သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်လေယာဉ်တွေ လေပိုင်နက် ကျူးကျော်ဝင်ရောက်ကြောင်း ထိုင်ဝမ်စွပ်စွဲ


တရုတ်စစ်တပ်ရဲ့ တိုက်လေယာဉ် J-16။
တရုတ်စစ်တပ်ရဲ့ တိုက်လေယာဉ် J-16။

(Zawgyi / Unicode)

ထိုင်ဝမ် လေကြောင်းပိုင်နက်ထဲ တရုတ်စစ်တပ်က စစ်လေယာဉ် ၃၈ စင်း သောကြာနေ့က ပျံသန်းခဲ့တာအတွက် ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က အပြစ်တင် ရှုတ်ချလိုက်ပါတယ်။

"တရုတ်နိုင်ငံဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ လူမဆန်တဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို အမြဲ လုပ်ဆောင်လေ့ ရှိပါတယ်။ တရုတ်ရဲ့ ဒီလိုလုပ်ဆောင်မှုမျိုးကို နိုင်ငံတကာ အသိုင်းအဝိုင်းက စပြီး လက်မခံနိုင်ဘဲ ဖြစ်လာနေပြီ။” လို့ စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အခုလို တရုတ်စစ်လေယာဉ် ပျံသန်းမှုဟာ တရုတ်အမျိုးသားနေ့ ကျင်းပပွဲနဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။ PLA တရုတ်စစ်တပ်က သောကြာနေ့မှာ ပထမအသုတ် အနေနဲ့ စစ်လေယာဉ် ၂၅ စင်း ပျံသန်းခဲ့ပြီး ညဘက်မှာပဲ နောက်ထပ် ၁၃ စင်း ပျံသန်းဖို့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်က လေကြောင်းကင်းလှည့်တပ်ဖွဲ့တွေကို ချက်ချင်း စေလွှတ်ခဲ့ပြီး သူတို့ရဲ့ လေကြောင်းကာကွယ်ရေး စနစ်ထဲကို ဝင်ရောက်လာတဲ့ တရုတ်လေယာဉ်တွေကို ခြေရာခံလိုက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

တရုတ်ကစေလွှတ်တဲ့ ပထမအသုတ် လေယာဉ်တွေထဲမှာ J-16 တိုက်လေယာဉ် ၁၈ စင်းနဲ့ H-6 ဗုံးကြဲလေယာဉ် ၂ စင်း ပါဝင်ပါတယ်။ တရုတ်က သူပိုင်နယ်မြေအစိတ်အပိုင်း တခုအဖြစ် ကြေညာထားတဲ့ ထိုင်ဝမ်ဝေဟင်ထဲကို လေယာဉ်တွေ စေလွှတ်လေ့ရှိပြီး မကြာခင်နှစ်တွေထဲမှာတော့ နေ့စဉ်လိုလို စေလွှတ်နေရာကနေ စစ်ရေးလေ့ကျင့်မှုတွေ သုံးပြီး စစ်ရေးအရ ခြိမ်းခြောက်မှုတွေ လုပ်လာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တရုတ်က ထိုင်ဝမ်လေပိုင်နက်ဆီ ဦးတည်ပြီး လေယာဉ် ၂၄ စင်း ပျံသန်းခဲ့တာပါ။

၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း ထိုင်ဝမ်နဲ့ တရုတ်ပြည်မတို့ ခွဲထွက်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ထိုင်ဝမ်ပါဝင်မှုကို တရုတ်က ကန့်ကွက်လေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)









XS
SM
MD
LG