[ Zawgyi / Unicode ]
ျမန္မာႏိုင္ငံက လတ္တေလာျဖစ္ရပ္ေတြကို ကမၻာႀကီးက ေစာင့္ၾကည့္ေနခ်ိန္မွာပဲ မတ္လ(၂၇)ရက္ေန႔ ညက ထိုင္းႏိုင္ငံမွာ က်င္းပသြားတဲ့ 'Miss Grand International 2020' ၿပဳိင္ပဲြအတြင္း ျမန္မာႏိုင္ငံကုိယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပဳိင္တဲ့ အလွမယ္ 'ဟန္ေလး' က ျမန္မာႏိုင္ငံတြင္း လူရာေက်ာ္ေသဆုံးခဲ့တဲ့ စစ္တပ္ရဲ႕ အၾကမ္းဖက္ လုပ္ရပ္ကို ဗီဒီယုိနဲ႔ ျပသရင္း ႏိုင္ငံတကာက ကူညီတားဆီးေပးၾကဖို႔ ေတာင္းဆို သြားပါတယ္။
ဘယ္ႏိုင္ငံမွာမဆို ျပည္သူေတြဟာ သူတို႔ တုိင္းျပည္ကို ၿငိမ္းခ်မ္းစြာနဲ႔ သာယာဝေျပာ ခ်မ္းသာေစခ်င္ၾကေပမယ့္ တိုင္းျပည္ရဲ႕အာဏာပိုင္ေတြက သူတို႔အတၱအတြက္ အာဏာကို အသုံးျပဳေနျခင္းဟာ မသင့္ေတာ္ဘူးလို႔ အလွမယ္ ဟန္ေလးက ေထာက္ျပ ေျပာဆိုသြားပါတယ္။
" ျမန္မာျပည္သူေတြဟာ လမ္းမေတြေပၚထြက္ၿပီး ဒီမုိကေရစီေရးအတြက္ လႈပ္ရွားေနၾကပါတယ္။ အဲဒီလႈပ္ရွားမႈထဲမွာ က်မလည္း ပါဝင္ေနတာပါ။ က်မ တုိင္းျပည္အေျခအေနနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာက ပိုသိလာေအာင္ အခုလို ဖြင့္ဟ ေျပာၾကားခြင့္ေပးတဲ့ Miss International အဖြဲ႔အစည္းႀကီးကိုလည္း အရမ္းပဲ ေက်းဇူးတင္ပါတယ္။ ျမန္မာျပည္ႀကီးကို ဝိုင္းဝန္းကူညီၾကပါလို႔ ဒီကေန က်မ ေတာင္းဆုိခ်င္ပါတယ္။ ႏိုင္ငံတကာရဲ႕ အကူအညီေတြ က်မတို႔ အေရးတႀကီး လုိအပ္ေနတာပါ .." လုိ႔ ေျပာသြားပါတယ္။
သူ႔စကားအဆုံးမွာေတာ့ ဟန္ေလးက မိုက္ကယ္ဂ်က္ဆင္ရဲ႕ Heal the World ဆိုတဲ့ သီခ်င္းကို အလြတ္ သီဆုိသြားခဲ့ပါတယ္။
အလွမယ္ ဟန္ေလးက ႏိုင္ငံတကာပဲြ စင္ျမင့္ထက္မွာ အခုလို ျမန္မာျပည္အေရး မေျပာဆိုခင္ကတည္းက သူမရဲ႕လူမႈကြန္ယက္ ေဖ့စ္ဘြတ္ေပၚမွာ CDM လႈပ္ရွားမႈ ရံပုံေငြထည့္ဝင္ေရး အေၾကာင္းေတြနဲ႔ ဆႏၵျပေက်ာင္းသားေတြ အဖမ္းဆီး ခံရတဲ့ အေၾကာင္းေတြကိုလည္း ေရးသားခဲ့သူ ျဖစ္ပါတယ္။
'Miss Grand International 2020' ၿပဳိင္ပဲြမွာ ဟန္ေလးက အျမင့္ဆုံး သရဖူဆုကို မဆြတ္ခူးႏုိင္ခဲ့ေပမယ့္ ထိပ္ဆုံး လူ(၂၀) ဆန္ကာတင္စာရင္းဝင္ ျဖစ္ခဲ့ပါတယ္။
[ Unicode ]
စစ်တပ်အကြမ်းဖက်မှု ကူညီတားဆီးဖို့ နိုင်ငံတကာကို ပြောကြားသွားတဲ့ မြန်မာအလှမယ်
မြန်မာနိုင်ငံက လတ်တလောဖြစ်ရပ်တွေကို ကမ္ဘာကြီးက စောင့်ကြည့်နေချိန်မှာပဲ မတ်လ(၂၇)ရက်နေ့ ညက ထိုင်းနိုင်ငံမှာ ကျင်းပသွားတဲ့ 'Miss Grand International 2020' ပြိုင်ပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ် 'ဟန်လေး' က မြန်မာနိုင်ငံတွင်း လူရာကျော်သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်ကို ဗီဒီယိုနဲ့ ပြသရင်း နိုင်ငံတကာက ကူညီတားဆီးပေးကြဖို့ တောင်းဆို သွားပါတယ်။
ဘယ်နိုင်ငံမှာမဆို ပြည်သူတွေဟာ သူတို့ တိုင်းပြည်ကို ငြိမ်းချမ်းစွာနဲ့ သာယာဝပြော ချမ်းသာစေချင်ကြပေမယ့် တိုင်းပြည်ရဲ့အာဏာပိုင်တွေက သူတို့အတ္တအတွက် အာဏာကို အသုံးပြုနေခြင်းဟာ မသင့်တော်ဘူးလို့ အလှမယ် ဟန်လေးက ထောက်ပြ ပြောဆိုသွားပါတယ်။
" မြန်မာပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်ပြီး ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြပါတယ်။ အဲဒီလှုပ်ရှားမှုထဲမှာ ကျမလည်း ပါဝင်နေတာပါ။ ကျမ တိုင်းပြည်အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပိုသိလာအောင် အခုလို ဖွင့်ဟ ပြောကြားခွင့်ပေးတဲ့ Miss International အဖွဲ့အစည်းကြီးကိုလည်း အရမ်းပဲ ကျေးဇူးတင်ပါတယ်။ မြန်မာပြည်ကြီးကို ဝိုင်းဝန်းကူညီကြပါလို့ ဒီကနေ ကျမ တောင်းဆိုချင်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ ကျမတို့ အရေးတကြီး လိုအပ်နေတာပါ .." လို့ ပြောသွားပါတယ်။
သူ့စကားအဆုံးမှာတော့ ဟန်လေးက မိုက်ကယ်ဂျက်ဆင်ရဲ့ Heal the World ဆိုတဲ့ သီချင်းကို အလွတ် သီဆိုသွားခဲ့ပါတယ်။
အလှမယ် ဟန်လေးက နိုင်ငံတကာပွဲ စင်မြင့်ထက်မှာ အခုလို မြန်မာပြည်အရေး မပြောဆိုခင်ကတည်းက သူမရဲ့လူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်မှာ CDM လှုပ်ရှားမှု ရံပုံငွေထည့်ဝင်ရေး အကြောင်းတွေနဲ့ ဆန္ဒပြကျောင်းသားတွေ အဖမ်းဆီး ခံရတဲ့ အကြောင်းတွေကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။
'Miss Grand International 2020' ပြိုင်ပွဲမှာ ဟန်လေးက အမြင့်ဆုံး သရဖူဆုကို မဆွတ်ခူးနိုင်ခဲ့ပေမယ့် ထိပ်ဆုံး လူ(၂၀) ဆန်ကာတင်စာရင်းဝင် ဖြစ်ခဲ့ပါတယ်။