သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရမ်က္ႏွာျပင္ျမင့္တက္မႈ ေတာင္အာရွကမ္း႐ိုးေနတို႔ အခက္ႀကံဳ


အိႏၵိယႏုိင္ငံ ခ်န္ႏုိင္းၿမိဳ႕မွာ ဆုိင္ကလုံးမုန္တုိင္းဒဏ္ေၾကာင့္ ေရႀကီးေနတဲ့ျမင္ကြင္း။ (ႏုိဝင္ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻႀကီးပူေႏြးမႈနဲ႔အတူ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈေၾကာင့္ ကမ္း႐ိုးတန္းေဒသေတြ ေရလႊမ္းၿပီး လူအမ်ားအျပား ေရႊ႕ေျပာင္းအေျခခ်ရတဲ့ အျဖစ္နဲ႔ ႀကံဳေနရတာကို အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေတြရဲ႕ အေရွ႕ပိုင္းက Sunderbans ျမစ္ဝကၽြန္းေပၚေဒသမွာ ထင္ထင္ရွားရွား ေတြ႔ျမင္ေနရပါတယ္။

ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ႏိုင္ငံတကာအဖြဲ႔ႀကီးျဖစ္တဲ့ IPCC (Intergovernmental Panel on Climate Change) က ေနာက္ဆံုးထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာလည္း အိႏၵိယသမုဒၵရာ ေရျပင္ဟာ တျခားေရျပင္ေတြထက္ ပိုၿပီး ျမန္ျမန္ပူေႏြးႏိုင္တယ္လု႔ိ သတိေပးထားပါတယ္။ ဒါေၾကာင့္ ကမာၻတလႊား တျခားေနရာေတြထက္ ပင္လယ္ေရမ်က္ႏွာျပင္ ပိုျမင့္တက္လာႏုိင္တာျဖစ္ၿပီး အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္လို လူဦးေရထူထပ္တဲ့ ကမ္း႐ိုးတန္းေဒသေတြ ေရေအာက္ေရာက္ကုန္တဲ့ အေနအထား ႀကံဳရႏိုင္တယ္လို႔ သတိေပးထားတာပါ။

ဒါဟာ ဌာေနေဒသခံ သန္းေပါင္းမ်ားစြာကို ထိခိုက္ေစတာျဖစ္ၿပီး ActionAid နဲ႔ ေတာင္အာရွ ဥတုရာသီဆိုင္ရာ ကြန္ရက္အဖြဲ႔ (Climate Action Network South Asia) တို႔ရဲ႕ ဒီဇင္ဘာလထဲ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာေတာ့ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈဟာ လက္ရွိအတိုင္း ဆက္ေတြ႔ေနရရင္ ၂၀၅၀ မွာ ေတာင္အာရွေဒသက လူေပါင္း ၆၃ သန္းေလာက္ သူတို႔ေနအိမ္ေတြကေန ေရႊ႕ေျပာင္းရမယ့္ အေနအထား ရွိေနတယ္လို႔ ခန္႔မွန္းထားပါတယ္။

လက္ရွိမွာ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈေၾကာင့္ အဲဒီကမ္း႐ိုးတန္းေဒသေတြမွာ ေနအိမ္ေတြ ပံုမွန္ ေရႀကီးေရလွ်ံတဲ့ဒဏ္ကို ေဒသခံေတြ ခံစားေနရသလို သူတို႔ရဲ႕ လယ္ယာစိုက္ခင္းေတြမွာ ဆားငံေရဝင္ၿပီး သံုးမရဘဲ ျဖစ္ကုန္တာနဲ႔ ႀကံဳေနရတာပါ။ ဒါ့အျပင္ ဥတုရာသီေျပာင္းလဲမႈနဲ႔ ဆက္ႏႊယ္ၿပီး ႀကံဳရတဲ့ ဆိုင္ကလံုးမုန္တိုင္းနဲ႔ ေရႀကီးေရလွ်ံမႈလို သဘာဝေဘးဒုကၡေတြကိုပါ ရင္ဆိုင္ေနၾကရပါတယ္။

အိႏၵိယကမ္း႐ိုးတန္းတေလွ်ာက္ ပင္လယ္ေရမ်က္ႏွာျပင္ဟာ ဆယ္ႏွစ္အတြင္း ၁ လက္မ ေက်ာ္ေက်ာ္ တက္ေနတာျဖစ္ၿပီး ဒါဟာ ကမ္းစပ္ကေန ၆ လက္မခြဲေက်ာ္ေက်ာ္ ေရအလႊမ္းခံရၿပီး ေျမသားဆံုးရတဲ့သေဘာ ျဖစ္ေနတယ္လို႔ အပူပိုင္း မိုးေလဝသဆိုင္ရာ အိႏၵိယတကၠသိုလ္က Roxy Mathew Koll က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ရေမျက်နှာပြင်မြင့်တက်မှု တောင်အာရှကမ်းရိုးနေတို့ အခက်ကြုံ

ကမ္ဘာကြီးပူနွေးမှုနဲ့အတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေလွှမ်းပြီး လူအများအပြား ရွှေ့ပြောင်းအခြေချရတဲ့ အဖြစ်နဲ့ ကြုံနေရတာကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေရဲ့ အရှေ့ပိုင်းက Sunderbans မြစ်ဝကျွန်းပေါ်ဒေသမှာ ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်။

ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ကြီးဖြစ်တဲ့ IPCC (Intergovernmental Panel on Climate Change) က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာလည်း အိန္ဒိယသမုဒ္ဒရာ ရေပြင်ဟာ တခြားရေပြင်တွေထက် ပိုပြီး မြန်မြန်ပူနွေးနိုင်တယ်လု့ိ သတိပေးထားပါတယ်။ ဒါကြောင့် ကမ္ဘာတလွှား တခြားနေရာတွေထက် ပင်လယ်ရေမျက်နှာပြင် ပိုမြင့်တက်လာနိုင်တာဖြစ်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လို လူဦးရေထူထပ်တဲ့ ကမ်းရိုးတန်းဒေသတွေ ရေအောက်ရောက်ကုန်တဲ့ အနေအထား ကြုံရနိုင်တယ်လို့ သတိပေးထားတာပါ။

ဒါဟာ ဌာနေဒေသခံ သန်းပေါင်းများစွာကို ထိခိုက်စေတာဖြစ်ပြီး ActionAid နဲ့ တောင်အာရှ ဥတုရာသီဆိုင်ရာ ကွန်ရက်အဖွဲ့ (Climate Action Network South Asia) တို့ရဲ့ ဒီဇင်ဘာလထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ လက်ရှိအတိုင်း ဆက်တွေ့နေရရင် ၂၀၅၀ မှာ တောင်အာရှဒေသက လူပေါင်း ၆၃ သန်းလောက် သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းရမယ့် အနေအထား ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် အဲဒီကမ်းရိုးတန်းဒေသတွေမှာ နေအိမ်တွေ ပုံမှန် ရေကြီးရေလျှံတဲ့ဒဏ်ကို ဒေသခံတွေ ခံစားနေရသလို သူတို့ရဲ့ လယ်ယာစိုက်ခင်းတွေမှာ ဆားငံရေဝင်ပြီး သုံးမရဘဲ ဖြစ်ကုန်တာနဲ့ ကြုံနေရတာပါ။ ဒါ့အပြင် ဥတုရာသီပြောင်းလဲမှုနဲ့ ဆက်နွှယ်ပြီး ကြုံရတဲ့ ဆိုင်ကလုံးမုန်တိုင်းနဲ့ ရေကြီးရေလျှံမှုလို သဘာဝဘေးဒုက္ခတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။

အိန္ဒိယကမ်းရိုးတန်းတလျှောက် ပင်လယ်ရေမျက်နှာပြင်ဟာ ဆယ်နှစ်အတွင်း ၁ လက်မ ကျော်ကျော် တက်နေတာဖြစ်ပြီး ဒါဟာ ကမ်းစပ်ကနေ ၆ လက်မခွဲကျော်ကျော် ရေအလွှမ်းခံရပြီး မြေသားဆုံးရတဲ့သဘော ဖြစ်နေတယ်လို့ အပူပိုင်း မိုးလေဝသဆိုင်ရာ အိန္ဒိယတက္ကသိုလ်က Roxy Mathew Koll က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG