သုံးရလွယ်ကူစေသည့် Link များ

ဂျပန် ကမ်းလွန်ပင်လယ်ပြင်မှာ ဧရာမ ကုန်တင် သဘောင်္ကြီးတဲ့ တိုက်မိတဲ့ အမေရိကန် ရေတပ် ဖျက်သဘောင်္ USS Fitzgerald ရဲ့ အိပ်ခန်းတွေမှာ သေဆုံး ရေတပ်သားတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ရေတပ်သား ၇ ဦး ရှာဖွေရေး အဆုံးသတ်လိုက်ပြီလို့ အမေရိကန်ဘက်က ပြောဆိုလိုက်ပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း ပြီးဆုံးသွားပြီလို့ အမေရိကန် ရေတပ်ရဲ့ အမှတ် ၇ တပ်ဖွဲ့ တပ်မှူး ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Joseph Aucoin က ဒီကနေ့ တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောဆိုတာပါ။

အသက်ရှင်ကျန်ရစ်သူ မရှိဘူးဆိုတာကို အမေရိကန် အာဏာပိုင်တွေဘက်က အသိအမှတ်ပြုထားပေမယ့် ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Aucoin ကတော့ သေဆုံးသူ ရေတပ်သားတွေရဲ့ မိသားစုတွေကို အသိပေး အကြောင်းမကြားရသေးခင်မှာ ရှာတွေ့ထားတဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်း အရေအတွက်ကို မပြောဘူးလို့ ငြင်းဆိုပါတယ်။ သဘောင်္ရဲ့ အိပ်ဆောင်တွေထဲကို ပင်လယ်ရေတွေ စီးဝင်ခဲ့တာ ဖြစ်ပြီး သဘောင်္ရဲ့ ညာဘက်ပိုင်းက ပိတ်မိသွားတာလို့လည်း ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီးက ပြောပါတယ်။

အတော်လေး ပျက်စီးသွားတဲ့ အကြောင်းနဲ့ အောက်ကနေ ရေတွေ အလုံးအရင်းနဲ့ ၀င်နေတဲ့ အကြောင်းလည်း အခြေစိုက်တဲ့ အမေရိကန် ရေတပ် အမှတ် ၇ တပ်ဖွဲ့ အခြေစိုက်ရာ ဂျပန်နိုင်ငံ Yokosuka ရေတပ်စခန်းမှာ တပ်မှူးကြီး Aucoin က ပြောပါတယ်။ သဘောင်္ အသွားအလာများတဲ့ ဂျပန်နိုင်ငံ Yokosuka ရဲ့ အနောက်တောင်ဘက် ၁၀၄ ကီလိုမီတာမှာ သဘောင်္နှစ်စင်း တိုမိပြီးနောက် နာရီပိုင်းအတွင်း ကမ်းခြေကို ပြန်ပြီးဆွဲလာခဲ့ပြီးနောက် ကျောက်ချထားတဲ့ USS Fitzgerald ရဲ့ ရှေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် အလံတင် ကုန်တင်သဘောင်္ ACX Crystal နဲ့ တိုက်မိချိန်မှာ USS Fitzgerald ပေါ်မှာ ရေတပ်သား အများစုက အိပ်နေကြချိန်ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ USS Fitzgerald အနေနဲ့တော့ အချိန်ယူ ပြန်လည် ပြင်ဆင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ တိုက်မိခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

XS
SM
MD
LG