သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္ေက်ာင္းတခ်ိဳ႕ အစုလိုက္ ကိုဗစ္ကူးစက္မႈရွိေန


Virus Outbreak Myanmar

[[Zawgyi/Unicode]]

မြန္ျပည္နယ္ ၿမိဳ႕နယ္တခ်ိဳ႕က အေျခခံပညာေက်ာင္းတခ်ိဳ႕မွာ အစုလိုက္ ကိုဗစ္ကူးစက္ေနတာမို႔ ေက်ာင္းသားမိဘေတြ စိတ္ပူေနၾကပါတယ္။ ေက်ာင္းေတြ ဆက္ဖြင့္ထားတဲ့အတြက္ ေက်ာင္းလႊတ္ေနရေပမယ့္ မိဘေတြဘက္က အတတ္ႏိုင္ဆုံး ႀကိဳတင္ကာကြယ္မႈေတြ လုပ္ေပးေနရတယ္လို႔ ေျပာၾကပါတယ္။ ေက်ာင္းသားေတြကေနတဆင့္ မိသားစုဝင္ေတြပါ ကိုဗစ္ကူးစက္ေနတဲ့ မြန္ျပည္နယ္ဘက္က အေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

မြန္ျပည္နယ္ထဲက ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္နဲ႔ မုဒုံၿမိဳ႕နယ္ေတြက တခ်ိဳ႕ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသူ ေက်ာင္းသားနဲ႔ ဆရာ ဆရာမေတြၾကား ကိုဗစ္ကပ္ေရာဂါ အစုလိုက္ အၿပဳံလိုက္ ကူးစက္ေနတာေၾကာင့္ မိဘေတြ စိုးရိမ္ပူပန္ေနၾကပါတယ္။ ေက်ာင္းေတြမွာ အစုလိုက္ ကူးစက္သူေတြရွိေနတာမို႔ တခ်ဳိ႕ ေက်ာင္းသူ ေက်ာင္းသားေတြကေတာ့ ေက်ာင္းမတက္ၾကပါဘူး။ ဒါေပမယ့္ ေက်ာင္းပ်က္ရင္ စာေနာက္က်မွာစိုးတဲ့အတြက္ မတတ္သာဘဲ ေက်ာင္းလႊတ္ ေနရတယ္လို႔ မိဘေတြက ေျပာပါတယ္။ မိဘေတြဘက္က ကေလးေတြအတြက္ အတတ္ႏိုင္ဆုံး ႀကိဳတင္ ကာကြယ္မႈေတြ လုပ္ေပးထားရတယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕က ေက်ာင္းသားမိဘတဦးက ေျပာပါတယ္။

“မိဘေတြကေတာ့ ပညာေရး ေနာက္က်မွာကို ေၾကာက္တာေပါ့။ ဒါေပမယ့္ ေမာ္လၿမိဳင္မွာက အဲ့ေလာက္အေျခအေနမဆိုးဘဲနဲ႔ ေက်ာင္းေတြမွာလည္း မေတြ႔ဘူးေလ။ သူမ်ားေတြက တက္ေနတယ္။ ေရာဂါလည္း မေတြ႔ဘူး၊ မပို႔ဘူးဆိုရင္ ကိုယ့္သားသမီး ပညာေရးေနာက္က်မွာေပါ့။ အခုေက်ာင္းသြားတဲ့အခါက်ရင္ စိုးရိမ္တာေတာ့ စိုးရိမ္တာေပါ့ေနာ္။ ေက်ာင္းသြားရင္ ကိုယ့္ သားသမီးကို Mask ေတြ၊ hand gel ေတြ၊ ေဆးေတြ ႀကိဳတိုက္ထားတာေပါ့ေနာ္။ ဘယ္လိုေျပာမလဲ။ ဗီတာမင္ C တို႔ ဘာတို႔ေတြ ႀကိဳတိုက္ထားတယ္။ ေနာက္ေတာ့ ေက်ာင္းေရာက္ရင္လည္း သူတို႔ကေတာ့ အဖ်ားတိုင္းတာတို႔...စစ္တယ္။ ေက်ာင္းဝေရာက္ရင္ အဖ်ားရွိတာနဲ႔ ခ်က္ခ်င္းေပးျပန္တယ္။ ဒါေတာ့ စိုးရိမ္မႈကေတာ့ ရွိတာပဲေပါ့ေနာ္။”

အခုလို ေက်ာင္းတက္တဲ့ ေက်ာင္းသားေတြအတြက္ သတိထားျပင္ဆင္ကာကြယ္မႈေတြ မိဘတိုင္းလုပ္ႏိုင္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ေက်ာင္းသား ေက်ာင္းသူေတြကတဆင့္ သူတို႔နဲ႔ ထိေတြ႔မႈရွိတဲ့ မိသားစုဝင္ေတြမွာ ကိုဗစ္ကပ္ေရာဂါ ပ်ံ႕ႏွံ႔ကူးစက္ေနတာမို႔ မိဘေတြ ပိုၿပီးစိုးရိမ္ေနၾကပါတယ္။ ေခ်ာင္းဆုံၿမိဳ႕နယ္ ကမာမိုေက်း႐ြာ အထက္တန္း စာသင္ေက်ာင္းခြဲတခုမွာ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔က ကိုဗစ္အတည္ျပဳလူနာ ၅၀ ေက်ာ္ေတြ စစ္ေဆးေတြ႔ခဲ့ၿပီး သူတို႔နဲ႔ ထိေတြ႔သူေတြကို ထပ္မံစစ္ခဲ့တာမွာ ေနာက္ထပ္ အတည္ျပဳ ၄၀ ေလာက္ ထပ္ေတြ႔တယ္လို႔ ကမာမိုလူမႈကူညီေရးအသင္းက ေျပာပါတယ္။ ထပ္မံေတြ႔ရွိထားသူေတြထဲမွာ ေက်ာင္းသားမိသားစုဝင္ေတြပါ ပါဝင္ၿပီး အမ်ားစုက ျပင္းထန္တဲ့ လဏၡာမေတြ႔ရွိဘူးလို႔ ဆိုပါတယ္။

“ေက်ာင္းသား၊ ေက်ာင္းသူက ၅၀ ရယ္၊ (ထိေတြ႔မႈကေန ကူးစက္သူ) ၄၀ ေက်ာ္ေလာက္က ထပ္ထြက္တယ္။ အားလုံးက ၁၀၀ နီးပါးေလာက္ရွိတာေပါ့။ ပိုးေတြ႕တဲ့အထဲမွာေတာ့ ဖ်ားတာ နာတာ ဆိုးဝါးေတာ့ မရွိဘူး။”

ကိုဗစ္ကပ္ေရာဂါမကူးစက္ေအာင္ သတိထားေနထိုင္သင့္တဲ့ စည္းကမ္းေတြကို က်န္းမာေရးဌာနနဲ႔ ေက်ာင္းေတြမွာ သတိေပးထားေပမယ့္ တေယာက္နဲ႔ တေယာက္ ခပ္ခြာခြာေနဖို႔က ေက်ာင္းေတြမွာက လက္ေတြ႔လုပ္တဲ့အခါ မလြယ္လွဘူးလို႔ ကမာမိုက ပရဟိတကူညီေပးသူလည္းျဖစ္ ေက်ာင္းသားမိဘလည္းျဖစ္တဲ့ ေဒသခံတဦးက အခုလို ေျပာပါတယ္။

“အဲ့လို ျဖစ္တဲ့ရက္မွာ ကိုယ့္ကေလးေတြလည္း ရွိတယ္ေတာ့ ကိုယ္လည္း စိုးရိမ္မိတာေပါ့။ ကိုယ္ ကသာ သူမ်ားကို (လူနာ) အႀကိဳအပို႔ေတြ လုပ္ေနတယ္။ ကိုယ့္အိမ္ျဖစ္ရင္ ကိုယ္လည္း အစားအေသာက္ေတြ ပို႔ရမယ္ ဟုတ္။ အဲ့လိုမ်ိဳးေတြ ျဖစ္မွာေၾကာက္ေတာ့ စိုးရိမ္မိတာအမွန္ပါပဲ။ အားလုံး႐ြာအတြက္ေရာ ကိုယ့္သားသမီးေတြအတြက္ေရာေပ့ါ။ အခုက်ေတာ့ အဲ့လိုေတာ့ (ေက်ာင္းမွာ) ခပ္ခြာခြာေနတာကေတာ့ ထိန္းရေတာ့ ခက္မွာပဲေလ။ အားလုံးကေတာ့ ဆရာမေတြကေတာ့ Mask တပ္ဖို႔ ေလာက္ပဲ ေျပာလို႔ရမွာေပ့ါ။”

မုဒုံၿမိဳ႕နယ္က စာသင္ေက်ာင္းေတြမွာလည္း ကိုဗစ္ကူးစက္သူေတြ ရွိေနပါတယ္။ ေက်ာင္းကေန အိမ္မွာပါ ကိုဗစ္ပိုး ထပ္ဆင့္ကူးေနတာမို႔ ေက်ာင္းပိတ္ဖို႔ သက္ဆိုင္သူေတြ စဥ္းစားသင့္တယ္လို႔ ေက်ာင္းသားမိဘတေယာက္က ခုလိုေျပာပါတယ္။

“အခုလက္ရွိမွာက ျဖစ္ေနၾကတယ္။ ေက်ာင္းသားေတြေရာ ဆရာမေတြေရာ ျဖစ္ေနတယ္။ ဘာျဖစ္လို႔ သူတို႔ေက်ာင္းမပိတ္တာလဲ။ ပညာေရးက တဘက္ကေျပာရင္ ဒါ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးေရး ရွင္သန္ေရးပဲ။ လူသားအရင္းအျမစ္ကို အေလးမမူတာ၊ ဂ႐ုမစိုက္တာ၊ ေနာက္ေက်ာင္းသားမိဘေတြ အေနနဲ႔က်ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္သားသမီး (ေရာဂါကူးစက္မွာ) စိတ္ပူတယ္။ ဘာျဖစ္လို႔စိတ္ပူလဲဆိုေတာ့ ဒီေက်ာင္းတက္တဲ့ ကေလးတေယာက္က အဲ့ဒီမွာ ပိုးေတြ႔ရင္ သူ႔မိဘေတြပါ အကုန္လုံး contact လာမယ္ေလ။ လက္ရွိ အစိုးရအေနနဲ႔ေရာ တာဝန္ရွိသူအေနနဲ႔ေရာ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေရာဂါကို အခါတိုင္းလိုေတာင္ သူတို႔ ပိတ္ခဲ့ေသးတာပဲ။ ကိုဗစ္တုန္းကေတာင္ သူတို႔ပိတ္ခဲ့ေပးတယ္။ ဘာျဖစ္လို႔ ဒီမွာ ဒီေလာက္မ်ားမ်ား စားစားေတြ႔ တာ မပိတ္ဘူးဆိုေတာ့ ရည္႐ြယ္ခ်က္တခုခုေတာ့ ရွိေကာင္းရွိမွာေပါ့။”

မြန္ျပည္နယ္ထဲက ေက်း႐ြာေတြမွာလည္း ကိုဗစ္လကၡဏာျဖစ္တဲ့ ေခ်ာင္းဆိုး ႏွာေဈးတဲ့သူ ေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။ ဒါေပမယ့္ ကိုဗစ္ေရာဂါ ဟုတ္ မဟုတ္ အတည္ျပဳစစ္ေဆးႏိုင္ ဖို႔ ခက္ခဲေနသူေတြလည္း ရွိေနတယ္လို႔ ေက်ာင္းသားမိဘေတြက ေျပာၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြ အခုရက္ပိုင္းအတြင္း ပိုမိုျမင့္တက္လာေနပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ တရက္တည္းမွာတင္ ကိုဗစ္အတည္ျပဳလူနာ ၁,၇၀၀ ေက်ာ္ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မွန်ပြည်နယ်ကျောင်းတချို့ အစုလိုက် ကိုဗစ်ကူးစက်မှုရှိနေ


မွန်ပြည်နယ် မြို့နယ်တချို့က အခြေခံပညာကျောင်းတချို့မှာ အစုလိုက် ကိုဗစ်ကူးစက်နေတာမို့ ကျောင်းသားမိဘတွေ စိတ်ပူနေကြပါတယ်။ ကျောင်းတွေ ဆက်ဖွင့်ထားတဲ့အတွက် ကျောင်းလွှတ်နေရပေမယ့် မိဘတွေဘက်က အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးနေရတယ်လို့ ပြောကြပါတယ်။ ကျောင်းသားတွေကနေတဆင့် မိသားစုဝင်တွေပါ ကိုဗစ်ကူးစက်နေတဲ့ မွန်ပြည်နယ်ဘက်က အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ်ထဲက မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်နဲ့ မုဒုံမြို့နယ်တွေက တချို့ စာသင်ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားနဲ့ ဆရာ ဆရာမတွေကြား ကိုဗစ်ကပ်ရောဂါ အစုလိုက် အပြုံလိုက် ကူးစက်နေတာကြောင့် မိဘတွေ စိုးရိမ်ပူပန်နေကြပါတယ်။ ကျောင်းတွေမှာ အစုလိုက် ကူးစက်သူတွေရှိနေတာမို့ တချို့ ကျောင်းသူ ကျောင်းသားတွေကတော့ ကျောင်းမတက်ကြပါဘူး။ ဒါပေမယ့် ကျောင်းပျက်ရင် စာနောက်ကျမှာစိုးတဲ့အတွက် မတတ်သာဘဲ ကျောင်းလွှတ် နေရတယ်လို့ မိဘတွေက ပြောပါတယ်။ မိဘတွေဘက်က ကလေးတွေအတွက် အတတ်နိုင်ဆုံး ကြိုတင် ကာကွယ်မှုတွေ လုပ်ပေးထားရတယ်လို့ မော်လမြိုင်မြို့က ကျောင်းသားမိဘတဦးက ပြောပါတယ်။

“မိဘတွေကတော့ ပညာရေး နောက်ကျမှာကို ကြောက်တာပေါ့။ ဒါပေမယ့် မော်လမြိုင်မှာက အဲ့လောက်အခြေအနေမဆိုးဘဲနဲ့ ကျောင်းတွေမှာလည်း မတွေ့ဘူးလေ။ သူများတွေက တက်နေတယ်။ ရောဂါလည်း မတွေ့ဘူး၊ မပို့ဘူးဆိုရင် ကိုယ့်သားသမီး ပညာရေးနောက်ကျမှာပေါ့။ အခုကျောင်းသွားတဲ့အခါကျရင် စိုးရိမ်တာတော့ စိုးရိမ်တာပေါ့နော်။ ကျောင်းသွားရင် ကိုယ့် သားသမီးကို Mask တွေ၊ hand gel တွေ၊ ဆေးတွေ ကြိုတိုက်ထားတာပေါ့နော်။ ဘယ်လိုပြောမလဲ။ ဗီတာမင် C တို့ ဘာတို့တွေ ကြိုတိုက်ထားတယ်။ နောက်တော့ ကျောင်းရောက်ရင်လည်း သူတို့ကတော့ အဖျားတိုင်းတာတို့...စစ်တယ်။ ကျောင်းဝရောက်ရင် အဖျားရှိတာနဲ့ ချက်ချင်းပေးပြန်တယ်။ ဒါတော့ စိုးရိမ်မှုကတော့ ရှိတာပဲပေါ့နော်။”

အခုလို ကျောင်းတက်တဲ့ ကျောင်းသားတွေအတွက် သတိထားပြင်ဆင်ကာကွယ်မှုတွေ မိဘတိုင်းလုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ကျောင်းသား ကျောင်းသူတွေကတဆင့် သူတို့နဲ့ ထိတွေ့မှုရှိတဲ့ မိသားစုဝင်တွေမှာ ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့ကူးစက်နေတာမို့ မိဘတွေ ပိုပြီးစိုးရိမ်နေကြပါတယ်။ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ အထက်တန်း စာသင်ကျောင်းခွဲတခုမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၅၀ ကျော်တွေ စစ်ဆေးတွေ့ခဲ့ပြီး သူတို့နဲ့ ထိတွေ့သူတွေကို ထပ်မံစစ်ခဲ့တာမှာ နောက်ထပ် အတည်ပြု ၄၀ လောက် ထပ်တွေ့တယ်လို့ ကမာမိုလူမှုကူညီရေးအသင်းက ပြောပါတယ်။ ထပ်မံတွေ့ရှိထားသူတွေထဲမှာ ကျောင်းသားမိသားစုဝင်တွေပါ ပါဝင်ပြီး အများစုက ပြင်းထန်တဲ့ လဏ္ခာမတွေ့ရှိဘူးလို့ ဆိုပါတယ်။

“ကျောင်းသား၊ ကျောင်းသူက ၅၀ ရယ်၊ (ထိတွေ့မှုကနေ ကူးစက်သူ) ၄၀ ကျော်လောက်က ထပ်ထွက်တယ်။ အားလုံးက ၁၀၀ နီးပါးလောက်ရှိတာပေါ့။ ပိုးတွေ့တဲ့အထဲမှာတော့ ဖျားတာ နာတာ ဆိုးဝါးတော့ မရှိဘူး။”

ကိုဗစ်ကပ်ရောဂါမကူးစက်အောင် သတိထားနေထိုင်သင့်တဲ့ စည်းကမ်းတွေကို ကျန်းမာရေးဌာနနဲ့ ကျောင်းတွေမှာ သတိပေးထားပေမယ့် တယောက်နဲ့ တယောက် ခပ်ခွာခွာနေဖို့က ကျောင်းတွေမှာက လက်တွေ့လုပ်တဲ့အခါ မလွယ်လှဘူးလို့ ကမာမိုက ပရဟိတကူညီပေးသူလည်းဖြစ် ကျောင်းသားမိဘလည်းဖြစ်တဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“အဲ့လို ဖြစ်တဲ့ရက်မှာ ကိုယ့်ကလေးတွေလည်း ရှိတယ်တော့ ကိုယ်လည်း စိုးရိမ်မိတာပေါ့။ ကိုယ် ကသာ သူများကို (လူနာ) အကြိုအပို့တွေ လုပ်နေတယ်။ ကိုယ့်အိမ်ဖြစ်ရင် ကိုယ်လည်း အစားအသောက်တွေ ပို့ရမယ် ဟုတ်။ အဲ့လိုမျိုးတွေ ဖြစ်မှာကြောက်တော့ စိုးရိမ်မိတာအမှန်ပါပဲ။ အားလုံးရွာအတွက်ရော ကိုယ့်သားသမီးတွေအတွက်ရောပေ့ါ။ အခုကျတော့ အဲ့လိုတော့ (ကျောင်းမှာ) ခပ်ခွာခွာနေတာကတော့ ထိန်းရတော့ ခက်မှာပဲလေ။ အားလုံးကတော့ ဆရာမတွေကတော့ Mask တပ်ဖို့ လောက်ပဲ ပြောလို့ရမှာပေ့ါ။”

မုဒုံမြို့နယ်က စာသင်ကျောင်းတွေမှာလည်း ကိုဗစ်ကူးစက်သူတွေ ရှိနေပါတယ်။ ကျောင်းကနေ အိမ်မှာပါ ကိုဗစ်ပိုး ထပ်ဆင့်ကူးနေတာမို့ ကျောင်းပိတ်ဖို့ သက်ဆိုင်သူတွေ စဉ်းစားသင့်တယ်လို့ ကျောင်းသားမိဘတယောက်က ခုလိုပြောပါတယ်။

“အခုလက်ရှိမှာက ဖြစ်နေကြတယ်။ ကျောင်းသားတွေရော ဆရာမတွေရော ဖြစ်နေတယ်။ ဘာဖြစ်လို့ သူတို့ကျောင်းမပိတ်တာလဲ။ ပညာရေးက တဘက်ကပြောရင် ဒါ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ရှင်သန်ရေးပဲ။ လူသားအရင်းအမြစ်ကို အလေးမမူတာ၊ ဂရုမစိုက်တာ၊ နောက်ကျောင်းသားမိဘတွေ အနေနဲ့ကျတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သားသမီး (ရောဂါကူးစက်မှာ) စိတ်ပူတယ်။ ဘာဖြစ်လို့စိတ်ပူလဲဆိုတော့ ဒီကျောင်းတက်တဲ့ ကလေးတယောက်က အဲ့ဒီမှာ ပိုးတွေ့ရင် သူ့မိဘတွေပါ အကုန်လုံး contact လာမယ်လေ။ လက်ရှိ အစိုးရအနေနဲ့ရော တာဝန်ရှိသူအနေနဲ့ရော ဘယ်လိုပဲဖြစ်ဖြစ် ဒီရောဂါကို အခါတိုင်းလိုတောင် သူတို့ ပိတ်ခဲ့သေးတာပဲ။ ကိုဗစ်တုန်းကတောင် သူတို့ပိတ်ခဲ့ပေးတယ်။ ဘာဖြစ်လို့ ဒီမှာ ဒီလောက်များများ စားစားတွေ့ တာ မပိတ်ဘူးဆိုတော့ ရည်ရွယ်ချက်တခုခုတော့ ရှိကောင်းရှိမှာပေါ့။”

မွန်ပြည်နယ်ထဲက ကျေးရွာတွေမှာလည်း ကိုဗစ်လက္ခဏာဖြစ်တဲ့ ချောင်းဆိုး နှာဈေးတဲ့သူ တော်တော်များများရှိနေပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါ ဟုတ် မဟုတ် အတည်ပြုစစ်ဆေးနိုင် ဖို့ ခက်ခဲနေသူတွေလည်း ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ အခုရက်ပိုင်းအတွင်း ပိုမိုမြင့်တက်လာနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တရက်တည်းမှာတင် ကိုဗစ်အတည်ပြုလူနာ ၁,၇၀၀ ကျော်ရှိခဲ့ပါတယ်။

============

XS
SM
MD
LG