သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း အၾကမ္းမဖက္ဆန္႔က်င္မႈမွာ နာမည္ႀကီး အႏုပညာရွင္ေတြပါ၀င္လာ


အဆိုေတာ္ တူးတူး(ဓါတ္ပံု- Facebook-Tu Tu )

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ့တာကို ဆန္႔က်င္ၿပီး၊ ကိုဗစ္ကာလေရွ.တန္းက ေဆးဝန္းထမ္ေတြ စတင္ခဲ့တဲ့၊ CDM လို႔အတိုေခါက္ေခၚတဲ့ Civil Disobedience Movement အၾကမ္းမဖက္ မပူးေပါင္းမေဆာင္ရြက္ေရးလႈပ္ရွားမူမွာ၊ အႏုပညာရွင္ေတြကလည္း ဝန္းရံပါဝင္လာပါၿပီ။ အခုလို ပူးေပါင္းပါ၀င္ရျခင္းက အာဏာသိမ္းတဲ့ လုပ္ရပ္က မတရားမႈ ျဖစ္တဲ့အျပင္ ေရရွည္ ဆိုးက်ဳိးျဖစ္မွာ စိုးရိမ္တဲ့အတြက္ျဖစ္တယ္လို႔ ဒီလႈပ္ရွားမႈမွာ ပါ၀င္သူေတြက ေျပာပါတယ္။ ဒါ့အျပင္ တပ္မေတာ္သားေတြ အေနနဲ႔လည္း ဒီလႈပ္ရွားမႈမွာ ပါ၀င္လာၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ အျပည့္အစုံကိုေတာ့ ကို၀င္းမင္းက တင္ျပေပးပါမယ္။

MRTV 4 ျမန္မာ့ရုပ္ျမင္သံၾကားက နာမည္ႀကီး အစီအစဥ္တင္ဆက္သူ မသဇင္ႏြယ္ဝင္းက

“မတရားမႈ ျဖစ္တဲ့အတြက္ေၾကာင့္ တရားတဲ့ဘက္က ရပ္တည္ေနပါတယ္။ Facebook ကေနၿပီးေတာ့ သဇင္တို႔ Follower ေတြအကုန္လံုးလည္း ျပည္သူေတြ အားလံုးအေနနဲ႔လည္း ဒါနဲ႔ပတ္သက္ၿပီးေတာ့ အရမ္းစိတ္ညစ္တာေရာ၊ ေဒါသထြက္တာေရာ ၊၀မ္းနည္းတာေရာ ၊ စိတ္ဓါတ္ေတြပါ က်ၿပီးေတာ့ ဘာအလုပ္မွ အဆင္မေျပဘူးေပါ့ေနာ္။ အဲဒီအတြက္ေၾကာင့္ တတ္ႏိုင္သမွ် Campaign ေလးေတြမွာပါ၀င္ပါတယ္။”

အဲဒီေတာ့ ဘာေၾကာင့္အခုလို ပါ၀င္လုပ္ေဆာင္ရတာကိုလည္း မသဇင္ႏြယ္ဝင္းက

“လက္လြတ္စပယ္ႀကီးမေနႏိုင္ဘူး ။ ဒါကိုယ့္ႏိုင္ငံေပါ့ေနာ္ ေပ်ာ္ေပ်ာ္ရြင္ရြင္ေနခ်င္တယ္ေပါ့ေနာ္။ ေနာက္ထပ္ၿပီးေတာ့ လာမယ့္ မ်ိဳးဆက္သစ္ေတြကို အာဏာႀကီးေအာက္မွာ ေၾကာက္ရြံေနရတဲ့ အခ်ိန္အခါမ်ိဳးႀကီး မေရာက္ခ်င္ဘူး။ မိသားစုတိုင္း မိသားစုတိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဒီႏိုင္ငံႀကီးမွာ အုပ္ခ်ဳပ္သူက သဇင္တို႔နဲ႔ တသားတည္း ေမတၱာနဲ႔ အုပ္ခ်ဳပ္တဲ့သူကိုပဲ ျမင္ခ်င္ပါတယ္။ အာဏာနဲ႔ အုပ္ခ်ဳပ္တာကို လံုး၀ လက္မခံပါဘူး။”

မသဇင္ႏြယ္ဝင္းက ဆက္ၿပီး လူမႈမီဒီယာမွာ မိတ္ေဆြသူငယ္ခ်င္းေတြ အႏွပညာရွင္ေတြအပါအ၀င္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မိသားစုေတြကပါ တထပ္တည္း ေထာက္ခံၾကလို႔ အားရေက်နပ္မိတယ္လို႔ ဆိုလိုက္ခ်ိန္မွာ၊ ရုပ္ရွင္သရုပ္ေဆာင္ ျမႏွင္းရည္လြင္ ကလည္း

“ျမႏွင္းတို႔ကေတာ့ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲဒါကို ၀န္းရံေပးေနတယ္။ ဆံုးခန္းတိုင္အထိ ပါ၀င္သြားမယ္ေပါ့ေနာ္။ ဒီသီခ်င္းေပါ့ေနာ္ ကမာၻမေၾကဘူး သီခ်င္းတို႔ဘာတို႔၊ လက္လွမ္းမီတဲ့ အႏုပညာရွင္ေေတြစုၿပီးေတာ့ ရိုက္တာမ်ိဳးတို႔ ၊ အြန္လိုင္းေပၚမွာ ျပည္သူေတြနဲ႔ အၾကမ္းမဖက္ပဲနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလးနဲ႔ စကားေျပာတာေလးေျပာေပးတဲ့ဟာမ်ိဳးေတြကို စုၿပီးေတာ့ ရိုက္ဖို႔ လုပ္ထားပါတယ္။”

ျမႏွင္းရည္လြင္ ကပဲ ဘာေၾကာင့္အခုလို စလုပ္ရပံုကို

“အေရွ႕တုန္းကေတာ့ ၾကားခဲ့ရတာပဲ ရွိေပမယ့္ အခုက်ေတာ့ အိပ္ေနတဲ့အခ်ိန္မွာ မနက္မိုးလင္းလာေတာ့ ဒီလိုကိစၥႀကီးျဖစ္သြားၿပီ။ အိမ္မက္လားေပါ့ေနာ္ ေနာက္ၿပီးေတာ့လည္း အားလံုးအကုန္လံုး မဲထည့္ခဲ့ၾကတာ အခုလိုျဖစ္သြားေတာ့ မခံမရပ္ႏိုင္စရာမ်ိဳးႀကီး ျဖစ္သြားတဲ့အတြက္ေၾကာင့္ ဒါ ျပည္သူအတြက္လည္း ၊ ေနာင္မ်ိဳးဆက္ေတြသစ္ အကုန္လံုးအတြက္လည္း ထိခိုင္လာႏိုင္တဲ့အရာေတြ ျဖစ္လာႏိုင္အတြက္ေၾကာင့္ ၀န္းရံမယ္လို႔ ဆံုးျဖတ္လိုက္တာပါ။”

ျမႏွင္းရည္လြင္ ကဆက္ၿပီး အခုလို ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္တာကို တပ္မေတာ္ဘက္ကလည္း ၿငိမ္းခ်မ္းစြာ နားလည္ ေျဖရွင္းမယ္လို႔ ဆိုလိုက္ခ်ိန္မွာ၊ အလွမယ္ နန္းေရြေအးဟန္ေလး ကလည္း

“အဓိက ရည္ရြယ္ခ်က္ကေတာ့ အေမစုကို အရမ္းခ်စ္လို႔ပါ။ ၿပီးေတာ့လည္း ျမန္မာႏိုင္ငံသားတေယာက္အေနနဲ႔ တာ၀န္ေက်ခ်င္လို႔ေပါ့ေနာ္။”

နန္းေရြေအးဟန္ေလး ကဆက္ၿပီး အျခားအလွမယ္ေတြလည္း ပါ၀င္လာေနတာေတြ႔ရတယ္လို႔ ေျပာလာခ်ိန္မွာ၊ ေနာက္အစီအစဥ္တင္ဆက္သူနဲ႔ အလွမယ္ ဂုဏ္ရည္ေအးေက်ာ္ ကလည္း က်န္တဲ့လူေတြလည္း အားလံုးပါ၀င္လာဖို႔ လိုတယ္လို႔ဆိုကာ

“Civil Disobedience movement ႀကီးေရာ အခု ၿငိမ္းၿငိမ္းခ်မ္းခ်မ္း သံပံုးတီးေနတာေတြေရာ၊ Like၊ Tweet ေတြေရာ ပံုေတြ ျပန္တင္တာေရာ က်န္တာကေတာ့ အခု Video အင္တာဗ်ဴးေလးေတြလာတယ္ အဲဒါေတြအကုန္ေျဖေပးျဖစ္တယ္။ က်န္တာကေတာ့ Video campaign ေလးေတြ အတြက္ Video ကလစ္ေလးေတြေတာင္းတာေတြရွိတယ္။ အဲဒါဆိုရင္လည္း လုိသေလာက္ေလး ပို႔ေပးျဖစ္တယ္။”

အဲဒီေတာ့ အဓိကအာဏာသိမ္းယူခဲ့တဲ့ တပ္မေတာ္ကိုေရာ၊ အဓိက ဘာေျပာခ်င္ပါသလဲလို႔ေမးရာမွာ ဂုဏ္ရည္ေအးေက်ာ္ က

“တႏိုင္ငံလံုး International ဖိအားေတြေပါ့ ျပည္တြင္းက Pressure ေတြပါ အံုၾကြလာၿပီး အကုန္လံုးကို ဂရုမစိုက္ပဲနဲ႔ ဆက္သြားေနတယ္ဆိုေတာ့ မဟုတ္ေတာ့ဘူး။ မစဥ္းစားၾကေတာ့ဘူးလားလို႔ ေမးခ်င္တယ္၊ ေနာက္တခုက မရွက္ဘူးလား၊ ဒါေတြက သမိုင္းလည္း မလွဘူး ဒီပံုစံနဲ႔ ဘယ္လိုဆက္သြားမွာလဲ။ ေအာက္ေျခက တပ္မေတာ္သားေတြလည္း ခိုင္းလို႔လုပ္ရတယ္ သူတို႔မွာ ေရြးခ်ယ္စရာမရွိဘူးေပါ့။ အိုေက Tiktok မွာလည္း တက္လာတယ္၊ ႏိုင္သေလာက္ေလး မ်က္ႏွာေလးေတြေဖ်ာက္ၿပီးေတာ့ လက္ကေလးေတြနဲ႔ပဲ တင္ေနတာေတြရွိတယ္။ ခိုင္းလို႔လုပ္ရပါတယ္ဆိုေတာ့ ျပည္သူအတြက္ပဲ သစၥာဆိုခဲ့တာပါ၊ ျပည္သူက ေသနတ္နဲ႔ ျပန္ၿပီးခ်ိန္ရမယ္လို႔ သူတို႔ ဆိုခဲ့တဲ့ သစၥာေတြမွာ ပါလားေပါ့။ အခ်ိန္မေရြး ေရြးခ်ယ္ပိုင္ခြင့္ရွိတယ္ တရားမႈကိုသာ ျမတ္ႏိုးရင္ ျပည္သူဘက္ကို အခ်ိန္မေရြးရပ္တည္လို႔ ရတယ္လို႔ ဂုဏ္ရည္က အားေပးခ်င္ပါတယ္။”

ဒီ CDM အထက္နဲ႔ မပူးေပါင္းမေဆာင္ရြက္ေရး လႈပ္ရွားမႈအေပၚ အဆိုေတာ္ တူးတူးကလည္း

“CDM ျပည္သူေတြအားလံုး ကိုယ္နဲ႔ နီးစပ္ရာနယ္ပယ္ကေနၿပီးေတာ့ စစ္အာဏာသိမ္းတာကို လက္မခံဘူးဆိုတာ ေဖာ္ျပဖို႔အတြက္ ပက္သက္တဲ့ နယ္ပယ္တိုင္းကေန လုပ္သင့္တယ္လို႔ ထင္ပါတယ္။ အာဏာသိမ္းတယ္ဆိုတာ မျဖစ္သင့္ဘူးေပါ့ေနာ္။ ဒါ က်ေနာ္တို႔ ျမန္မာႏိုင္ငံဟာ အခုလို ျပန္ၿပီး ကမာၻအလည္မွာ တိုးတက္မႈ ျဖစ္စအခ်ိန္မွာ သိမ္းလိုက္ေတာ့၊ ဟိုးအစ သုညအေျခအေနကို ျပန္ေရာက္သြားဖို႔က ဦးတည္ေနၿပီေလ။ အဲဒီေတာ့ အဆိုေတာ္ေတါေတာ္ေတာ္မ်ားမ်ားလည္း MVAA (Myanmar Vocal Artists Association) က စစ္အာဏာသိမ္းတာကို လက္မခံဘူး ၊ ရႈတ္ခ်ပါတယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ကို အဲဒီအတိုင္း သေဘာဆႏၵရွိပါတယ္ဆိုၿပီးေတာ့ Facebook မွာတင္ၾကတယ္။ အတီးသမားေတြ၊ ေတးေရးဆရာေတြလည္း အဲလိုေပါ့ေနာ္ အမ်ားစုကေတာ့ အကုန္ထုတ္ၾကပါတယ္။”

ဒါ့အျပင္ အဆိုေတာ္ တူးတူးကပဲ ျပည္သူကို မ်က္ႏွာျပဳအေလးထားတဲ့ တပ္မေတာ္သားေတြကို ျပည္သူေတြက လိုလားႀကိဳဆိုေနခ်ိန္ျဖစ္တယ္လို႔ သူ႔ Facebook မွာတင္ထားတယ္ဆိုကာ

“အထက္အမိန္႔ဆိုတာကလည္း ကေလးေတြလည္း မဟုတ္ေတာ့ဘူးေလ။ နည္းနည္းေတာ့ ကိုယ့္ဦးေႏွာက္နဲ႔ ကိုယ္စဥ္းစားၿပီးေတာ့၊ ဘယ္ဟာက ျဖစ္သင့္သလဲ ဘယ္ဟာမွန္သလဲဆိုတာ နည္းနည္း ဆံုးျဖတ္ဖို႔ လိုတာေပါ့ေနာ္။ တပ္မေတာ္သားဆိုတာ ျပည္သူရဲ႕ ဆႏၵကို ျဖည့္ၿပီးေတာ့ ျပည္သူေတြကို ကာကြယ္ရမယ့္ဟာေလ။ ခုနက က်ေနာ္ေျပာသလို ကိုယ့္နယ္ပယ္ ကိုယ္တာ၀န္က်ရာမွာ ကိုယ္ ဒီ CDM လႈပ္ရွားမူမွာ အကုန္ ညီညီညာညာနဲ႔ လုပ္ႏိုင္မယ္ဆိုရင္ေတာင့္မခံႏိုင္ပါဘူး ဘယ္သူမွ ။ ျပည္သူေတြ ဒီတခ်ိန္မွာမွ ရံႈးသြားရင္ေတာ့ တသက္လံုးဘယ္ေတာ့မွ ျမန္မာႏိုင္ငံမွာေတာ့ ေခါင္းေထာင္ၿပီး တိုးတက္လာႏိုင္မွာမဟုတ္ေတာ့ဘူး။”

တကယ္ေတာ့ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲ မဲစာရင္းျပႆနာကေန ျဖစ္လာတဲ့ ဒီ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ၊ အစိုးရ၀န္ထမ္းေတြနဲ႔ ေက်ာင္းသားလူငယ္ေတြၾကားမွာလည္း ဆက္ျဖစ္ေပၚလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

စစ်အာဏာသိမ်းအကြမ်းမဖက်ဆန့်ကျင်မှုမှာ နာမည်ကြီး အနုပညာရှင်တွေပါဝင်လာ

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို ဆန့်ကျင်ပြီး၊ ကိုဗစ်ကာလရှေ.တန်းက ဆေးဝန်းထမ်တွေ စတင်ခဲ့တဲ့၊ CDM လို့အတိုခေါက်ခေါ်တဲ့ Civil Disobedience Movement အကြမ်းမဖက် မပူးပေါင်းမဆောင်ရွက်ရေးလှုပ်ရှားမူမှာ၊ အနုပညာရှင်တွေကလည်း ဝန်းရံပါဝင်လာပါပြီ။ အခုလို ပူးပေါင်းပါဝင်ရခြင်းက အာဏာသိမ်းတဲ့ လုပ်ရပ်က မတရားမှု ဖြစ်တဲ့အပြင် ရေရှည် ဆိုးကျိုးဖြစ်မှာ စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။ ဒါ့အပြင် တပ်မတော်သားတွေ အနေနဲ့လည်း ဒီလှုပ်ရှားမှုမှာ ပါဝင်လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဝင်းမင်းက တင်ပြပေးပါမယ်။

MRTV 4 မြန်မာ့ရုပ်မြင်သံကြားက နာမည်ကြီး အစီအစဉ်တင်ဆက်သူ မသဇင်နွယ်ဝင်းက

“မတရားမှု ဖြစ်တဲ့အတွက်ကြောင့် တရားတဲ့ဘက်က ရပ်တည်နေပါတယ်။ Facebook ကနေပြီးတော့ သဇင်တို့ Follower တွေအကုန်လုံးလည်း ပြည်သူတွေ အားလုံးအနေနဲ့လည်း ဒါနဲ့ပတ်သက်ပြီးတော့ အရမ်းစိတ်ညစ်တာရော၊ ဒေါသထွက်တာရော ၊ဝမ်းနည်းတာရော ၊ စိတ်ဓါတ်တွေပါ ကျပြီးတော့ ဘာအလုပ်မှ အဆင်မပြေဘူးပေါ့နော်။ အဲဒီအတွက်ကြောင့် တတ်နိုင်သမျှ Campaign လေးတွေမှာပါဝင်ပါတယ်။”

အဲဒီတော့ ဘာကြောင့်အခုလို ပါဝင်လုပ်ဆောင်ရတာကိုလည်း မသဇင်နွယ်ဝင်းက

“လက်လွတ်စပယ်ကြီးမနေနိုင်ဘူး ။ ဒါကိုယ့်နိုင်ငံပေါ့နော် ပျော်ပျော်ရွင်ရွင်နေချင်တယ်ပေါ့နော်။ နောက်ထပ်ပြီးတော့ လာမယ့် မျိုးဆက်သစ်တွေကို အာဏာကြီးအောက်မှာ ကြောက်ရွံနေရတဲ့ အချိန်အခါမျိုးကြီး မရောက်ချင်ဘူး။ မိသားစုတိုင်း မိသားစုတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီနိုင်ငံကြီးမှာ အုပ်ချုပ်သူက သဇင်တို့နဲ့ တသားတည်း မေတ္တာနဲ့ အုပ်ချုပ်တဲ့သူကိုပဲ မြင်ချင်ပါတယ်။ အာဏာနဲ့ အုပ်ချုပ်တာကို လုံး၀ လက်မခံပါဘူး။”

မသဇင်နွယ်ဝင်းက ဆက်ပြီး လူမှုမီဒီယာမှာ မိတ်ဆွေသူငယ်ချင်းတွေ အနှပညာရှင်တွေအပါအဝင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေကပါ တထပ်တည်း ထောက်ခံကြလို့ အားရကျေနပ်မိတယ်လို့ ဆိုလိုက်ချိန်မှာ၊ ရုပ်ရှင်သရုပ်ဆောင် မြနှင်းရည်လွင် ကလည်း

“မြနှင်းတို့ကတော့ အနုပညာရှင်တော်တော်များများကတော့ အဲဒါကို ဝန်းရံပေးနေတယ်။ ဆုံးခန်းတိုင်အထိ ပါဝင်သွားမယ်ပေါ့နော်။ ဒီသီချင်းပေါ့နော် ကမ္ဘာမကြေဘူး သီချင်းတို့ဘာတို့၊ လက်လှမ်းမီတဲ့ အနုပညာရှင်ေတွေစုပြီးတော့ ရိုက်တာမျိုးတို့ ၊ အွန်လိုင်းပေါ်မှာ ပြည်သူတွေနဲ့ အကြမ်းမဖက်ပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ စကားပြောတာလေးပြောပေးတဲ့ဟာမျိုးတွေကို စုပြီးတော့ ရိုက်ဖို့ လုပ်ထားပါတယ်။”

မြနှင်းရည်လွင် ကပဲ ဘာကြောင့်အခုလို စလုပ်ရပုံကို

“အရှေ့တုန်းကတော့ ကြားခဲ့ရတာပဲ ရှိပေမယ့် အခုကျတော့ အိပ်နေတဲ့အချိန်မှာ မနက်မိုးလင်းလာတော့ ဒီလိုကိစ္စကြီးဖြစ်သွားပြီ။ အိမ်မက်လားပေါ့နော် နောက်ပြီးတော့လည်း အားလုံးအကုန်လုံး မဲထည့်ခဲ့ကြတာ အခုလိုဖြစ်သွားတော့ မခံမရပ်နိုင်စရာမျိုးကြီး ဖြစ်သွားတဲ့အတွက်ကြောင့် ဒါ ပြည်သူအတွက်လည်း ၊ နောင်မျိုးဆက်တွေသစ် အကုန်လုံးအတွက်လည်း ထိခိုင်လာနိုင်တဲ့အရာတွေ ဖြစ်လာနိုင်အတွက်ကြောင့် ဝန်းရံမယ်လို့ ဆုံးဖြတ်လိုက်တာပါ။”

မြနှင်းရည်လွင် ကဆက်ပြီး အခုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကို တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းစွာ နားလည် ဖြေရှင်းမယ်လို့ ဆိုလိုက်ချိန်မှာ၊ အလှမယ် နန်းရွေအေးဟန်လေး ကလည်း

“အဓိက ရည်ရွယ်ချက်ကတော့ အမေစုကို အရမ်းချစ်လို့ပါ။ ပြီးတော့လည်း မြန်မာနိုင်ငံသားတယောက်အနေနဲ့ တာဝန်ကျေချင်လို့ပေါ့နော်။”

နန်းရွေအေးဟန်လေး ကဆက်ပြီး အခြားအလှမယ်တွေလည်း ပါဝင်လာနေတာတွေ့ရတယ်လို့ ပြောလာချိန်မှာ၊ နောက်အစီအစဉ်တင်ဆက်သူနဲ့ အလှမယ် ဂုဏ်ရည်အေးကျော် ကလည်း ကျန်တဲ့လူတွေလည်း အားလုံးပါဝင်လာဖို့ လိုတယ်လို့ဆိုကာ

“Civil Disobedience movement ကြီးရော အခု ငြိမ်းငြိမ်းချမ်းချမ်း သံပုံးတီးနေတာတွေရော၊ Like၊ Tweet တွေရော ပုံတွေ ပြန်တင်တာရော ကျန်တာကတော့ အခု Video အင်တာဗျူးလေးတွေလာတယ် အဲဒါတွေအကုန်ဖြေပေးဖြစ်တယ်။ ကျန်တာကတော့ Video campaign လေးတွေ အတွက် Video ကလစ်လေးတွေတောင်းတာတွေရှိတယ်။ အဲဒါဆိုရင်လည်း လိုသလောက်လေး ပို့ပေးဖြစ်တယ်။”

အဲဒီတော့ အဓိကအာဏာသိမ်းယူခဲ့တဲ့ တပ်မတော်ကိုရော၊ အဓိက ဘာပြောချင်ပါသလဲလို့မေးရာမှာ ဂုဏ်ရည်အေးကျော် က

“တနိုင်ငံလုံး International ဖိအားတွေပေါ့ ပြည်တွင်းက Pressure တွေပါ အုံကြွလာပြီး အကုန်လုံးကို ဂရုမစိုက်ပဲနဲ့ ဆက်သွားနေတယ်ဆိုတော့ မဟုတ်တော့ဘူး။ မစဉ်းစားကြတော့ဘူးလားလို့ မေးချင်တယ်၊ နောက်တခုက မရှက်ဘူးလား၊ ဒါတွေက သမိုင်းလည်း မလှဘူး ဒီပုံစံနဲ့ ဘယ်လိုဆက်သွားမှာလဲ။ အောက်ခြေက တပ်မတော်သားတွေလည်း ခိုင်းလို့လုပ်ရတယ် သူတို့မှာ ရွေးချယ်စရာမရှိဘူးပေါ့။ အိုကေ Tiktok မှာလည်း တက်လာတယ်၊ နိုင်သလောက်လေး မျက်နှာလေးတွေဖျောက်ပြီးတော့ လက်ကလေးတွေနဲ့ပဲ တင်နေတာတွေရှိတယ်။ ခိုင်းလို့လုပ်ရပါတယ်ဆိုတော့ ပြည်သူအတွက်ပဲ သစ္စာဆိုခဲ့တာပါ၊ ပြည်သူက သေနတ်နဲ့ ပြန်ပြီးချိန်ရမယ်လို့ သူတို့ ဆိုခဲ့တဲ့ သစ္စာတွေမှာ ပါလားပေါ့။ အချိန်မရွေး ရွေးချယ်ပိုင်ခွင့်ရှိတယ် တရားမှုကိုသာ မြတ်နိုးရင် ပြည်သူဘက်ကို အချိန်မရွေးရပ်တည်လို့ ရတယ်လို့ ဂုဏ်ရည်က အားပေးချင်ပါတယ်။”

ဒီ CDM အထက်နဲ့ မပူးပေါင်းမဆောင်ရွက်ရေး လှုပ်ရှားမှုအပေါ် အဆိုတော် တူးတူးကလည်း

“CDM ပြည်သူတွေအားလုံး ကိုယ်နဲ့ နီးစပ်ရာနယ်ပယ်ကနေပြီးတော့ စစ်အာဏာသိမ်းတာကို လက်မခံဘူးဆိုတာ ဖော်ပြဖို့အတွက် ပက်သက်တဲ့ နယ်ပယ်တိုင်းကနေ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အာဏာသိမ်းတယ်ဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။ ဒါ ကျနော်တို့ မြန်မာနိုင်ငံဟာ အခုလို ပြန်ပြီး ကမ္ဘာအလည်မှာ တိုးတက်မှု ဖြစ်စအချိန်မှာ သိမ်းလိုက်တော့၊ ဟိုးအစ သုညအခြေအနေကို ပြန်ရောက်သွားဖို့က ဦးတည်နေပြီလေ။ အဲဒီတော့ အဆိုတော်တေါတော်တော်များများလည်း MVAA (Myanmar Vocal Artists Association) က စစ်အာဏာသိမ်းတာကို လက်မခံဘူး ၊ ရှုတ်ချပါတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို အဲဒီအတိုင်း သဘောဆန္ဒရှိပါတယ်ဆိုပြီးတော့ Facebook မှာတင်ကြတယ်။ အတီးသမားတွေ၊ တေးရေးဆရာတွေလည်း အဲလိုပေါ့နော် အများစုကတော့ အကုန်ထုတ်ကြပါတယ်။”

ဒါ့အပြင် အဆိုတော် တူးတူးကပဲ ပြည်သူကို မျက်နှာပြုအလေးထားတဲ့ တပ်မတော်သားတွေကို ပြည်သူတွေက လိုလားကြိုဆိုနေချိန်ဖြစ်တယ်လို့ သူ့ Facebook မှာတင်ထားတယ်ဆိုကာ

“အထက်အမိန့်ဆိုတာကလည်း ကလေးတွေလည်း မဟုတ်တော့ဘူးလေ။ နည်းနည်းတော့ ကိုယ့်ဦးနှောက်နဲ့ ကိုယ်စဉ်းစားပြီးတော့၊ ဘယ်ဟာက ဖြစ်သင့်သလဲ ဘယ်ဟာမှန်သလဲဆိုတာ နည်းနည်း ဆုံးဖြတ်ဖို့ လိုတာပေါ့နော်။ တပ်မတော်သားဆိုတာ ပြည်သူရဲ့ ဆန္ဒကို ဖြည့်ပြီးတော့ ပြည်သူတွေကို ကာကွယ်ရမယ့်ဟာလေ။ ခုနက ကျနော်ပြောသလို ကိုယ့်နယ်ပယ် ကိုယ်တာဝန်ကျရာမှာ ကိုယ် ဒီ CDM လှုပ်ရှားမူမှာ အကုန် ညီညီညာညာနဲ့ လုပ်နိုင်မယ်ဆိုရင်တောင့်မခံနိုင်ပါဘူး ဘယ်သူမှ ။ ပြည်သူတွေ ဒီတချိန်မှာမှ ရှုံးသွားရင်တော့ တသက်လုံးဘယ်တော့မှ မြန်မာနိုင်ငံမှာတော့ ခေါင်းထောင်ပြီး တိုးတက်လာနိုင်မှာမဟုတ်တော့ဘူး။”

တကယ်တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲစာရင်းပြဿနာကနေ ဖြစ်လာတဲ့ ဒီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားလူငယ်တွေကြားမှာလည်း ဆက်ဖြစ်ပေါ်လာနေပါတယ်။

XS
SM
MD
LG