သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ကုန်တင်သင်္ဘောတွေ ပင်လယ်နီကို ရှောင်လာနေကြ


ဂျာမန်ကုန်တင် သင်္ဘောလိုင်း Hapag-Lloyd (ဟားပတ်ဂ် လွိုက်ဒ်) သင်္ဘောတစင်းကို ဂျာမနီနိုင်ငံ Hamburg မြို့ဆိပ်ကမ်းတွင် တွေ့ရစဉ် (မတ် ၃၁၊ ၂၀၂၃)
ဂျာမန်ကုန်တင် သင်္ဘောလိုင်း Hapag-Lloyd (ဟားပတ်ဂ် လွိုက်ဒ်) သင်္ဘောတစင်းကို ဂျာမနီနိုင်ငံ Hamburg မြို့ဆိပ်ကမ်းတွင် တွေ့ရစဉ် (မတ် ၃၁၊ ၂၀၂၃)

အာရှ၊ မြောက်အမေရိကနဲ့ ဥရောကို ပို့တဲ့ ကုန်တင်သင်္ဘောတွေ ဖြတ်သန်း သွားလာနေတဲ့ ပင်လယ်နီအတွင်းမှာ ဒီရက်ပိုင်းကုန်တင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့အကြိမ် များလာတာကြောင့်နိုင်ငံတကာ သင်္ဘောလိုင်းတွေက တခြား လမ်းကြောင်းတွေရှာဖွေလာကြပါတယ်။ ယီမင်နိုင်ငံမှာရှိတဲ့ အီရန် ထောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေက ဂါဇာမှာရှိတဲ့ဟာမတ်စ် စစ်သွေးကြွတွေကိုထောက်ခံတဲ့အကြောင်း ပြသပြီး နိုဝင်ဘာလ တတိယပတ်အတွင်းကစပြီး ပင်လယ်နီထဲကကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတာပါ။

ဂျာမန်ကုန်တင် သင်္ဘောလိုင်း Hapag-Lloyd (ဟားပတ်ဂ် လွိုက်ဒ်) နဲ့ Hong Kong က OOCL ကုမ္ပဏီတို့ကတော့ သူတို့ကုန်တင် သင်္ဘောတွေကို လမ်းကြောင်းပြောင်း ကုန်တင်ပို့မယ်လို့ ပြောပါတယ်။ အခုလို ဘေးကင်းတဲ့ လမ်းကြောင်းတွေ ပြောင်းပြီး ကုန်တင်ပို့ရတဲ့အတွက် ပို့ဆောင်ခ အဆမတန် မြင့်သွားပြီး ခရီးစဉ်တွေလည်း နှောင့်နှေးကြန့်ကြာရသလို အဝတ်အစားနဲ့ ကလေးကစားစရာပစ္စည်းတွေ၊ မော်တော်ကားအပိုပစ္စည်းတွေနဲ့ လောင်စာဆီဈေးတွေတက်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG