သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် ရှာဖွေရေး Pentagon အကူအညီ လိုအပ်


Pentagon စစ်ဌာနချုပ်၊ ဝါရှင်တန်။
Pentagon စစ်ဌာနချုပ်၊ ဝါရှင်တန်။
ပျောက်ဆုံးနေဆဲ မလေးရှားဂျက်လေယာဉ်ကို ရှာဖွေဖို့အတွက် ရေအောက် စုံစမ်းထောက်လှမ်းရေး ကိရိယာတွေ အကူအညီ ပေးဖို့ မလေးရှားနိုင်ငံက အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကို ပန်ကြားထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်ဆီ သောကြာနေ့က တယ်လီဖုန်းဆက်သွယ် ပြောဆိုချိန်အတွင်း မလေးရှား ကာကွယ်ရေးဝန်ကြီး Hishammuddin Hussein က ပန်ကြားခဲ့တာဖြစ်တယ်လို့ ပန်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါ တယ်။

ဘယ်လိုကိရိယာမျိုးကို အမေရိကန်က ကူညီမယ်ဆိုတာကိုတော့ ပြောခွင့်ရက အတိအကျ မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း ပန်ကြား ချက်အပေါ်မှာ နဲ့ လေယာဉ်ပျောက် ကို ရှာတဲ့နေရာမှာ အထောက်အကူဖြစ်မယ် မဖြစ်ဘူးဆိုတာ ဝန်ကြီးဟေဂဲလ်က စဉ်းစားနေပါ တယ်။
ကျယ်ပြောလှတဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ ဒုတိယမြောက်နေ့အဖြစ် အပြင်းအထန် ဆက်ပြီးရှာဖွေခဲ့ကြပေမဲ့လည်း ဘယ်လို အပျက်အစီး အစအနမျိုးကိုမှ ရှာမတွေ့သေးပါဘူး။

နယူးဇီလန်နိုင်ငံက လေယာဉ်မှူးတစ်ဦးဖြစ်သူ ဒုတိယဗိုလ် Tim McAlevey က သူ စိတ်ပျက်ပေမဲ့လည်း လေယာဉ်ပျောက်ရဲ့ ဖြစ်နိုင်ဖွယ် အပျက်အစီးအစအနတွေကို ရှာဖွေသူတွေတွေ့လိမ့်မယ် လို့ မျှော်လင့်ထားဆဲဖြစ်ကြောင်း ပြောပါတယ်။

“တကယ့်ကို စိတ်ပျက်စရာပါ။ တစ်ခုခုသာရှိနေတယ်ဆိုရင် ကျနော်တို့ တွေ့မှာပဲလို့ ကျနော်လုံး၀ ယုံကြည်ပြီး ထွက်ရှာတဲ့အကြိမ်တိုင်းမှာ အဲဒီမျှော်လင့်ချက်ထားပါတယ်။ ဒါပေမဲ့လည်း တွေ့တဲ့အထိတော့ ကျနော်တို့ ဆက်ရှာနေရမှာပါ။” လို့ လေယာဉ်မှူး Tim McAlevey က ပြောပါတယ်။
XS
SM
MD
LG