သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီ ဆိုးဝါးမှုဒဏ် အဆိုးဆုံးခံရတဲ့အထဲ မြန်မာပါဝင်


ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ခတ္ထိယရပ်ကွက်နေ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Fire Services Department)
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ခတ္ထိယရပ်ကွက်နေ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - Myanmar Fire Services Department)

(Zawgyi / Unicode)

နိုဝင်ဘာလ ၁ ရက်နေ့ Glasgow မြို့မှာ ကျင်းပမယ့် ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ COP26 ညီလာခံကို ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဖို့ ပြင်နေချိန်မှာပဲ မြန်မာအပါအဝင် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ ဥတုရာသီဖောက်ပြန်မှု အန္တရာယ်ရှိတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်နေတဲ့ နိုင်ငံတွေမှာ ရာသီဥတု ဆိုးဝါးမှုနဲ့အတူ နောက်ဆက်တွဲ ဒဏ်တွေကိုပါ ခံနေရပါတယ်။

Germanwatch သုတေသနဌာနရဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ဥတုရာသီ ဖောက်ပြန်မှု အန္တရာယ် အညွှန်းကိန်းမှာ မြန်မာနဲ့ Puerto Rico ၂ နိုင်ငံဟာ ၂၀၀၀ ကနေ ၂၀၁၉ အထိ နှစ်ပေါင်း ၂၀ အတွင်း ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ကြရပြီး တခြား ဆိုးဆိုးဝါးဝါး ခံစားရတဲ့ နိုင်ငံတွေက ဟေတီ၊ ဖိလစ်ပိုင်၊ မိုဇမ်ဘစ်၊ ဘဟားမား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းနဲ့ နီပေါနိုင်ငံတွေ ပါဝင်တဲ့ ၁၀ နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါတယ်။

၂၀၁၉ ထဲမှာတော့ မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေတို့က အဆိုးဝါးဆုံး ခံစားခဲ့ရကြောင်းနဲ့ ၂ နိုင်ငံစလုံးဟာ အနောက်တောင် အိန္ဒိယသမုဒ္ဒရာထဲက သေကျေမှုအများဆုံးနဲ့ ပျက်စီးမှု အများဆုံးဖြစ်တဲ့ Idai မုန်တိုင်းဒဏ်ကို ခံခဲ့ကြရတာပါ။ မုန်တိုင်းတွေ ရိုက်ခတ်မှုနဲ့အတူ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းတာအပြင် ရေကြီးရေလျှံပြီး မြေပြိုတဲ့ဒဏ်တွေ ခံစားခဲ့ကြရတယ်လို့ Germanwatch အဖွဲ့က ပြောပါတယ်။

ဒဏ်ခံရတဲ့ ထိပ်တန်း ၁၀ နိုင်ငံထဲမှာ အပူပိုင်းဆိုင်ကလုံးဒဏ်ခံရတဲ့ နိုင်ငံက ၆ နိုင်ငံ ရှိတယ်လို့လည်း ပြောပါတယ်။ ကရေဘီယံကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ ဘဟားမားကတော့ ဟာရီကိန်း Dorian ဒဏ် ခံခဲ့ရတာပါ။

နောက်ဆုံးသုတေသန ဆန်းစစ်ချက်တွေအရ ကမ္ဘာ့အပူချိန် ၁ ဒီဂရီတိုးလာတိုင်း ပြင်းထန်တဲ့ အပူပိုင်းဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်တဲ့ အကြိမ်ရေ တိုးလာနေကြောင်းလည်း Germanwatch က ပြောပါတယ်။

မနှစ်က ၂၀၂၀ ဟာ စံချိန်တင်ပူပြင်းတဲ့နှစ် ၃ နှစ်ထဲမှာ ပါဝင်နေပြီး ကမ္ဘာ့မိုးလေဝသ WMO အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ စက်မှုခေတ် မတိုင်ခင်ကထက် အပူချိန် ၁ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုများနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG