သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှု ၃၀ ကျော်သေ


ဖီလစ်ပိုင်တောင်ပိုင်းက Basilan ကမ်းခြေမှာတွေ့ရတဲ့ မီးလောင်သွားတဲ့ ကယ်ရီသင်္ဘော MV Lady Mary Joy (မတ် ၃၀၊ ၂၀၂၃)
ဖီလစ်ပိုင်တောင်ပိုင်းက Basilan ကမ်းခြေမှာတွေ့ရတဲ့ မီးလောင်သွားတဲ့ ကယ်ရီသင်္ဘော MV Lady Mary Joy (မတ် ၃၀၊ ၂၀၂၃)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်တင် ကူးတို့သင်္ဘော မီးလောင်လို့ သေဆုံးသူ အရေအတွက်ဟာ ၃၁ ယောက် ထက်မနည်းအထိ ရှိသွားပြီလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဒီကနေ့ ပြောပါတယ်။ ခရီးသည်နဲ့ ဝန်ထမ်း ၂၅၀ လောက်ပါတဲ့ ကူးတို့သင်္ဘော မနေ့ ဗုဒ္ဓဟူးနေ့ညက မီးလောင်ရာကနေ တချို့က မီးလောင်၊ တချို့က ရေနစ်သေဆုံးခဲ့ကြတာပါ။

MV Lady Mary Joy 3 ကူးတို့သင်္ဘော မီးလောင်ချိန်မှာ ကြောက်လန့်တကြား ရေထဲ ခုန်ချခဲ့ကြတဲ့ ခရီးသည်တွေကို ကမ်းခြေစောင့်တပ်တွေ၊ ရေတပ်၊ တခြား ကူးတို့သင်္ဘောတွေနဲ့ ဒေသတွင်း ငါးဖမ်းသမားတွေက ကယ်တင်ခဲ့တယ်လို့ ဖိလစ်ပိုင်တောင်ပိုင်း ကျွန်းဒေသ Basilan ခရိုင် အုပ်ချုပ်ရေးမှူး Jim Hataman က ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ခရီးသည် ၇ ယောက်ကို ဒီကနေ့ ရှာဖွေ ကယ်တင်ခဲ့တာပါ။ မီးလောင်နေတဲ့ သင်္ဘောကိုတော့ Basilan ကမ်းခြေကို ပြန်သယ်ယူလာခဲ့ပြီး ရိုးရိုးတန်း ခရီးသည်တွေ လိုက်ပါလာတဲ့နေရာမှာ နောက်ထပ် အလောင်း ၁၈ လောင်းကို ကမ်းခြေစောင့်တပ်တွေနဲ့ အာဏာပိုင်တွေက ထပ်မံ တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့အားလုံး မီးလောင် သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးမှူး Hataman က ပြောပါတယ်။

ဖီလစ်ပိုင်တောင်ပိုင်းက Basilan ကမ်းခြေမှာတွေ့ရတဲ့ မီးလောင်သွားတဲ့ ကယ်ရီသင်္ဘော MV Lady Mary Joy (မတ် ၃၀၊ ၂၀၂၃)
ဖီလစ်ပိုင်တောင်ပိုင်းက Basilan ကမ်းခြေမှာတွေ့ရတဲ့ မီးလောင်သွားတဲ့ ကယ်ရီသင်္ဘော MV Lady Mary Joy (မတ် ၃၀၊ ၂၀၂၃)

ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပြီး ကူးတို့သင်္ဘော မီးလောင်ရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းရှာဖွေနေဆဲပဲလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သေဆုံးသူတွေ ထပ်မံ တွေ့ရှိတာကို ကြည့်ရင် ခရီးသည် စာရင်းထဲမှာ မပါတဲ့ သူတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ ခရီးသည်တင် ကူးတို့သင်္ဘောဟာ တောင်ပိုင်း ဆိပ်ကမ်းမြို့ Zamboanga ကနေ Sulu ခရိုင်မှာရှိတဲ့ Jolo မြို့ကို အသွား ခရီးလမ်းတဝက် Basilan ခရိုင်ထဲမှာ ညသန်းခေါင်ချိန်မတိုင်ခင် မီးလောင်ခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG