သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီအတွင်း နိုင်ငံတကာသင်္ဘောတွေသွားနိုင်ဖို့ ကန်ဦးဆောင်ပြီး လုံခြုံရေးတာဝန်ယူနေ


ယခင်မှတ်တမ်းရုပ်ပုံ | မြေထဲပင်လယ်ထဲမှာတွေ့ရတဲ့ အမေရိကန်ရေတပ်သ‌‌ေင်္ဘာ USS Carney (နိုဝင်ဘာ ၁၂၊ ၂၀၁၈)
ယခင်မှတ်တမ်းရုပ်ပုံ | မြေထဲပင်လယ်ထဲမှာတွေ့ရတဲ့ အမေရိကန်ရေတပ်သ‌‌ေင်္ဘာ USS Carney (နိုဝင်ဘာ ၁၂၊ ၂၀၁၈)

ပင်လယ်နီထဲမှာသွားလာနေတဲ့ နိုင်ငံတကာသင်္ဘောတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းရေတပ်ဖွဲ့ထဲမှာ နိုင်ငံတွေ ပိုပြီး ပါဝင်နေကြပါတယ်။ ဂရိဝန်ကြီးချုပ်ရဲ့ အမိန့်မေးချက်အရ ရေတပ်စစ်သင်္ဘောတစီး ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ ဂရိကာကွယ်ရေးဝန်ကြီးက ဒီနေ့ ကြေညာပါတယ်။

ကမ္ဘာမှာရေကြောင်းပို့ဆောင်ရေးသင်္ဘောလိုင်းတွေ အများအပြားရှိတဲ့ ဂရိနိုင်ငံအနေနဲ့ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ ပြဿနာကို ဖြေရှင်းတာက နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်တာဖြစ်တယ်လို့ ဝန်ကြီး Nikos Dendias က ပြောကြားခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ရေကြောင်းလုံခြုံရေးစစ်ဆင်ရေးမှာ ပါဝင်ဖို့ တပ်ဖွဲ့ဝင် ၁၁ ယောက်စေလွှတ်မယ်လို့ ဩစတေးလျကာကွယ်ရေးဝန်ကြီးကလည်း ပြောကြားခဲ့ပါတယ်။ ဘာရိန်းနိုင်ငံမှာအခြေစိုက်တဲ့ Operation Prosperity Guardian လို့နာမည်ပေးထားတဲ့ စစ်ဆင်ရေးဌာနချုပ်ဆီကို တပ်ဖွဲ့ဝင် ၁၁ ယောက်ကို ရှေ့နှစ်ဇန်နဝါရီလမှာ ပို့ဆောင်မယ်လို့ ကာကွယ်ရေးဝန်ကြီး Richard Marles က ဒီနေ့ပြောကြားခဲ့ပါတယ်။ အစောပိုင်းကလည်း တပ်ဖွဲ့ဝင် ၅ ယောက်ကို အဲဒီမှာတာဝန်ပေးထားပြီးဖြစ်ပါတယ်။ ဩစတေးလျနိုင်ငံအနေနဲ့ စစ်သင်္ဘောတွေ လေယာဉ်တွေတော့ ပို့ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ပင်လယ်နီထဲမှာ သွားလာနေတဲ့ ကုန်သင်္ဘောတွေ၊ ရေနံတင်သင်္ဘောတွေအပေါ် ရီမင်နိုင်ငံက ဟူသီသူပုန်တွေ အဝေးထိန်း Drone ယာဉ်တွေ၊ ပဲ့ထိန်းတပ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဒီရန်ကိုကာကွယ်ဖို့ အမေရိကန်ဦးဆောင်ပြီး နိုင်ငံတချို့က ရေတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့ ဖွဲ့လိုက်တယ်လို့ အမေရိကန်စစ်တပ်က ‌အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ စစ်တိုက်နေတဲ့ ပါလက်စတိုင်း ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ အီရန်ထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေက သင်္ဘောတွေအပေါ် တိုက်ခိုက်နေတာဖြစ်ပါတယ်။

ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးမှာ ၁၀ ရာခိုင်နှုန်းလောက် ကုန်သင်္ဘောတွေအသုံးပြုနေတဲ့ စူးအက် (Suez) တူးမြောင်းဆီဦးတည်တဲ့ ရေလမ်းကြောင်းနေရာမှာ တိုက်ခိုက်မှုတွေလုပ်နေတာကြောင့် သင်္ဘောလုပ်ငန်းတော်တော်များများ တခြားလမ်းကြောင်းတွေကို အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG