သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏ်ဴကလီးယားလက္နက္ ပိုင္ဆိုင္မႈ ကန္ခန္႔မွန္းခ်က္ထက္ ပိုမိုမ်ားျပား


Zawgyi

တ႐ုတ္ႏ်ဴကလီးယားလက္နက္ ပိုင္ဆိုင္မႈ ကန္ခန္႔မွန္းခ်က္ထက္ ပိုမိုမ်ားျပား

တ႐ုတ္ႏိုင္ငံရဲ႕ ႏ်ဴကလီးယားလက္နက္ ပိုင္ဆိုင္မႈဟာ ၿပီးခဲ့တဲ့ႏွစ္က ခန္႔မွန္းခ်က္ထက္ သိသိသာသာ မ်ားလာေၾကာင္း အေမရိကန္ ပင္တဂြန္ စစ္ဌာနခ်ဳပ္ရဲ႕ အစီရင္ခံစာသစ္က သတိေပးလိုက္ပါတယ္။ တ႐ုတ္စစ္တပ္ရဲ႕ ေခတ္မီေအာင္ တည္ေဆာက္ဖို႔ ရည္မွန္းခ်က္ဟာလည္း ထိုင္၀မ္ကၽြန္းမွာ စစ္ေရးအရ ပိုမိုအေလးသာႏိုင္ေၾကာင္း ေဖာ္ျပထားတာပါ။ တ႐ုတ္ႏိုင္ငံရဲ႕ ႏ်ဴကလီးယားလက္နက္ တိုးျမႇင့္ထုတ္လုပ္မႈႏႈန္းအရ ၂၀၂၇ ခုႏွစ္မွာ လက္ေတြ႕အသုံးခ်ႏိုင္တဲ့ ႏ်ဴကလီးယားထိပ္ဖူး ၇၀၀ ေလာက္အထိ ရွိလာႏိုင္ၿပီး၊ ၂၀၃၀ ျပည့္မွာ ႏ်ဴကလီးယားထိပ္ဖူး ၁,၀၀၀ ေလာက္ ပိုင္ဆိုင္ႏိုင္ဖို႔ ရည္ရြယ္ထားတယ္လို႔လည္း ပင္တဂြန္စစ္ဌာနခ်ဳပ္က ကြန္ဂရက္လႊတ္ေတာ္ကို တင္ျပခဲ့ၿပီး ဗုဒၶဟူးေန႔မွာ ထုတ္ျပန္လိုက္တဲ့ တ႐ုတ္ႏိုင္ငံ စစ္ေရးစြမ္းအင္ဆိုင္ရာ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ မႏွစ္တုန္းက ပင္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕ အစီရင္ခံစာမွာ တ႐ုတ္ႏိုင္ငံရဲ႕ ႏ်ဴကလီးယားလက္နက္ ပိုင္ဆိုင္မႈဟာ ၂၀၀ ေက်ာ္သာရွိၿပီး၊ ဆယ္ႏွစ္အတြင္း ၂ ဆတိုးလာႏိုင္တယ္လို႔ ခန္႔မွန္းခဲ့ေပမဲ့ အခုအခါ သိသိသာသာ တိုးလာခဲ့တာပါ။ တ႐ုတ္ႏိုင္ငံမွာ ႏ်ဴကလီးယားလက္နက္ေတြ တိုးလာေပမဲ့လည္း အသင့္ျဖစ္ေနတဲ့ ႏ်ဴကလီးယားထိပ္ဖူး ၃၈၀၀ ေလာက္ ရွိေနတဲ့ အေမရိကန္ေလာက္ေတာ့ မမ်ားပါဘူး။ ပင္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕ အစီရင္ခံစာကိုေတာ့ ၂၀၂၀ ဒီဇင္ဘာလအထိ အခ်က္အလက္ေတြအေပၚ အေျခခံေဖာ္ျပထားတာျဖစ္ၿပီး၊ မၾကာေသးခင္တုန္းက တ႐ုတ္ႏိုင္ငံမွာ စမ္းသပ္ခဲ့တဲ့ hypersonic အသံထက္ ၅ ဆျမန္တဲ့ လက္နက္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြေတာ့ မပါ၀င္ပါဘူး။ တ႐ုတ္စစ္တပ္ကို ၂၀၂၇ ခုႏွစ္ ေနာက္ဆုံးထား ေခတ္မီေအာင္ တည္ေဆာက္မယ့္ အစီအစဥ္ဟာ ထိုင္၀မ္ကၽြန္းက လြတ္လပ္ေရးရဖို႔ ႀကိဳးပမ္းမႈေတြကို ထိန္းခ်ဳပ္ဖို႔နဲ႔ အေမရိကန္ အပါအ၀င္ ထိုင္၀မ္ရဲ႕ မဟာမိတ္ေတြ ၾကားမ၀င္ႏိုင္ေအာင္ ဟန္႔တားႏိုင္စြမ္း ျမႇင့္တင္ႏိုင္မယ့္ အလားအလာ ရွိေၾကာင္းလည္း အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

####

Unicode

တရုတ်နျူကလီးယားလက်နက် ပိုင်ဆိုင်မှု ကန်ခန့်မှန်းချက်ထက် ပိုမိုများပြား

တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုဟာ ပြီးခဲ့တဲ့နှစ်က ခန့်မှန်းချက်ထက် သိသိသာသာ များလာကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာသစ်က သတိပေးလိုက်ပါတယ်။ တရုတ်စစ်တပ်ရဲ့ ခေတ်မီအောင် တည်ဆောက်ဖို့ ရည်မှန်းချက်ဟာလည်း ထိုင်ဝမ်ကျွန်းမှာ စစ်ရေးအရ ပိုမိုအလေးသာနိုင်ကြောင်း ဖော်ပြထားတာပါ။ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက် တိုးမြှင့်ထုတ်လုပ်မှုနှုန်းအရ ၂၀၂၇ ခုနှစ်မှာ လက်တွေ့အသုံးချနိုင်တဲ့ နျူကလီးယားထိပ်ဖူး ၇၀၀ လောက်အထိ ရှိလာနိုင်ပြီး၊ ၂၀၃၀ ပြည့်မှာ နျူကလီးယားထိပ်ဖူး ၁,၀၀၀ လောက် ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ်က ကွန်ဂရက်လွှတ်တော်ကို တင်ပြခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ တရုတ်နိုင်ငံ စစ်ရေးစွမ်းအင်ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မနှစ်တုန်းက ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုဟာ ၂၀၀ ကျော်သာရှိပြီး၊ ဆယ်နှစ်အတွင်း ၂ ဆတိုးလာနိုင်တယ်လို့ ခန့်မှန်းခဲ့ပေမဲ့ အခုအခါ သိသိသာသာ တိုးလာခဲ့တာပါ။ တရုတ်နိုင်ငံမှာ နျူကလီးယားလက်နက်တွေ တိုးလာပေမဲ့လည်း အသင့်ဖြစ်နေတဲ့ နျူကလီးယားထိပ်ဖူး ၃၈၀၀ လောက် ရှိနေတဲ့ အမေရိကန်လောက်တော့ မများပါဘူး။ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာကိုတော့ ၂၀၂၀ ဒီဇင်ဘာလအထိ အချက်အလက်တွေအပေါ် အခြေခံဖော်ပြထားတာဖြစ်ပြီး၊ မကြာသေးခင်တုန်းက တရုတ်နိုင်ငံမှာ စမ်းသပ်ခဲ့တဲ့ hypersonic အသံထက် ၅ ဆမြန်တဲ့ လက်နက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေတော့ မပါဝင်ပါဘူး။ တရုတ်စစ်တပ်ကို ၂၀၂၇ ခုနှစ် နောက်ဆုံးထား ခေတ်မီအောင် တည်ဆောက်မယ့် အစီအစဉ်ဟာ ထိုင်ဝမ်ကျွန်းက လွတ်လပ်ရေးရဖို့ ကြိုးပမ်းမှုတွေကို ထိန်းချုပ်ဖို့နဲ့ အမေရိကန် အပါအဝင် ထိုင်ဝမ်ရဲ့ မဟာမိတ်တွေ ကြားမဝင်နိုင်အောင် ဟန့်တားနိုင်စွမ်း မြှင့်တင်နိုင်မယ့် အလားအလာ ရှိကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG