သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့စြမ္းအင္လုပ္ငန္းကို အေရးယူဒဏ္ခတ္ဖို႔ Mitch McConnell တိုက္တြန္း


အေမရိကန္ အထက္လႊတ္ေတာ္ ရီပါဘလီကန္ပါတီအမတ္မ်ား ေခါင္းေဆာင္ Mitch McConnell 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းေတြက ျမန္မာႏိုင္ငံအေပၚ အေရးယူရမယ့္အခ်ိန္ကို ေရာက္ေနၿပီလို႔ အထက္လႊတ္ေတာ္ ရီပါဘလီကန္ပါတီအမတ္မ်ား ေခါင္းေဆာင္ Mitch McConnell က အေမရိကန္အထက္လႊတ္ေတာ္မွာ ေျပာလိုက္ပါတယ္။

တကယ္လို႔ အဲဒီ အိမ္နီးခ်င္းေတြက အေရးမယူဘူးဆိုရင္ ျမန္မာႏိုင္ငံရဲ႕ စြမ္းအင္က႑နဲ႔ စစ္ေကာင္စီရဲ႕ အဓိကဝင္ေငြရလမ္းေတြအေပၚ သမၼတဘိုင္ဒန္အစိုးရ က ပိတ္ဆို႔အေရးယူသင့္တယ္လို႔ Mitch McConnell က ေျပာၾကားလိုက္ပါတယ္။ ျမန္မာ့ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူေတြကို ကြပ္မ်က္ခဲ့တာနဲ႔ ပတ္သက္ၿပီး အထက္လႊတ္ေတာ္မွာ မစၥတာ Mitch McConnell ေျပာၾကားခဲ့တာေတြကို သူ႔႐ုံးက သတင္းထုတ္ျပန္ခ်က္အျဖစ္ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

စစ္ေကာင္စီရဲ႕ တရားမဝင္အုပ္ခ်ဳပ္မႈကို သေဘာမတူဆန႔္က်င္ၾကတာေၾကာင့္ အျပစ္မဲ့ ျမန္မာျပည္သူေတြရဲ႕ေသြးေတြ ေျမက်ေနရတယ္လို႔လည္း မစၥတာ Mitch McConnell က ေျပာပါတယ္။ တရားဝင္မႈမရွိတဲ့ စစ္ေကာင္စီက က်ဴးလြန္ခဲ့တဲ့ စက္ဆုပ္ထိတ္လန႔္ဖြယ္ အမႈစာရင္းရွည္ႀကီးမွာ စစ္ေကာင္စီရဲ႕ ခုလုပ္ရပ္ က ေနာက္ထပ္ တခုသာျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

ဒါဟာ လူသားဘဝအေပၚ အေလးအျမတ္မထားတာကို ျပတယ္။ ႏိုင္ငံသားေတြအေပၚ မေလးစားတာကို ျပတယ္လို႔လည္း ေျပာပါတယ္။ ျပည္တြင္းမွာ ပရမ္းပတာျဖစ္တာ၊ ျပည္တြင္းစစ္ျဖစ္တာ၊ အိမ္နီးခ်င္းေတြနဲ႔ ႏိုင္ငံတကာ အသိုက္အဝန္းက အေရးယူတာေတြ အစရွိတဲ့ မိမိလုပ္ရပ္ေၾကာင့္ ျဖစ္လာမယ့္ အက်ိဳးဆက္အေပၚ ဘာကိုမွ အေၾကာက္အ႐ြံ႕မရွိတာကိုျပသတဲ့ ေနာက္ထပ္ သက္ေသျပခ်က္သာျဖစ္တယ္လို႔ အထက္လႊတ္ေတာ္ ရီပါဘလီကန္ အမတ္မ်ားရဲ႕ ေခါင္းေဆာင္က ေျပာသြားခဲ့ပါတယ္။

သမၼတဘိုင္ဒန္အစိုးရက ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို ေလးစားတယ္လို႔ ေျပာေနၿပီး ဒါဟာ လက္ေတြ႕ျပသဖို႔ အခြင့္အလမ္းျဖစ္ပါတယ္လို႔ မစၥတာ Mitch McConnell က သမၼတဘိုင္ဒန္ကို စစ္ေကာင္စီရဲ႕ ဝင္ေငြအားလုံး ပိတ္ဆို႔အေရးယူဖို႔ တိုက္တြန္းသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]


မြန်မာ့စွမ်းအင်လုပ်ငန်းကို အရေးယူဒဏ်ခတ်ဖို့ Mitch McConnell တိုက်တွန်း

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေက မြန်မာနိုင်ငံအပေါ် အရေးယူရမယ့်အချိန်ကို ရောက်နေပြီလို့ အထက်လွှတ်တော် ရီပါဘလီကန်ပါတီအမတ်များ ခေါင်းဆောင် Mitch McConnell က အမေရိကန်အထက်လွှတ်တော်မှာ ပြောလိုက်ပါတယ်။

တကယ်လို့ အဲဒီ အိမ်နီးချင်းတွေက အရေးမယူဘူးဆိုရင် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍနဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းတွေအပေါ် သမ္မတဘိုင်ဒန်အစိုးရ က ပိတ်ဆို့အရေးယူသင့်တယ်လို့ Mitch McConnell က ပြောကြားလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ခဲ့တာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်မှာ မစ္စတာ Mitch McConnell ပြောကြားခဲ့တာတွေကို သူ့ရုံးက သတင်းထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တရားမဝင်အုပ်ချုပ်မှုကို သဘောမတူဆန့်ကျင်ကြတာကြောင့် အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့သွေးတွေ မြေကျနေရတယ်လို့လည်း မစ္စတာ Mitch McConnell က ပြောပါတယ်။ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ စက်ဆုပ်ထိတ်လန့်ဖွယ် အမှုစာရင်းရှည်ကြီးမှာ စစ်ကောင်စီရဲ့ ခုလုပ်ရပ် က နောက်ထပ် တခုသာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒါဟာ လူသားဘဝအပေါ် အလေးအမြတ်မထားတာကို ပြတယ်။ နိုင်ငံသားတွေအပေါ် မလေးစားတာကို ပြတယ်လို့လည်း ပြောပါတယ်။ ပြည်တွင်းမှာ ပရမ်းပတာဖြစ်တာ၊ ပြည်တွင်းစစ်ဖြစ်တာ၊ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက အရေးယူတာတွေ အစရှိတဲ့ မိမိလုပ်ရပ်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်အပေါ် ဘာကိုမှ အကြောက်အရွံ့မရှိတာကိုပြသတဲ့ နောက်ထပ် သက်သေပြချက်သာဖြစ်တယ်လို့ အထက်လွှတ်တော် ရီပါဘလီကန် အမတ်များရဲ့ ခေါင်းဆောင်က ပြောသွားခဲ့ပါတယ်။

သမ္မတဘိုင်ဒန်အစိုးရက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတယ်လို့ ပြောနေပြီး ဒါဟာ လက်တွေ့ပြသဖို့ အခွင့်အလမ်းဖြစ်ပါတယ်လို့ မစ္စတာ Mitch McConnell က သမ္မတဘိုင်ဒန်ကို စစ်ကောင်စီရဲ့ ဝင်ငွေအားလုံး ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG