သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုဂံေစတီပုထိုးေတြ မိုးမ်ားလို႔ ထိခိုက္ပ်က္စီး 


(Zawgyi / Unicode)

ပုဂံေရွးေဟာင္း ယဥ္ေက်းမႈေဒသမွာရွိတဲ့ ေစတီပုထိုးေတြ မိုး႐ြာသြန္းမႈမ်ားတဲ့ အရွိန္ေၾကာင့္ ထိခိုက္ပ်က္စီးမႈေတြ ရွိေနပါတယ္။ ျပဳျပင္မႈေတြကို တျဖည္းျဖည္းခ်င္း စတင္ေနၿပီး ေဒသခံလူထုကေတာ့ အေမြအႏွစ္ ထိန္းသိမ္းေရးလုပ္ငန္းေတြကို အရွိန္ျမႇင့္ေဆာင္႐ြက္ေစခ်င္ၾကပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို မသိဂၤ ီထိုက္ ေျပာျပမွာပါ။

ပုဂံေဒသမွာ ၿပီးခဲ့တဲ့ႏွစ္ေတြကထက္ ဒီႏွစ္ထဲ မိုးမ်ားတာေၾကာင့္ လူေနရပ္ကြက္ေတြထဲ ျမစ္ေရဝင္ေရာက္မႈရွိသလို ဘုရားေစတီေတြမွာလည္း မိုးမ်ားၿပီး ေရတက္တဲ့အရွိန္ေၾကာင့္ အုတ္နံရံၿပိဳက် ပ်က္စီးတာေတြလည္း ရွိေနပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔တုန္းကလည္း ဘုရားအမွတ္ ၇၄၈၊ စူဠာမဏိဂူဘုရားႀကီးရဲ႕ မဟာရံအုတ္တံတိုင္းအတြင္း မိုးေရဝင္ေရာက္လို႔ ၿပိဳက်ပ်က္စီးမယ့္ အေျခအေနေရာက္ခဲ့ပါတယ္။

ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတိုက္ ဦးစီးဌာန (ပုဂံဌာနခြဲ) ကျပဳစုထားတဲ့ စာရင္းအရဆိုရင္ မိုးမ်ားတဲ့အရွိန္ေၾကာင့္ ျပဳျပင္ထိန္းသိမ္းဖို႔လိုတဲ့ ေစတီေပါင္းက ၄၀ ဝန္းက်င္မွာ ရွိေနပါတယ္။ ေလာေလာဆယ္မွာေတာ့ ရာသီဥတုအေျခအေနေၾကာင့္ ေစတီ ၄ဆူကို အရင္ဆုံးျပဳျပင္ ထိန္းသိမ္းတာေတြ လုပ္ေနတယ္လို႔ အဲဒီဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းထိုက္က VOA ကိုေျပာပါတယ္။

"လက္ရွိေတာ့ ေတာက္ေလွ်ာက္ ႐ြာေနေတာ့ ျပင္လို႔ရတဲ့အပိုင္းကေတာ့ ေလာေလာဆယ္ ေလးဆူကေတာ့ စၿပီးေတာ့ျပင္ေနတယ္။ က်န္တဲ့အပိုင္းေတြကေတာ့ အေရးေပၚ အုပ္ထားရတဲ့ အေနအထားေပါ့ေလ။ မိုးျပတ္ၿပီဆိုတာနဲ႔ ေတာက္ေလွ်ာက္ ထိန္းသိမ္းေရး လုပ္ငန္းလုပ္သြားမွာပါ။ အခု က်ေနာ္တို႔ဌာနတင္ မဟုတ္ပါဘူး။ ဒီေဒသရဲ႕ လူမႈေရးအဖြဲ႕အစည္းေတြ၊ မီးသတ္အဖြဲ႕ေတြ၊ ဌာနဆိုင္ရာေတြ အားလုံးေတာ့ အခု ဝိုင္းထိန္းေနတာေပါ့ေနာ္။

မိုး႐ြာၿပီဆိုတည္းကိုက ဘုရားေတြ၊ ေစတီေတြက ႏွစ္ကာလ ကလည္း ေထာင္ခ်ီရွိေနတဲ့ ေရွးေဟာင္းအေဆာက္အအုံေတြ ျဖစ္ေနေတာ့ ဘာပဲေျပာေျပာ ေခတ္သစ္အေဆာက္အအုံေတြေတာင္ ပ်က္စီးယိုယြင္းမႈ ျဖစ္ေသးတာပဲေလ။ အဲေတာ့ ထိလြယ္ရွလြယ္တဲ့ ဒီေရွးေဟာင္းအေဆာက္အအုံေတြကေတာ့ သူမ်ားထက္စာရင္ေတာ့ ပိုတာေပါ့။ အဲေတာ့ က်ေနာ္တို႔က အတတ္ႏိုင္ဆုံးေပါ့ ခုနကလို အက္ကြဲေၾကာင္းေတြရွိတဲ့ ေရွးေဟာင္းအေဆာက္အအုံေတြဆို ဒီ temporary measure လုပ္တဲ့ လုပ္ငန္းေတြရွိပါတယ္။"

ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ျဖစ္တဲ့ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈေဒသမွာ ဘုရားေစတီေပါင္း ၃,၈၀၀ ေက်ာ္ရွိပါတယ္။ လူသိမ်ား ထင္ရွားတဲ့ ဘုရားေစတီေတာ္ေတြအျပင္ ျပဳျပင္ထိန္းသိမ္းဖို႔ လိုေနတဲ့ ေစတီေတာ္ေတြကိုလည္း အျမန္ဆုံးေဆာင္႐ြက္ေပးဖို႔ ေဒသခံေတြက လိုလားေနၾကပါတယ္။

ႏွစ္ေပါင္းေထာင္ခ်ီ တည္ရွိလာတဲ့ ေစတီပုထိုးေတြဟာ ပုံမွန္ျပဳျပင္ ထိန္းသိမ္းဖို႔ လိုအပ္သလို၊ အခုလို ရာသီဥတုဒဏ္ေၾကာင့္ ယိုယြင္းပ်က္စီးမႈေတြလည္း ရွိလာတာေၾကာင့္ ဒါေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ဖို႔ လိုတယ္လို႔ ပုဂံေဒသခံ၊ ဧည့္လမ္းၫႊန္ ကိုမင္းတင္က ေျပာပါတယ္။

"ဘုရားေတြေပၚမွာ အပင္ေတြေပါက္တာရွိတယ္။ ဘုရားေတြကို ေသာ့ခတ္ပိတ္ၿပီး ဒီအတိုင္းပစ္ထားတယ္။ အဲေတာ့ ဘုရားအေပၚထပ္ေတြမွာ ငွက္ခ်ီးေတြပိတ္ၿပီးေတာ့ ေရထြက္ေပါက္ေတြက ေရမဆင္းႏိုင္တဲ့အခါက်ေတာ့ ဒုတိယပစၥယံေပၚမွာ ေရေတြကအိုင္ၿပီး ဆင္းလို႔ရတဲ့ေနရာကေန စိမ့္ၿပီးေတာ့ မ်က္ႏွာက်က္ေတြေပၚ ဆင္းေတာ့တာေပါ့ဗ်ာ။ အဲဒီမ်က္ႏွာက်က္ေတြကေန တဆင့္ နံရံပန္းခ်ီေတြပါ ပ်က္စီးတာ။

အဓိကက ပုဂံေရွးေဟာင္းဌာနက ေသာ့ခတ္ၿပီးပိတ္လိုက္တာကို ထိန္းသိမ္းတယ္ဆိုၿပီး သူတို႔စိတ္ထဲမွာျမင္ေနတဲ့ အသိပညာကိုက အားနည္းေနတာေပါ့ဗ်ာ။ ဘုရားေတြကို ပိတ္ၿပီးထိန္းသိမ္းလိုက္တဲ့အတြက္ လူဝင္လူထြက္မရွိေတာ့ ဘုရားေတြထဲမွာ ဘာေတြျဖစ္ပ်က္ေနလဲ၊ ဘယ္လိုေတြ ပ်က္စီးေနလဲ၊ အေပၚထပ္ေတြမွာ ဘယ္လိုေတြ ပိတ္ဆို႔ေနတယ္၊ ေအာက္ထပ္ေတြမွာ ျခေတြဘယ္လိုတက္ေနတယ္ဆိုတာကို မသိေတာ့ဘူးေလ။ သူတို႔လည္း ဝင္ၾကည့္ၿပီး စစ္တာမ်ိဳးမရွိဘူး။ သူတို႔ဌာနရဲ႕ အင္အားနဲ႔လည္း အဲဒါမ်ိဳးေတြ စစ္ေပးဖို႔က မႏိုင္ဘူး၊ ဘုရားေတြကို ေန႔စဥ္ေလ။"

ကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္ သတ္မွတ္ထားတဲ့ ေဒသေတြကို ကာကြယ္ထိန္းသိမ္းဖို႔အတြက္ ယဥ္ေက်းမႈအေမြအႏွစ္ ေဒသမ်ား ကာကြယ္ထိန္းသိမ္းေရး ဥပေဒကိုလည္း ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလတုန္းက ျပဌာန္းထားပါတယ္။

ဥပေဒရဲ႕ အဓိကရည္႐ြယ္ခ်က္ထဲမွာ သဘာဝေဘးအႏၲရာယ္၊ လူေတြနဲ႔ တိရစာၦန္ေတြေၾကာင့္ ျဖစ္လာမယ့္ ယိုယြင္းဆုံးရႈံးမႈေတြ မျဖစ္ေစဖို႔ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ေရရွည္တည္တံ့ဖို႔ ထိန္းသိမ္းရမယ္လို႔ သတ္မွတ္ထားပါတယ္။ ဥပေဒသတ္မွတ္ခ်က္ေတြ၊ စီစဥ္လ်ာထားခ်က္ေတြ ရွိေနေပမယ့္လည္း ပုဂံေဒသက အေမြအႏွစ္ေတြဟာ ထိန္းသိမ္းေစာင့္ေရွာက္မႈ အားနည္းလို႔ ပ်က္စီးမႈမ်ားတယ္လို႔လည္း ေဒသခံေတြက မွတ္ခ်က္ျပဳထားပါတယ္။

"ဒီယဥ္ေက်းမႈအေမြအႏွစ္ေဒသ ကာကြယ္ထိန္းသိမ္းေရး ဥပေဒမွာ ၿမိဳ႕ေဟာင္းထဲမွာ အနီေရာင္ဇုံထဲမွာ ဘာေတြလုပ္ရမယ္၊ လူေနေဒသေတြမွာ ဘာေတြလုပ္ရမယ္ ဆိုတာ အထိုက္အေလ်ာက္ သူ႔ဟာနဲ႔သူ ပါၿပီးသားေပါ့ဗ်ာ။ ဥပေဒကိုလည္း ဂ႐ုမစိုက္ဘူး။ အခု ယူနက္စကို ကိုတင္ထားတဲ့ management plan ဆိုတာရွိတယ္။

ျမန္မာအစိုးရက ေနၿပီးေတာ့ ယူနက္စကို ကို ဒါေတြလုပ္ပါ့မယ္ဆိုၿပီး ကတိေပးထားတဲ့ဟာေတြကို မေလ့လာဘဲနဲ႔ ေလွ်ာက္ၿပီးေတာ့လုပ္ေနၾကတဲ့အတြက္ ပုဂံအခုလိုျဖစ္ေနတယ္လို႔ ေျပာလို႔ရတာေပါ့။ ဒီအခ်ိန္မွာကေတာ့ ေျပာလို႔မရေပမယ့္ ေနာင္ေအးေအးေဆးေဆး ျဖစ္သြားတဲ့အခ်ိန္မွာ ေဒသခံလူထုကို အေျခခံၿပီးလုပ္တဲ့ အေမြအႏွစ္ထိန္းသိမ္းေရးကို လုပ္သင့္တယ္လို႔ျမင္တယ္။"

ပုဂံေဒသမွာ ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းေတြကို ပုံမွန္ေဆာင္႐ြက္ေနၿပီး သက္ဆိုင္ရာအဖြဲ႕အလိုက္ ပ်က္စီးဆုံးရႈံးမႈေတြ အေပၚ တြက္ခ်က္ေဆာင္႐ြက္တာေတြလည္း ရွိတယ္လို႔ ေဒါက္တာသန္းထိုက္က ေျပာပါတယ္။

"ကမာၻ႔အေမြအႏွစ္လည္း ျဖစ္တယ္၊ ျမန္မာတမ်ိဳးသားလုံးရဲ႕ အေမြအႏွစ္လည္း ျဖစ္တယ္ဆိုေတာ့ အခုအားလုံးကေတာ့ ျမင္ေတြ႕ေနရတဲ့ အေနအထားၾကည့္ၿပီး စိုးရိမ္ၾကပါတယ္။ က်ေနာ္တို႔လည္း ေဒသကလည္းျဖစ္တယ္၊ ကိုယ့္ရဲ႕ဌာနကလည္း အနီးကပ္ေစာင့္ေရွာက္ရတယ္ ဆိုေတာ့ ပိုၿပီးေတာ့ စိုးရိမ္စိတ္ရွိပါတယ္။

က်ေနာ္တို႔ ဒီအေမြအႏွစ္ေတြကို ေရရွည္တည္တံ့ဖို႔အတြက္ က်ေနာ္တို႔နဲ႔ေပါင္းစပ္ၿပီး ဒီေဒသရဲ႕ လူမႈေရးအဖြဲ႕ေတြေရာ၊ အားလုံးေသာ ပတ္ဝန္းက်င္မွာရွိတဲ့ အဖြဲ႕အစည္းေတြ အကုန္လုံး က်ေနာ္တို႔နဲ႔ ညႇိႏႈိင္းၿပီး ဝိုင္းဝန္းထိန္းသိမ္း ေစာင့္ေရွာက္ေနပါတယ္။ အဲဒါေလးကိုေတာ့ က်ေနာ္သိေစခ်င္ပါတယ္။ စိုးရိမ္စိတ္ရွိတာကိုလည္း က်ေနာ္ေက်းဇူးတင္ပါတယ္။"

မိုးႀကီးေရတက္တဲ့ အရွိန္ေၾကာင့္ ဒီရက္ပိုင္းေတြထဲ ၿပိဳက်ပ်က္စီးမႈေတြ ရွိေနတဲ့ ပုဂံေဒသက ေစတီပုထိုးေတြ ျပဳျပင္ထိန္းသိမ္းဖို႔ လိုေနသလို၊ ေဒသတြင္း ကပ္ေရာဂါနဲ႔ ႏိုင္ငံေရး အေျခအေနေၾကာင့္ ပုဂံေဒသ ခရီးသြားဝင္ေရာက္မႈဟာလည္း မရွိသေလာက္ ေလ်ာ့နည္းသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခရီးသြားဧည့္သည္ေတြကို မွီခိုၿပီး လုပ္ကိုင္စားေသာက္ေနတဲ့ ေဒသခံေတြလည္း အခက္အခဲေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပုဂံစေတီပုထိုးတွေ မိုးများလို့ ထိခိုက်ပျက်စီး

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသမှာရှိတဲ့ စေတီပုထိုးတွေ မိုးရွာသွန်းမှုများတဲ့ အရှိန်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ ပြုပြင်မှုတွေကို တဖြည်းဖြည်းချင်း စတင်နေပြီး ဒေသခံလူထုကတော့ အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်စေချင်ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။

ပုဂံဒေသမှာ ပြီးခဲ့တဲ့နှစ်တွေကထက် ဒီနှစ်ထဲ မိုးများတာကြောင့် လူနေရပ်ကွက်တွေထဲ မြစ်ရေဝင်ရောက်မှုရှိသလို ဘုရားစေတီတွေမှာလည်း မိုးများပြီး ရေတက်တဲ့အရှိန်ကြောင့် အုတ်နံရံပြိုကျ ပျက်စီးတာတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း ဘုရားအမှတ် ၇၄၈၊ စူဠာမဏိဂူဘုရားကြီးရဲ့ မဟာရံအုတ်တံတိုင်းအတွင်း မိုးရေဝင်ရောက်လို့ ပြိုကျပျက်စီးမယ့် အခြေအနေရောက်ခဲ့ပါတယ်။

ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ကပြုစုထားတဲ့ စာရင်းအရဆိုရင် မိုးများတဲ့အရှိန်ကြောင့် ပြုပြင်ထိန်းသိမ်းဖို့လိုတဲ့ စေတီပေါင်းက ၄၀ ဝန်းကျင်မှာ ရှိနေပါတယ်။ လောလောဆယ်မှာတော့ ရာသီဥတုအခြေအနေကြောင့် စေတီ ၄ဆူကို အရင်ဆုံးပြုပြင် ထိန်းသိမ်းတာတွေ လုပ်နေတယ်လို့ အဲဒီဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က VOA ကိုပြောပါတယ်။

"လက်ရှိတော့ တောက်လျှောက် ရွာနေတော့ ပြင်လို့ရတဲ့အပိုင်းကတော့ လောလောဆယ် လေးဆူကတော့ စပြီးတော့ပြင်နေတယ်။ ကျန်တဲ့အပိုင်းတွေကတော့ အရေးပေါ် အုပ်ထားရတဲ့ အနေအထားပေါ့လေ။ မိုးပြတ်ပြီဆိုတာနဲ့ တောက်လျှောက် ထိန်းသိမ်းရေး လုပ်ငန်းလုပ်သွားမှာပါ။ အခု ကျနော်တို့ဌာနတင် မဟုတ်ပါဘူး။ ဒီဒေသရဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ မီးသတ်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ အားလုံးတော့ အခု ဝိုင်းထိန်းနေတာပေါ့နော်။

မိုးရွာပြီဆိုတည်းကိုက ဘုရားတွေ၊ စေတီတွေက နှစ်ကာလ ကလည်း ထောင်ချီရှိနေတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ဖြစ်နေတော့ ဘာပဲပြောပြော ခေတ်သစ်အဆောက်အအုံတွေတောင် ပျက်စီးယိုယွင်းမှု ဖြစ်သေးတာပဲလေ။ အဲတော့ ထိလွယ်ရှလွယ်တဲ့ ဒီရှေးဟောင်းအဆောက်အအုံတွေကတော့ သူများထက်စာရင်တော့ ပိုတာပေါ့။ အဲတော့ ကျနော်တို့က အတတ်နိုင်ဆုံးပေါ့ ခုနကလို အက်ကွဲကြောင်းတွေရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေဆို ဒီ temporary measure လုပ်တဲ့ လုပ်ငန်းတွေရှိပါတယ်။"

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်တဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသမှာ ဘုရားစေတီပေါင်း ၃,၈၀၀ ကျော်ရှိပါတယ်။ လူသိများ ထင်ရှားတဲ့ ဘုရားစေတီတော်တွေအပြင် ပြုပြင်ထိန်းသိမ်းဖို့ လိုနေတဲ့ စေတီတော်တွေကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ နှစ်ပေါင်းထောင်ချီ တည်ရှိလာတဲ့ စေတီပုထိုးတွေဟာ ပုံမှန်ပြုပြင် ထိန်းသိမ်းဖို့ လိုအပ်သလို၊ အခုလို ရာသီဥတုဒဏ်ကြောင့် ယိုယွင်းပျက်စီးမှုတွေလည်း ရှိလာတာကြောင့် ဒါတွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုတယ်လို့ ပုဂံဒေသခံ၊ ဧည့်လမ်းညွှန် ကိုမင်းတင်က ပြောပါတယ်။

"ဘုရားတွေပေါ်မှာ အပင်တွေပေါက်တာရှိတယ်။ ဘုရားတွေကို သော့ခတ်ပိတ်ပြီး ဒီအတိုင်းပစ်ထားတယ်။ အဲတော့ ဘုရားအပေါ်ထပ်တွေမှာ ငှက်ချီးတွေပိတ်ပြီးတော့ ရေထွက်ပေါက်တွေက ရေမဆင်းနိုင်တဲ့အခါကျတော့ ဒုတိယပစ္စယံပေါ်မှာ ရေတွေကအိုင်ပြီး ဆင်းလို့ရတဲ့နေရာကနေ စိမ့်ပြီးတော့ မျက်နှာကျက်တွေပေါ် ဆင်းတော့တာပေါ့ဗျာ။ အဲဒီမျက်နှာကျက်တွေကနေ တဆင့် နံရံပန်းချီတွေပါ ပျက်စီးတာ။

အဓိကက ပုဂံရှေးဟောင်းဌာနက သော့ခတ်ပြီးပိတ်လိုက်တာကို ထိန်းသိမ်းတယ်ဆိုပြီး သူတို့စိတ်ထဲမှာမြင်နေတဲ့ အသိပညာကိုက အားနည်းနေတာပေါ့ဗျာ။ ဘုရားတွေကို ပိတ်ပြီးထိန်းသိမ်းလိုက်တဲ့အတွက် လူဝင်လူထွက်မရှိတော့ ဘုရားတွေထဲမှာ ဘာတွေဖြစ်ပျက်နေလဲ၊ ဘယ်လိုတွေ ပျက်စီးနေလဲ၊ အပေါ်ထပ်တွေမှာ ဘယ်လိုတွေ ပိတ်ဆို့နေတယ်၊ အောက်ထပ်တွေမှာ ခြတွေဘယ်လိုတက်နေတယ်ဆိုတာကို မသိတော့ဘူးလေ။ သူတို့လည်း ဝင်ကြည့်ပြီး စစ်တာမျိုးမရှိဘူး။ သူတို့ဌာနရဲ့ အင်အားနဲ့လည်း အဲဒါမျိုးတွေ စစ်ပေးဖို့က မနိုင်ဘူး၊ ဘုရားတွေကို နေ့စဉ်လေ။"

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ထားတဲ့ ဒေသတွေကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကိုလည်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ပြဌာန်းထားပါတယ်။ ဥပဒေရဲ့ အဓိကရည်ရွယ်ချက်ထဲမှာ သဘာဝဘေးအန္တရာယ်၊ လူတွေနဲ့ တိရစ္ဆာန်တွေကြောင့် ဖြစ်လာမယ့် ယိုယွင်းဆုံးရှုံးမှုတွေ မဖြစ်စေဖို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ရေရှည်တည်တံ့ဖို့ ထိန်းသိမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။ ဥပဒေသတ်မှတ်ချက်တွေ၊ စီစဉ်လျာထားချက်တွေ ရှိနေပေမယ့်လည်း ပုဂံဒေသက အမွေအနှစ်တွေဟာ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလို့ ပျက်စီးမှုများတယ်လို့လည်း ဒေသခံတွေက မှတ်ချက်ပြုထားပါတယ်။

"ဒီယဉ်ကျေးမှုအမွေအနှစ်ဒေသ ကာကွယ်ထိန်းသိမ်းရေး ဥပဒေမှာ မြို့ဟောင်းထဲမှာ အနီရောင်ဇုံထဲမှာ ဘာတွေလုပ်ရမယ်၊ လူနေဒေသတွေမှာ ဘာတွေလုပ်ရမယ် ဆိုတာ အထိုက်အလျောက် သူ့ဟာနဲ့သူ ပါပြီးသားပေါ့ဗျာ။ ဥပဒေကိုလည်း ဂရုမစိုက်ဘူး။ အခု ယူနက်စကို ကိုတင်ထားတဲ့ management plan ဆိုတာရှိတယ်။ မြန်မာအစိုးရက နေပြီးတော့ ယူနက်စကို ကို ဒါတွေလုပ်ပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ဟာတွေကို မလေ့လာဘဲနဲ့ လျှောက်ပြီးတော့လုပ်နေကြတဲ့အတွက် ပုဂံအခုလိုဖြစ်နေတယ်လို့ ပြောလို့ရတာပေါ့။ ဒီအချိန်မှာကတော့ ပြောလို့မရပေမယ့် နောင်အေးအေးဆေးဆေး ဖြစ်သွားတဲ့အချိန်မှာ ဒေသခံလူထုကို အခြေခံပြီးလုပ်တဲ့ အမွေအနှစ်ထိန်းသိမ်းရေးကို လုပ်သင့်တယ်လို့မြင်တယ်။"

ပုဂံဒေသမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်နေပြီး သက်ဆိုင်ရာအဖွဲ့အလိုက် ပျက်စီးဆုံးရှုံးမှုတွေ အပေါ် တွက်ချက်ဆောင်ရွက်တာတွေလည်း ရှိတယ်လို့ ဒေါက်တာသန်းထိုက်က ပြောပါတယ်။

"ကမ္ဘာ့အမွေအနှစ်လည်း ဖြစ်တယ်၊ မြန်မာတမျိုးသားလုံးရဲ့ အမွေအနှစ်လည်း ဖြစ်တယ်ဆိုတော့ အခုအားလုံးကတော့ မြင်တွေ့နေရတဲ့ အနေအထားကြည့်ပြီး စိုးရိမ်ကြပါတယ်။ ကျနော်တို့လည်း ဒေသကလည်းဖြစ်တယ်၊ ကိုယ့်ရဲ့ဌာနကလည်း အနီးကပ်စောင့်ရှောက်ရတယ် ဆိုတော့ ပိုပြီးတော့ စိုးရိမ်စိတ်ရှိပါတယ်။ ကျနော်တို့ ဒီအမွေအနှစ်တွေကို ရေရှည်တည်တံ့ဖို့အတွက် ကျနော်တို့နဲ့ပေါင်းစပ်ပြီး ဒီဒေသရဲ့ လူမှုရေးအဖွဲ့တွေရော၊ အားလုံးသော ပတ်ဝန်းကျင်မှာရှိတဲ့ အဖွဲ့အစည်းတွေ အကုန်လုံး ကျနော်တို့နဲ့ ညှိနှိုင်းပြီး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နေပါတယ်။ အဲဒါလေးကိုတော့ ကျနော်သိစေချင်ပါတယ်။ စိုးရိမ်စိတ်ရှိတာကိုလည်း ကျနော်ကျေးဇူးတင်ပါတယ်။"

မိုးကြီးရေတက်တဲ့ အရှိန်ကြောင့် ဒီရက်ပိုင်းတွေထဲ ပြိုကျပျက်စီးမှုတွေ ရှိနေတဲ့ ပုဂံဒေသက စေတီပုထိုးတွေ ပြုပြင်ထိန်းသိမ်းဖို့ လိုနေသလို၊ ဒေသတွင်း ကပ်ရောဂါနဲ့ နိုင်ငံရေး အခြေအနေကြောင့် ပုဂံဒေသ ခရီးသွားဝင်ရောက်မှုဟာလည်း မရှိသလောက် လျော့နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရီးသွားဧည့်သည်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေလည်း အခက်အခဲတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG