သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ား ယာယီပိတ္ပင္


ရခိုင္ျပည္နယ္ ေမာင္ေတာျမိဳ ့အ၀င္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ကိုဗစ္ကူးစက္မွုေတြ တိုးလာေနတဲ့ ရခိုင္ျပည္နယ္မွာ ကိုဗစ္စည္းကမ္းေတြလည္း တင္းၾကပ္ထား သလို ရခိုင္ျပည္နယ္နဲ႔ ဘဂၤလားေဒရွ္႕ နယ္စပ္ကုန္သြယ္ေရး စခန္းေတြကို ဒီလ ၁၅ရက္ေန႔က ေနစၿပီး ဇူလိုင္လကုန္အထိ ယာယီပိတ္ထားမယ့္လို႔ ရခိုင္အာဏာပိုင္ေတြကဖက္က ေျပာပါ တယ္။ အခုလို နယ္စပ္ကုန္သြယ္ေရးကို ပိတ္လိုက္ရတာေၾကာင့္ သူတုိ႔အေနနဲ႔ ေစ်းကြက္ေပ်ာက္ဆံုးတာေတြ ရွိတယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရခိုင္က လာတဲ့ သတင္း ကိုသိန္းထိုက္ဦး ေျပာျပပါမယ္။

ကိုဗစ္ပူးစက္မွုေတြ တစ္ေန႔ထက္ တစ္ေန႔ တိုးလာေနတဲ့ ရခိုင္ျပည္နယ္မွာ ကိုဗစ္စည္း ကမ္းေတြကိုလည္း တင္းၾကပ္ထားသလို တတိယလွုိုင္း ကိုဗစ္အတည္ျပဳလူနာ စတင္ေတြ႔ရွိခဲ့တဲ့ ရခိုင္- ဘဂၤလားေဒရွ္႕ နယ္စပ္ကုန္သြယ္ေရး စခန္းေတြကို နွစ္ပတ္ၾကာ ယာယီ ပိတ္ထားဖုိ႔ ရခိုင္အာဏာပိုင္ေတြက ဆံုးျဖတ္ထားတာပါ။

ဘဂၤလားေဒရွ္႕ႏိုင္ငံကို အဓိက ကုန္ကူးေနတဲ့ စစ္ေတြနဲ႔ ေမာင္ေတာၿမိဳ႕နယ္ ၿမိဳ႕နယ္ေတြမွာရွိတဲ့ နယ္စပ္ကုန္သြယ္ေရးစခန္းေတြကို ဇူလုိင္လ ၁၅ရက္ေန႔က စၿပီး လကုန္တဲ့အထိ နွစ္ပတ္ၾကာပိတ္ထားမွာ ျဖစ္တယ္လို႕လည္း ရခိုင္ျပည္နယ္ စီမံအုပ္ခ်ုပ္ေရး ေကာင္စီေျပာခြင့္ရ ရခိုင္ျပည္နယ္ ဥပေဒခ်ဳပ္ ဦးလွသိန္းကေျပာပါတယ္။

“ အမ်ားျပည္သူေတြ စိုးရိမ္ရတဲ့ အခ်ိန္ျဖစ္တယ္။ ရာသီကလည္း တုတ္ေကြးရာသီျဖစ္သလို ကိုဗစ္ကူးကလည္း က်ေနာ္တို႔ ရခိုင္မကပဲ ျပည္တြင္းမွာ တစ္ျခားေသာတိုင္းေဒသႀကီးေတြ၊ ျပည္နယ္ေတြ Third wave က ကူးစက္မွုမ်ားေနတဲ့အတြက္ က်ေနာ္တုိ႔ မေန႔က အစည္းအေဝးမွာပဲ နယ္စပ္ကုန္သြယ္ေရးကိုလည္း ပိတ္ထားရင္ ေကာင္းမယ္လို႔ သံုးသပ္ၾကပါတယ္။ ဆိုေတာ့ မေန႔ေတာ့ သံုးသပ္တာေပါ့ေလ။ သံုးသပ္ေတာ့ လာမယ့္ၾကာသပေတးရက္မွာ ပံုမွန္ က်ေနာ္တို႔ အစုိးရအဖြဲ႔ အစည္းအေဝးရွိပါတယ္။ အဲဒီမွာ မေန႔က ေဆြးေႏြးထားတာေတြကို ဆံုးျဖတ္သြားဖို႔ ရွိပါတယ္။ က်ေနာ္တို႔ကေတာ့ ဒီလ ၁၅ရက္ေန႔က စၿပီး ဇူလိုင္လ ကုန္တဲ့ အထိ နွစ္ပတ္တာ ကာလအတြင္း နယ္စပ္ကုန္သြယ္ေရး စစ္ေတြ-တကၠနက္၊ ေမာင္ေတာ-တကၠန စခန္းနွစ္ခုလံုးကို ရပ္ထားဖို႔ အစီအစဥ္ေတြ လုပ္ထားၿပီးျဖစ္ပါတယ္။ သက္ဆိုင္ရာ ကုန္သည္ ေတြ ေရယာဥ္ေတြ သက္ဆိုင္တဲ့ နယ္စပ္ကုန္သြယ္ေရးနဲ႔ ဆက္စပ္တဲ့ အဖြဲ႔အစည္းေတြ ကိုလည္း က်ေနာ္တို႔ သတိေပးထားေပးပါၿပီ။”

ၿပီးခဲ့တဲ့ၾသဂုတ္လအတြင္းက စတင္ၿပီး ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ ကို ကုန္ကူးၿပီးျပန္လာတဲ့ ကုန္သေဘၤာ ၄ စီးေပၚက ကုန္သည္ေတြကို COVID-19 ေရာဂါ ႐ွိ၊ မ႐ွိ က်န္းမာေရးတာဝန္႐ွိသူေတြ ေစာင့္ၾကည့္ စစ္ေဆးေနတာမွာ အတည္ျပဳလူနာ ၄ ေယာက္ ေတြ႔႐ွိခဲ့တာလည္းျဖစ္ပါတယ္။

အခုလို နယ္စပ္ကုန္သြယ္ေရးစခန္းကို ယာယီပိတ္လိုကတာဟာ ရခိုင္ျပည္နယ္ အတြက္ တိုက္ရိုက္ထိခိုက္မွု တစ္စံုတစ္ရာမရွိေပမယ့္ ကုန္သည္ေတြအတြက္ တစ္ဖက္ႏိုင္ငံမွာ ေစ်းကြက္ေပ်ာက္ဆံုးတာေတြရွိတယ္လို႔ ကုန္သြယ္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ ဦးတင္ေအာင္ဦးက ေျပာပါတယ္။

“ တေခါက္ကလည္း ၈လေက်ာ္ ၉လ ပိတ္သြားေတာ့ က်ေနာ္တို႔မွာ ေစ်းကြက္ေပ်ာက္သြားတယ္။ ေစ်းကြက္ေပ်ာက္တယ္ဆိုတာက ဒီကထြက္တဲ့ ကုန္ေတြက တစ္ဖက္ႏိုင္ငံကို မသြားေတာ့ သူတို႔ကလည္းရတဲ့ ႏိုင္ငံေတြကေန ဝယ္ရတာေပါ့ေလ။ ျပန္ဖြင့္ရင္လည္း က်ေနာ္တို႔က ေစ်းကြက္ထပ္ရွာရတယ္။ ရရွိထားတဲ့ ေစ်းကြက္ေတြ ေပ်ာက္သြားတဲ့ အတိုင္းအတာေလးေတြေတာ့ ရွိတယ္။ နယ္စပ္ကုန္သြယ္ေရး ပိတ္တာ၊ ဖြင့္တာကေတာ့ ရခိုင္ျပည္နယ္နဲ႔ သိပ္ဒါရိုက္ႀကီးေတာ့ သက္ဆိုင္တာ မရွိဘူးခင္မ်ာ။ ”

ၿပီးခဲ့တဲ့ နွစ္ကလည္း ကိုဗစ္ကူးစက္မွုေတြေၾကာင့္ နယ္စပ္ကုန္သြယ္ေရးစခန္းေတြကို ၂၀၂၀ခုနွစ္ ၾသဂုတ္လ ကစတင္ၿပီး ၂၀၂၁ ခုႏွစ္ ဧၿပီလ အထိ ၈ လေက်ာ္ၾကာ ပိတ္ထားခဲ့ရ တာလည္း ျဖစ္ပါတယ္။

ျပန္ဖြင့္တာ လပိုင္းေလာက္ပဲရွိေသးတဲ့ ရခိုင္နဲ႔ ဘဂၤလာေဒရွ္႕နယ္စပ္ကုန္သြယ္ေရး စခန္းေတြကို လက္ရွိမွာလည္း ကိုဗစ္ေၾကာင့္ ထပ္မံပိတ္ထားရတာပါ။ နယ္စပ္ကုန္သြယ္ေရး စခန္းေတြကို နွစ္ပတ္ေလာက္သာ ပိတ္ထားေပမယ့္ ကိုဗစ္ကူးစက္မွုေတြေပၚမွာ မႉတည္ၿပီး လိုအပ္ရင္ လိုအပ္သလို ေဆာင္ရြက္ သြားမွာျဖစ္တယ္လို႔လည္း ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဖက္က ေျပာဆိုထားပါတယ္။

ရခိုင္ျပည္နယ္မွာ မေန႔ကအထိ ကိုဗစ္အတည္ျပဳလူနာ ၅၁၇ ဦးရွိၿပီး ေသဆံုးသူ ၅ဦး ရွိပါတယ္။ အာဏာပိုင္ေတြ ဖက္ကေတာ့ ျပည္သူလူထုအေနနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းကမ္းေတြကို လိုက္နာဖို႔ တို္က္တြန္း ထားပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ်ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးဂိတ်များ ယာယီပိတ်ပင်

(Unicode)

ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်စည်းကမ်းတွေလည်း တင်းကြပ်ထား သလို ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို ဒီလ ၁၅ရက်နေ့က နေစပြီး ဇူလိုင်လကုန်အထိ ယာယီပိတ်ထားမယ့်လို့ ရခိုင်အာဏာပိုင်တွေကဖက်က ပြောပါ တယ်။ အခုလို နယ်စပ်ကုန်သွယ်ရေးကို ပိတ်လိုက်ရတာကြောင့် သူတို့အနေနဲ့ ဈေးကွက်ပျောက်ဆုံးတာတွေ ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီအကြောင်း ရခိုင်က လာတဲ့ သတင်း ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

ကိုဗစ်ပူးစက်မှုတွေ တစ်နေ့ထက် တစ်နေ့ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်စည်း ကမ်းတွေကိုလည်း တင်းကြပ်ထားသလို တတိယလှိုင်း ကိုဗစ်အတည်ပြုလူနာ စတင်တွေ့ရှိခဲ့တဲ့ ရခိုင်- ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို နှစ်ပတ်ကြာ ယာယီ ပိတ်ထားဖို့ ရခိုင်အာဏာပိုင်တွေက ဆုံးဖြတ်ထားတာပါ။

ဘင်္ဂလားဒေရှ့်နိုင်ငံကို အဓိက ကုန်ကူးနေတဲ့ စစ်တွေနဲ့ မောင်တောမြို့နယ် မြို့နယ်တွေမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ဇူလိုင်လ ၁၅ရက်နေ့က စပြီး လကုန်တဲ့အထိ နှစ်ပတ်ကြာပိတ်ထားမှာ ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

“ အများပြည်သူတွေ စိုးရိမ်ရတဲ့ အချိန်ဖြစ်တယ်။ ရာသီကလည်း တုတ်ကွေးရာသီဖြစ်သလို ကိုဗစ်ကူးကလည်း ကျနော်တို့ ရခိုင်မကပဲ ပြည်တွင်းမှာ တစ်ခြားသောတိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ Third wave က ကူးစက်မှုများနေတဲ့အတွက် ကျနော်တို့ မနေ့က အစည်းအဝေးမှာပဲ နယ်စပ်ကုန်သွယ်ရေးကိုလည်း ပိတ်ထားရင် ကောင်းမယ်လို့ သုံးသပ်ကြပါတယ်။ ဆိုတော့ မနေ့တော့ သုံးသပ်တာပေါ့လေ။ သုံးသပ်တော့ လာမယ့်ကြာသပတေးရက်မှာ ပုံမှန် ကျနော်တို့ အစိုးရအဖွဲ့ အစည်းအဝေးရှိပါတယ်။ အဲဒီမှာ မနေ့က ဆွေးနွေးထားတာတွေကို ဆုံးဖြတ်သွားဖို့ ရှိပါတယ်။ ကျနော်တို့ကတော့ ဒီလ ၁၅ရက်နေ့က စပြီး ဇူလိုင်လ ကုန်တဲ့ အထိ နှစ်ပတ်တာ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စစ်တွေ-တက္ကနက်၊ မောင်တော-တက္ကန စခန်းနှစ်ခုလုံးကို ရပ်ထားဖို့ အစီအစဉ်တွေ လုပ်ထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာ ကုန်သည် တွေ ရေယာဉ်တွေ သက်ဆိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ ကိုလည်း ကျနော်တို့ သတိပေးထားပေးပါပြီ။”

ပြီးခဲ့တဲ့သြဂုတ်လအတွင်းက စတင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို ကုန်ကူးပြီးပြန်လာတဲ့ ကုန်သင်္ဘော ၄ စီးပေါ်က ကုန်သည်တွေကို COVID-19 ရောဂါ ရှိ၊ မရှိ ကျန်းမာရေးတာဝန်ရှိသူတွေ စောင့်ကြည့် စစ်ဆေးနေတာမှာ အတည်ပြုလူနာ ၄ ယောက် တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုလို နယ်စပ်ကုန်သွယ်ရေးစခန်းကို ယာယီပိတ်လိုကတာဟာ ရခိုင်ပြည်နယ် အတွက် တိုက်ရိုက်ထိခိုက်မှု တစ်စုံတစ်ရာမရှိပေမယ့် ကုန်သည်တွေအတွက် တစ်ဖက်နိုင်ငံမှာ ဈေးကွက်ပျောက်ဆုံးတာတွေရှိတယ်လို့ ကုန်သွယ်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောပါတယ်။

“ တခေါက်ကလည်း ၈လကျော် ၉လ ပိတ်သွားတော့ ကျနော်တို့မှာ ဈေးကွက်ပျောက်သွားတယ်။ ဈေးကွက်ပျောက်တယ်ဆိုတာက ဒီကထွက်တဲ့ ကုန်တွေက တစ်ဖက်နိုင်ငံကို မသွားတော့ သူတို့ကလည်းရတဲ့ နိုင်ငံတွေကနေ ဝယ်ရတာပေါ့လေ။ ပြန်ဖွင့်ရင်လည်း ကျနော်တို့က ဈေးကွက်ထပ်ရှာရတယ်။ ရရှိထားတဲ့ ဈေးကွက်တွေ ပျောက်သွားတဲ့ အတိုင်းအတာလေးတွေတော့ ရှိတယ်။ နယ်စပ်ကုန်သွယ်ရေး ပိတ်တာ၊ ဖွင့်တာကတော့ ရခိုင်ပြည်နယ်နဲ့ သိပ်ဒါရိုက်ကြီးတော့ သက်ဆိုင်တာ မရှိဘူးခင်မျာ။ ”

ပြီးခဲ့တဲ့ နှစ်ကလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ၂၀၂၀ခုနှစ် သြဂုတ်လ ကစတင်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ အထိ ၈ လကျော်ကြာ ပိတ်ထားခဲ့ရ တာလည်း ဖြစ်ပါတယ်။

ပြန်ဖွင့်တာ လပိုင်းလောက်ပဲရှိသေးတဲ့ ရခိုင်နဲ့ ဘင်္ဂလာဒေရှ့်နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို လက်ရှိမှာလည်း ကိုဗစ်ကြောင့် ထပ်မံပိတ်ထားရတာပါ။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို နှစ်ပတ်လောက်သာ ပိတ်ထားပေမယ့် ကိုဗစ်ကူးစက်မှုတွေပေါ်မှာ မှူတည်ပြီး လိုအပ်ရင် လိုအပ်သလို ဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဖက်က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ မနေ့ကအထိ ကိုဗစ်အတည်ပြုလူနာ ၅၁၇ ဦးရှိပြီး သေဆုံးသူ ၅ဦး ရှိပါတယ်။ အာဏာပိုင်တွေ ဖက်ကတော့ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ တိုက်တွန်း ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG