သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း မျောက်ကကူးတဲ့ ကျောက်ရောဂါ ပိုများလာနိုင် (WHO)


HEALTH-MONKEYPOX/
HEALTH-MONKEYPOX/

ကမ္ဘာတဝန်းမှာ Monkeypox လို့ခေါ်တဲ့ မျောက်ကနေ ကူးစက်တဲ့ ကျောက်ရောဂါတွေ ပိုပြီးတော့ အဖြစ်များလာလိမ့်မယ်လို့ ခန့်မှန်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။

မနေ့ စနေနေ့ကအထိ WHO အဖွဲ့ဝင်နိုင်ငံတွေထဲက ဒီရောဂါဖြစ်လေ့ မရှိတဲ့ နိုင်ငံ (၁၂) နိုင်ငံမှာ ၊ ဒီရောဂါဖြစ်နေသူ (၉၂) ယောက်နဲ့ ရောဂါဖြစ်နေတယ်လို့သံသယရှိသူ (၂၈) ယောက် ရှိတယ်လို့ WHO က ပြောပါတယ်။ နိုင်ငံတွေအတွက် ဒီရောဂါ ကူးစက်ပျံနှံမှုတွေ မဖြစ်အောင် ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို နောက်ထပ်လမ်းညွှန်မှုတွေနဲ့ အကြံပြုချက်တွေကို လာမယ့်ရက်ပိုင်းတွေအတွင်းမှာ ထုတ်ပြန်သွားမယ်လို WHO က ပြောပါတယ်။

ရရှိထားတဲ့ သတင်းအချက်အလက်တွေအရတော့ ရောဂါလက္ခဏပြတဲ့သူတွေနဲ့လူချင်း အနီးကပ်ထိတွေ့ဆက်ဆံမှုရှိတဲ့သူတွေကြား လူအချင်းချင်းကူးစက်မှုတွေရှိတယ်လို့ ဖော်ပြနေကြောင်း WHO က ပြောပါတယ်။

မျောက်ကနေကူးစက်တဲ့ ကျောက်ရောဂါဟာ ပုံမှန်အားဖြင့်တော့ ရောဂါသိပ်ပြင်းထန်လေ့ မရှိဘဲ၊ အာဖရိက အနောက်ပိုင်း နဲ့ အလယ်ပိုင်း ဒေသတွေမှာ ဖြစ်လေ့ရှိတာ ဖြစ်ပါတယ်။ ဒီရောဂါဟာ အနီးကပ်နေထိုင်သူတွေကြားမှာ ကူးစက်တတ်တာကြောင့် သီးခြားခွဲနေတာတွေနဲ့ တကိုယ်ရေ ပတ်ဝန်းကျင်သန့်ရှင်းမှုတွေ လုပ်ခြင်းအားဖြင့် ရောဂါကို အတော်လေး အလွယ်တကူ ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်

အခုလောလောဆယ် ကူးစက်မှုတွေ ဖြစ်နေပုံရတာကတော့ လိင်ကနေတဆင့် ကူးစက်ပုံရတယ်လို့ WHO ရဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ David Heymann က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

=== Unicode ===

ကမ်ဘာတဝနျးမှာ Monkeypox လို့ခေါျတဲ့ မြောကျကနေ ကူးစကျတဲ့ ကြောကျရောဂါတှေ ပိုပွီးတော့ အဖွဈမြားလာလိမ့ျမယျလို့ ခန့ျမှနျးကွောင့ျ ကမ်ဘာ့ကနြျးမာရေးအဖှဲ့ခြုပျ (WHO) က ပွောလိုကျပါတယျ။





XS
SM
MD
LG