သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်ရေကြီး


ရခိုင်တောင်ပိုင်း တောင်ကုတ်ဒေသ ရေကြီးစဉ် (ဓာတ်ပုံ - Courtesy)
ရခိုင်တောင်ပိုင်း တောင်ကုတ်ဒေသ ရေကြီးစဉ် (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ပေါ်နဲ့ ကျေးလတ်ဒေသတွေမှာ ရေကြီးရေ လျံတာ တွေတာရှိနေပြီး မြေနိမ့်ပိုင်းကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တစ်ချို့ ရေမြုပ်နေပြီဖြစ် သလိုည ဖက် ဒီရေတက်ချိန် ရေထပ်ပြီတော့ တက်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့် ဒေသခံ တွေစိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရန်နိုင် က ပြောပြ ပေးပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေမှာ ရေကြီးရေ လျံတာတွေမှုတွေရင်ဆိုင်နေကြရပါတယ်။ တောင်ကုတ်မြို့ပေါ်မှာတော့ နေအိမ်တွေ အကုန်လုံးမ မြုပ်သေးတာကြောင့် အိမ်အမြင့်တွေမှာ နေလို့ရသေးပေမယ့် ညဖက်ဒီရေဆက်တက်လာနိုင်တဲ့ အနေအထားရှိနေတာကြောင့် စိုးရိမ်နေရတယ်လို့ လုမှုကူညီရေးအဖွဲ့က ဦးဇေယျကျော်ကပြောပါတယ်။

“ လက်ရှိဒီရေ အခြေအနေအရဆိုရင် အခုမြုပ်တာထက် ပိုပြီးတော့ မြုပ်လာနိုင်မယ့် အနေ အထားရှိတယ်။ သိမ်းရ ဆည်းရနဲ့ အလုပ်တွေ ရှုပ်နေကြတယ်။ ချောင်းကောက်ရပ် ကွက်ဆို ရင်မြုပ်နေပြီ တော်တော်မြုပ်နေပြီ။ မြို့မဈေးဆိုရင်လည်း သုံးပုံ နှစ်ပုံလောက် မြုပ်နေ တာ ပေါ့နော်။ အခုစိုးရိမ်နေတာက ၂၀၁၅တုန်းကလို တစ်မြို့လုံး မြုပ်မယ့် အနေအထား ရှိနေလို့ စိုးရိမ်နေကြတာ။ ဆေးရုံကို သွားတဲ့ လမ်းတွေလည်း ရေမြုပ်နေတာကြောင့် သွား ရေး လာ ရေး အခက်အခဲတွေ ရှိနေတယ်။ စိုးရိမ်တာက ရေထပ်တက်လာမှာကို စိုးရိမ်ရ တယ်။ တက်လာဖို့ အခြေအနေလည်း ရှိနေတယ်။”

ဒါ့အပြင် တောင်ကုတ်မြို့နယ်အတွင်းက ဆားပြင်ကျေးရွာမှာလည်း ဒီရေဆက်လက် တက် နေပြီး မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တစ်ချို့ နီးစပ်ရာ အမြင့်ပိုင်းတွေကို တယ်လို့ ဆားပြင်ကျေး ရွာဒေသခံ ဦးဝေသောင်းက ပြောပါတယ်။

“ လက်ရှိမှာတော့ တစ်ချို့တွေက နီးစပ်ရာ အိမ်ကြီးတွေကို ရွေ့ပြီးတော့ နေကြတယ်။ နိမ့်တဲ့ အိမ်တွေ ကျတော့ နေလို့မှ မရတာ သူတို့က အဓိကတော့ တောင်ကျရေပါ။ ကျနော်တို့ ဒေသ က တောင်နဲ့နီးတော့ တောင်ကျရေက ကျပြီဆိုရင် ဒလဟောကို ကျလာတာ အတား အဆီးမရှိ နာရီပိုင်းအတွင်း ရွာကို လျံသွားတာ။ စနစ်တကျ အစီအစီအစဉ်တော့ မရှိကြဘူးဗျ ကိုယ့်အစီ အစဉ်နဲ့ ကို လှေလေးတွေ ဘာတွေ နီးစပ်ရာစုပြီး လုပ်ထားကြ တာတော့ရှိတယ်။ လူဆယ် ယောက်လောက် အနိုင်နိုင်လေးပေါ့။”

တောင်ကုတ်မြို့နယ်အတွင်းက လမုကျေးရွာဖက်မှာလည်း ရေကြီးရေလျံတာတွေကြောင့် ရန်ကုန် ကျောက်ဖြူ ကားလမ်းတွေလည်း ပိတ်နေသလို တောင်ကျရေတွေ လည်းကျလာ နိုင်တာကြောင့် ဒေသခံတွေ စိုးရိမ် နေကြတယ်လို့ ဦးဝေသောင်းကပြောပါတယ်။

“ညဖက်ကျတော့ ဒီမှာ ဒီရေတွေ တိုးလာတာနဲ့ တောင်ကျချောင်းရေတွေ ကျလာနိုင်တဲ့ ည ဖက် အတွက် တော်တော်စိုးရိမ်နေကြတယ်ဗျာ။ ဒေသခံတွေကလည်း စိုးနေကြတာက ချောင်းဖျားမိုး ဆိုတဲ့ အဲဒီ တောင်ကျချောင်းရေတွေ ကျလာနိုင်ခြေရှိတယ်။ မိုးကလည်း ရွာနေသေးတယ်။ပတ်ဝန်း ရွာ တွေလည်းမြုပ်နေတယ်။ လက်လှမ်းမှီသလောက် အဲဒီလမုဆိုတဲ့ ရွာမှာ ဆေးရုံတွေဘာ တွေ အကုန်မြုပ် နေပြီလို့ ကြားတယ်။ ”

တောင်ကုတ်မြို့နယ်ဟာ ရခိုင်ရိုးမ အောက်မှာ တည်ရှိတာဖြစ်ပြီး ချောင်းလက် တက်တွေ လည်း များပြားသလို တစ်ခါတစ်ရံ ရခိုင်ရိုးမပေါ်က ရေတွေ ဒလဟော ကျရောက် တာကြောင့် ရေကြီးရေလျံမှုတွေလည်း မကြာခဏကြုံရလေ့ရှိတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလှိုင်လ အကုန်ပိုင်းလောက်ကလည်း တောင်ကုတ်မြို့အနီးမှာရှိတဲ့ သံတွဲမြို့ပေါ်မှာ ရေကြီး ရေလျံမှုတွေကြောင့် နေအိမ်တွေ ပျက်စီးခဲ့တာတွေလည်းရှိပါတယ်။ သဘာဝအလျောက် ရေကျနိုင်ဖွယ်ရှိတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လောလောဆယ် မလိုအပ်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေသလို မိုးလေဝသနဲ့ ဇလ ဗေဒညွန်ကြားမှုဌာနရဲ့ ထုတ်ပြန်ချက်အရ ကပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ် အော်တို့ မှာ မုတ်သုံလေအားကောင်းနေပြီး နောက်နှစ်ရက်အထိ ရခိုင်ပြည်နယ်မှာ မိုးကြီးနိုင် ပြီး ရွာရန်ရွာနှုန်းပြည့် ရွာသွန်းနိုင် တယ်လို့ ထုတ်ပြန်ထားပါတယ်။

.

တိုက်ရိုက် လင့်ခ်


..............................................................................................


(Unicode)










XS
SM
MD
LG