သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတသစ် အင်္ဂါနေ့ တာဝန်စတင်ထမ်းဆောင်မည်


တောင်ကိုရီးယားရွေးကောက်ခံသမ္မတ Yoon Suk-yeol 
တောင်ကိုရီးယားရွေးကောက်ခံသမ္မတ Yoon Suk-yeol 

[[Zawgyi/Unicode]]

တောင်ကိုရီးယားနိုင်ငံ သမ္မတ Moon Jae-in ရဲ့ ရာထူးသက်တမ်း ဒီကနေ့ညမှာ ကုန်ဆုံးမှာဖြစ်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ နောက်တက်လာတဲ့ ရွေးကောက်ခံသမ္မတYoon Suk-yeol က တာဝန်လွှဲယူမှာဖြစ်ပါတယ်။တဆက်တည်းမှာပဲ တောင်ကိုရီးယား နိုင်ငံ ရွေးကောက်ခံသမ္မတသစ် Yoon Suk-yeol မနက်ဖြန် အင်္ဂါနေ့ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။

သမ္မတ Moon Jae-in က ကိုရီးယားကျွန်းဆွယ်မှာ အနုမြူကင်းစင်ရေး နဲ့ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ကြိုးပန်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်းနဲ့ သူ့လက်ထက်မှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံခဲ့တဲ့ မူဝါဒတွေအပေါ်ကို ဒီကနေ့ ကာကွယ်ပြောဆိုပါတယ်။

တနင်္လာနေ့ ညသန်းခေါင်ချိန်ကစလို့ သမ္မတတာဝန် တရားဝင် ထမ်းဆောင်မယ့် Yoon Suk-yeol အတွက် လာမယ့် ၅ နှစ်သက်တမ်း၊ ပြည်တွင်းမှာရော ပြည်ပမှာ စိန်ခေါ်မှုတွေ ပြည့်နေတဲ့အချိန်ဖြစ်တယ်လို့ လေ့လာသူတွေ သုံးသပ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့တဲ့အချိန်တလျှောက်လုံး သူ့ရဲ့ ပြတ်သားမှုနဲ့ ဇွဲနဘဲကြီးတဲ့အတွက် Yoon Suk-yeol ကို တောင်ကိုရီးယား နိုင်ငံရေးအသိုက်အဝန်းမှာ တိုက်ကြက်ဖကြီးလို့ ချစ်စနိုးခေါ်ကြပါတယ်။

တက်ကြွပြီး အပေါင်းအဖေါ်တွေနဲ့ စုရုံးနေထိုင်တတ်တဲ့ အသက် ၆၁ နှစ်အရွယ် Yoon Suk-yeol ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ပိုပြီး ပြတ်ပြတ်သားသား ရပ်တည်မယ့် အကြောင်း ပြောဆိုထားသူဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံအတွင်း လာဘ်ပေးလဘ်ယူမှု တိုက်ဖျက်ရေးနဲ့ စီးပွားရေးအရ ညီမျှတဲ့ လုပ်ပိုင်ခွင့်တွေ ရရှိရေး ဦးစားပေးလုပ်ဆောင်သွားဖို့ ရွေးကောက်ပွဲကာလတုန်းက သူ ကတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]





==============

XS
SM
MD
LG