ ဒါမွမဟုတ္ တျခားသဘာဝေဘးဒဏ္ဆိုင္ရာကို ခုထက္ပိုေစာင့္ၾကည့္ဖို႔ ၊ မိုးေခါင္ေရရွားဒဏ္ခံရတဲ့ ႏိုင္ငံေတြက ျပည္သူေတြအတြက္ ဦးတည္ၿပီး အေမရိကန္ရဲ႕ အကူအညီေတြ ေပးဖို႔အျပင္ ဥတုရာသီ ဆိုးဝါးလို႔ ကိုယ့္ႏိုင္ငံကေန စြန္႔ခြါရသူေတြအတြက္ တရားဝင္အကာကြယ္ေပးေရးကို ဆန္းစစ္ဖို႔ အပါအဝင္ လုပ္ေဆာင္သင့္တဲ့ အခ်က္ေတြကို အစီရင္ခံစာက အၾကံေပးထားပါတယ္။

ဒါ့အျပင္ အေမရိကန္အစိုးရအေနနဲ႔ ရာသီဥတုဆိုင္ရာသိပၸံပညာရွင္ေတြကေန ကူညီေရးနဲ႔ လံုျခံဳေရး အရာရွိေတြအထိ ပါဝင္တဲ့ ဥတုရာသီဆိုင္ရာ စီမံခန္႔ခြဲေရး လုပ္ငန္းအဖြဲ႔ကို ဖြဲ႔စည္းၿပီး ေရြ႕ေျပာင္းေနထိုင္သူေတြအေရး အစိုးရေတြနဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ လည္း တိုက္တြန္းထားပါတယ္။

...................................

တိုက္႐ိုက္ လင့္ခ္

ဥတုရာသီပြောင်းလဲမှုကြောင့် စိုးရိမ်ရတဲ့နိုင်ငံစာရင်းမှာ မြန်မာပါဝင်

{{Unicode}}

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဥတုရာသီပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံရနိုင်တဲ့ အထူးစိုးရိမ်ရတဲ့နိုင်ငံတွေအဖြစ် အမေရိကန်က စာရင်းသွင်းလိုက်ပါတယ်။ မြန်မာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ကို အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေ စာရင်းမှာထည့်သွင်းထားတဲ့အပြင် ဗဟိုအာဖရိကနဲ့ ပစိဖိတ်သမုဒ္ဒရာ ဒေသတွင်းက ကျွန်းနိုင်ငံငယ်ကလေးတွေကိုတော့ စိုးရိမ်ရတဲ့ ဒေသ ၂ ခု အဖြစ် သတ်မှတ်လိုက်တာပါ။

ကမ္ဘာတလွှား ဥတုရာသီပြောင်းလဲမှု အခြေနေပိုဆိုးလာနေတာကြောင့် ဒီပြဿနာကို ခြေရာခံလိုက်ဖို့ ပိုလိုအပ်လာသလို သဘာဝဘေးအန္တရာယ်တွေ ကြောင့် နေရပ်စွန့်ခွါမှုတွေ လျော့ပါးဖို့နဲ့ စီမံခန့်ခွဲဖို့ သေသေချာချာ လုပ်ဆောင်ရမှာ ဖြစ်ကြောင်းနဲ့ ဒါဟာ ဗဟိုအစိုးရအနေနဲ့ ဒီပြဿနာကို ပထမဆုံးအကြိမ်အဖြစ် လေ့လာဆန်းစစ်ခဲ့တာဖြစ်ကြောင်း သမ္မတဘိုင်ဒန်အစိုးရက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒီကိစ္စကို ဆန်းစစ်ဖို့ သမ္မတဘိုင်ဒန်က ဖေဖေါ်ဝါရီလမှာ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ကိုညွှန်ကြားခဲ့တာ ဖြစ်ပြီးကြာသပတေးနေ့မှာတော့ ကနဦးအစီရင်ခံစာထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာတော့ ဥတုရာသီဆိုင်ရာ ဒုက္ခသည်တွေ ပေါ်ပေါက်လာစေနိုင်တဲ့ ရေကြီးမှု ဒါမှမဟုတ် တခြားသဘာဝဘေးဒဏ်ဆိုင်ရာကို ခုထက်ပိုစောင့်ကြည့်ဖို့ ၊ မိုးခေါင်ရေရှားဒဏ်ခံရတဲ့ နိုင်ငံတွေက ပြည်သူတွေအတွက် ဦးတည်ပြီး အမေရိကန်ရဲ့ အကူအညီတွေ ပေးဖို့အပြင် ဥတုရာသီ ဆိုးဝါးလို့ ကိုယ့်နိုင်ငံကနေ စွန့်ခွါရသူတွေအတွက် တရားဝင်အကာကွယ်ပေးရေးကို ဆန်းစစ်ဖို့ အပါအဝင် လုပ်ဆောင်သင့်တဲ့ အချက်တွေကို အစီရင်ခံစာက အကြံပေးထားပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်တွေကနေ ကူညီရေးနဲ့ လုံခြုံရေး အရာရှိတွေအထိ ပါဝင်တဲ့ ဥတုရာသီဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး ရွေ့ပြောင်းနေထိုင်သူတွေအရေး အစိုးရတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG